PMA Auto

PMA Auto

Share

04/11/2024

လွန်ခဲ့တဲ့ ၁၄ နှစ်လောက်က ကားပြင်တဲ့စာရင်းလေးတွေ့လို့. 🤩

စာအရဆိုရင်တော့ ဇုန်ကားတစီးဘဲ ..

အဲ့ခေါတ်တုန်းက ၁၀၀၀ ဆိုတာ အတော်တန်ဖိုးရှိခဲ့တာ

28/07/2024

Chevrolet Trax grade ခွဲနည်း....

Trax မှာ trim level 3 မျိုးရှိမယ်..
LS, LT, premier ဆိုပြီး

----
LS က base grade _ cruise control မပါသေးဘူး, leather seat ဖြစ်တယ်, lane depeture တို့ တခြား optional features တို့ဘာမှပါမလာသေးဘူး.. 16" alloy wheels နဲ့လာတယ်.. ခေါင်မိုးတန်းပါတာများတယ်..

LS ကိုမှ လုံးဝဘာမှမပါတဲ့ ဂတုံးရှိသေးတယ်..
သံဂွေနဲ့လာတယ်, TV မပါဘူး, leather seat မဖြစ်ဘူး, ရှမွိုင်းသားနဲ့, ခေါင်မိုးတန်းမပါဘူး, ဘက်မှန်မီးခြောက်မပါဘူး, တံခါးလက်ကိုင် နီကယ်လေးတွေမပါဘူး ..
--------–-
LT မှာ LT deluxe နဲ့ LT core ဆိုပြီးရှိမယ်...
>Deluxe မှာ seat motor ဖြစ်သွားမယ်, မီးကြီးထဲမှာ daylight မဖြစ်သေးဘူး, fog lamps အောက်မှာ daylight မီးတန်းနဲ့, alloy 16" (LS နဲ့ alloy အတူတူဘဲ)

>Core မှာကျ headlamps daylight နဲ့ဖြစ်သွားပြီး, seat motor ကျမပါတော့ပြန်ဘူး, alloy 17",

cruise control, TV (apple/android), leather seats, seat heater, steering heater တွေ LT grade မှာပါလာပြီ..

BSM, Lane depeture warning, TV, black logoတွေက optional ဘဲ...

(Deluxe နဲ့ Core မှာဆို အပြင်ရုပ်ထွက်အရ core ကပိုမြင့်တယ်ပြောလို့ရတယ် .. 17" alloy daylight နဲ့ရုပ်ထွက်ပိုလှတယ်ထင်ရလို့...)
-------
Premier_ အမြင့်ဆုံး trim ဘဲ _ alloy, နောက်မီး ကအစကြည့်လိုက်တာနဲ့ premier မှန်းသိသာစေမယ့် option နဲ့...

BSM, lane depeture တွေအပြင် Forward collision system တွေပါ optional နဲ့ပါတဲ့ကားပါလာပြီ...
-----
Ls, Lt, premier တွေအပြင်
Redline Edition ဆိုပြီး နောက်တမျိုးလာသေးတယ်
သူက LT Core နဲ့ trim level အတူတူဘဲ, korea sales တွေမှာ Lt Core Redline ဆိုပြီးလည်းရေးကြတယ်..
Alloy နဲ့ logo ဘဲကွာမယ် ...

alloy က black with red line strips အနီရောင်လိုင်းစင်းလေးနဲ့, black logo emblems နဲ့ ....
--
trax မှာ petrol , diesel အပြင် korea, US, Canada country origin တွေအပေါ်မူတည်ပြီး အနည်းငယ်ကွဲလွဲသွားတာလေးတွေရှိပါမယ်...

ဒီလောက်ဆိုရင်တော့ မြန်မာပြည်မှာ မြင်တွေ့နေရတဲ့ trax တွေရဲ့ grade တွေအကြောင်းခြုံငုံမိလောက်ပါပြီ..
ရေးဖို့မေ့ကျန်ခဲ့တာလည်းရှိပါအုန်းမယ်...

ကားတွေသွင်းလို့ရချိန်ကျရင်တော့ ကားတွေအများကြီးပြန်သွင်းပါအုန်းမယ်ဗျာ...

PMA

21/07/2024

ဒီနေ့ဝယ်ပြီး နောက်ရက်မြတ်နိုင်တယ်လို့ ယူဆရတဲ့အချိန်မှာ စျေးတက်နေမှာဖြစ်ပြီး ...
ဒီနေ့ဝယ်ပြီး နောက်ရက်ရှုံးသွားနိုင်တယ့်အခါမှာ စျေးတွေ ကျလာမှာပါဘဲ...

ရဟတ်ကြီးမပြတ်လည်နေအုန်းမှာပါ .... 🎡
Morning 🌧️

Want your business to be the top-listed Autos & Automotive Service in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


Yangon