Amour Collection

Amour Collection

Share

Photos from Amour Collection's post 23/07/2022

မျောက်ကျောက် (Monkeypox) ရောဂါလက္ခဏာများ —

မျောက်ကျောက်ရောဂါကူးစက်ပြန့်ပွားချိန်က (၆) ရက်မှ (၁၃) ရက်ဖြစ်ပြီး (၂၁) ရက်ထိအောင် ကြာမြင့်နိုင်ပါတယ်။
ရောဂါကူးစက်ချိန်ကို အချိန်ကာလာနှစ်ခု ပိုင်းခြားထားနိုင်ပါတယ်။

ပထမဆုံး (၅) ရက်အတွင်းမှာ
• ဖျားခြင်း၊
• ပြင်းထန်စွာ ခေါင်းကိုက်ခြင်း၊
• ပြန်ရည်အိတ် (lymph nodes)များ ရောင်ရမ်းခြင်း၊
• ခါးနာခြင်း၊
• ကြွက်သားများနာကျင်ကိုက်ခဲခြင်းနှင့် အားအင်ချိနဲ့ခြင်း
စသည်တို့ ခံစားရနိုင်ပါတယ်။
ပြန်ရည်အိတ် (lymph nodes) များ ရောင်ရမ်းလာခြင်းက အခြားသော ရေကျောက်၊ ဝက်သက်စသည့်ရောဂါများနှင့်
မတူ ကွဲပြားသည့် အချက်ဖြစ်ပါတယ်။

ဖျားပြီး (၁) ရက်ကနေ (၃) ရက်အတွင်းမှာ
• အရေပြားပေါ်မှာ အဖုတွေ စတင်ပေါ်ပေါက်လာပါတယ်။
• အနီစက်များဟာ ခန္ဓာကိုယ်ပေါ်ထက် မျက်နှာနှင့် ခြေလက်
များပေါ်မှာ ပိုပေါက်လာပါတယ်။
• အနီစက်များဟာ အရည်ကြည်များ၊ ပြည်များပါဝင်ပါတယ်။
• အနာတွေက အရေအတွက် အနည်းငယ်ကနေထောင်ပေါင်းများစွာအထိ ဖြစ်နိုင်ပါတယ်။
အနာများဟာ တစ်ခုနှင့်တစ်ခုပေါင်းစပ်သွားပြီးနောက် အရေပြားတွေဟာ ကွာကျလာနိုင်ပါတယ်။

မျောက်ကျောက်ရောဂါဟာ ကိုယ်ခံအားကျဆင်းသူတွေမှာ ဆိုးရွားတဲ့ ရလဒ်တွေ ဖြစ်လာနိုင်ပါတယ်။
ကျောက်ကြီးရောဂါကာကွယ်ဆေးများဟာ ယခင်က ကာကွယ်ပေးနိုင်သော်လည်း ယခုအခါမှာတော့ အသက် (၄၀) နှင့် (၅၀) နှစ်အောက် ငယ်ရွယ်သူများမှာ ပိုအဖြစ်များပါတယ်။

မျောက်ကျောက်ရောဂါနောက်ဆက်တွဲအနေဖြင့်
• အဆုတ်ရောင်ရောဂါ၊
• ပိုးဝင်ခြင်း၊
• ဦးနှောက်ရောင်ရောဂါ၊
• မျက်ကြည်လွှာပိုးဝင်ခြင်း စသည်တို့ ဖြစ်လာနိုင်ပါတယ်။

ရောဂါလက္ခဏာမပေါ်သည့် ပိုးဝင်ခြင်းများ ရှိလားဆိုတာကိုတော့ မသိရသေးပါဘူး။မျောက်ကျောက်ရောဂါကြောင့် သေဆုံးနှုန်းဟာ ကလေးငယ်တွေကြားမှာ ပိုမြင့်မားပါတယ်။ မကြာသေးခင်ကအထိတော့ (၃) ရာခိုင်နှုန်းကနေ (၆) ရာခိုင်နှုန်းအထိ ရှိပါတယ်။

ကျောက်ကြီးရောဂါကာကွယ်ဆေးဟာ မျောက်ကျောက်ရောဂါကို (၈၅) ရာခိုင်နှုန်း အထိ ကာကွယ်နိုင်ပါတယ်။ ယခင် ကာကွယ်ဆေးထိုးနှံထားသည့် အမှတ်အသားကတော့ လက်မောင်းပေါ်မှာ အမာရွတ်သေးသေးလေးကို တွေ့နိုင်ပါတယ်။ လက်ရှိမှာတော့ မူလကျောက်ကြီးကာကွယ်ဆေးများဟာ နောက်ထပ်မရနိုင်တော့ပါဘူး။ ကျောက်ကြီးရောဂါနှင့် မျောက်ကျောက်ရောဂါ ကာကွယ်ဆေးများကိုတော့ ဆက်လက်လုပ်ဆောင်နေပါတယ်။

ကြိုတင်ကာကွယ်ခြင်း
မျောက်ကျောက်ရောဂါနှင့် ပတ်သက်ပြီး ကြိုတင်ကာကွယ်မှုများ၊ ကြိုတင်ကာကွယ်ဖို့ ကာကွယ်ဆေးများ စသည့် လေ့လာမှုများကို ပြုလုပ်နေပါပြီ။ တစ်ချို့သော နိုင်ငံများမှာ ကျန်းမာရေးဝန်ထမ်းများ၊ ဓာတ်ခွဲခန်းဝန်ထမ်းများ၊ ကယ်ဆယ်ရေးဝန်ထမ်းများကဲ့သို့ ကူးစက်မှုအန္တရာယ်များတဲ့သူတွေကို ကာကွယ်ဆေးများ ထိုးနှံပေးနေပါပြီ။

လူအချင်းချင်းကူးစက်မှုကို လျှော့ချနိုင်စေရန်
• မျောက်ကျောက်ရောဂါဖြစ်ပွားလာလျှင် ရောဂါပိုးရှိသူနှင့်
အနီးကပ်မနေပါနှင့်။

• ကျန်းမာရေးဝန်ထမ်းများဟာ ကူးစက်ခံရနိုင်ချေ ပိုများပါတယ်။

ယခင်က ကျောက်ကြီးရောဂါ ကာကွယ်ဆေးထိုးနှံသူများသာလျှင် လူနာကို စောင့်ရှောက်သင့်ပါတယ်။

ကူးစက်မှု ဖြစ်နိုင်ချေရှိသည့် အရာအားလုံးကို သေချာစောင့်ကြည့်နေဖို့ အရေးကြီးပါတယ်။

တိရစ္ဆာန်မှတဆင့် လူကို ကူးစက်နိုင်ချေ လျှော့ချခြင်း
• တောရိုင်းတိရစ္ဆာန်များနှင့် ထိတွေ့ခြင်းကို ရှောင်ကြဉ်ရန်။

• ဖျားနာနေသော သို့မဟုတ် သေဆုံးပြီးသော အကောင်များ
ကို ကိုင်တွယ်ခြင်း ကို ရှောင်ကြဉ်ရန်။

• အသားများအားလုံး မကျက်တကျက် စားသုံးခြင်းကို
ရှောင်ကြဉ်ရပါမယ်။

• အသားတွေကို အစာမစားခင်မှာ သေချာကျက်အောင် ချက်ပြုတ်ပါ။

မျောက်ကျောက်ရောဂါနှင့် ကျောက်ကြီးရောဂါအကြား ဆက်စပ်မှုများကျောက်ကြီးရောဂါဟာ အလွယ်တကူကူးစက်နိုင်ပြီး လူနာသေဆုံးနှုန်းက (၃၀) ရာခိုင်နှုန်းထိ ရှိပါတယ်။ (၁၉၈၀) မှာ ကျောက်ကြီးရောဂါကို အမြစ်ဖျက်ချေမှုန်း နိုင်ပြီဟု ကြေညာထားပါတယ်။ ယခုအခါမှာ ကျောက်ကြီးရောဂါကာကွယ်ဆေး မထိုးထားသည့်နေရာများမှာ မျောက်ကျောက်ရောဂါပိုး ကူးစက် မှု ဖြစ်နိုင်ချေ ပိုများပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ်အနေဖြင့် မျောက်ကျောက်ရောဂါဖြစ်ပွားနိုင်သည့် နိုင်ငံများမှာ ကြိုတင်ပြင်ဆင်မှုများနှင့် တုံ့ပြန်မှုများနှင့် စောင့်ကြည့်နေမှုများကို ကူညီဆောင်ရွက်ပေးနေပါတယ်။ နောက်ထပ် အကြောင်းအရာများကိုလည်း ဆက်လက်ဖော်ပြပေးသွားပါမယ်။

Source — WHO

ပြန်လည်ကူးယူဖော်ပြပါသည်

Photos from Amour Collection's post 12/06/2022

01 Black - Instock ပါ ရှင်

30/05/2022

Crocs Outlet sales လေး
1st/2nd/3rd batch ပေါင်းပြီး 55ရံစာ ပို့ပြီးပါပြီ ရှင်
အားပေးသူအပေါင်း ကျေးဇူးတင်ပါတယ် 🤍🤍

4th batch က နောက် 10ရက်လောက်ဆို ရပါမယ်ရှင့်

Sales post 👇👇 Now - 33000
https://m.facebook.com/story.php?story_fbid=125651440083988&id=107956138520185

အခုထပ်မှာမယ်ဆို 33000 နဲ့ ရပါမယ်ရှင်
Pre-order 2-3 weeks ပါ
No prepaid ပါ

Want your business to be the top-listed Clothing Store in Yangon?
Click here to claim your Sponsored Listing.

Website

Address


Yangon