Twenty8
We are nicely and kindness for every customer.
27/06/2021
ကျွန်တော်တို့ Twenty8 ဟာ ဆိုရင်တော့
ယခု June လ 30 ရက်နေ့က စပြီး
အစဥ်အမြဲ ဝယ်ယူအားပေးနေတဲ့
မိတ်ဟောင်းဆွေဟောင်းတွေကို ခေတ္တခဏ
ခွဲခွာသွားရတော့မှာပဲ ဖြစ်ပါတယ်။
ဒီဝမ်းနည်းစရာ သတင်းကို မပြောရအောင်
အဖက်ဖက်က ကြိုးစားခဲ့ပေမယ့်
အခက်အခဲတချို့ကြောင့် စိတ်မကောင်းစွာနဲ့ပဲ
ဒီလကုန်မှာ ပိတ်လိုက်ရတာ ဖြစ်ပါတယ်။
Twenty8 ကို မိတ်ဆွေတွေဆီ ဒီနှစ်အတွင်း
အမြန်ဆုံး ပြန်ရောက်လာနိုင်အောင်လည်း
ကျွန်တော်တို့က အစွမ်းကုန်ကြိုးစားနေမှာပါ။
အစဥ်အမြဲ အားပေးခဲ့ကြတဲ့ Customer တွေကို
ယခု ဒီပိုစ့်ကနေပဲ ကျေးဇူးစကားပြောရင်းနဲ့
နှုတ်ဆက်ပါရစေဗျာ။ မကြာမီမှာ ပြန်တွေ့ကြရအောင်နော်။
အားလုံးပဲ ဘေးကင်းလုံခြုံ ကြပါစေ။
25/05/2021
မဂ်လာပါကျွန်တော်တို့ Twenty 8စားသောက်ဆိုင်မှ
Special Menu တွေနဲ့မိတ်ဆက်ပေးပါရစေခင်ဗျာ။
အဲ့ဒါတွေကတော့....
(ကြက်ပျားရည်🍯) တစ်နေ့လုံး ကြက်သားနဲ့ ပျားရည် ကိုနှပ်ထားတဲ့အတွက်ကြောင့် စားကြည့်လိုက်မယ်ဆိုရင်တော့ ဘယ်ကြက်သား အရသာနဲ့မှ မတူတဲ့အရသာကိုခံစားရမှာဖြစ်ပါတယ်။
(ကြက်ပျားရည်ထမင်းကြော်🍯)ဆိုရင်လည်း ပျားရည်နဲ့ထမင်းကိုကြော်ထားပြီးကာလီမှုန့်အနံ့နှင့် အရသာ အသစ်အဆန်း တွေစားချင်တဲ့သူတွေအတွက်တော့ကြိုက်မိမှာအမှန်ပါ။
နောက်တစ်ခုကတော့ ဝက်သားကိုအရမ်းနူးအိနေအောင်ပေါင်းထားပြီးအရသာက မအီပဲနဲ့စိမ့်ပြီးချိုနေမဲ့
(ဝတ်လက်ပေါင်း🐷)ပဲဖြစ်ပါတယ်။
ကဲနောက်ဆုံးတစ်ခုက တော့ မိန်းကလေးတွေအတွက်ပိုပီးအကြိုက်ဖြစ်စေမယ့် ကြက်သားကို လီမွန် အရသာနဲ့တွဲဖက်စားသုံးလို့ရမှာဖြစ်ပြီး ချိုစိမ့်စိမ့်လေးပေးစွမ်းမဲ့ (ကြက်လီမွန်🐓)ပဲဖြစ်ပါတယ်။
*ကြက်ပျားရည် / ကြက်ပျားရည်ထမင်းကြော်
ဝက်လက်ပေါင်း / ကြက်လီမွန်*
ဒီဟင်း >လေးပွဲ< ကိုမှာယူမယ်ဆိုရင်တော့
#တစ်ရက်တော့အော်ဒါကြိုတင်မှာ
ပေးရပါမယ်ခင်ဗျာ #
လာပို့တဲ့အခါကျရင်လဲ ငွေသားနဲ့ရှင်းလို့ရတဲ့အပြင်
Cb pay / M ပိုက်ဆံ တို့နဲ့လဲ အိမ်ရောက်ငွေရှင်းစနစ်လေးပါ အဆင်ပြေအောင်လုပ်ပေးထားပါတယ်။
Twenty 8 ဆိုင်မှာ မှာစားလိုက်တာနဲ့တအားတွေ ထပ်စားချင်သွားမယ်လို့ အာမခံပါတယ်နော်😉
📞 Ph - 09409844692 / 09778372017 ကိုဆက်ပြီး မှာယူလို့ရပါတယ်။ Deli စျေးတွေကိုတော့ First Cmt
မှာရေးထားပါတယ်ခင်ဗျာ။
🙏ဟင်းပွဲစျေးနှုန်းလေးတွေကို ပုံတစ်ပုံချင်းစီအောက်မာရေးပေးထားပါတယ်ခင်ဗျာ🙏
19/02/2021
ကျွန်ုပ်တို့ Twenty8 စားသောက်ဆိုင်မှ ယခုလက်ရှိတွင် ဖြစ်ပေါ်နေသောအခြေအနေများအရ စားသုံးသူများနှင့် စားသောက်ကုန်များ လှူဒါန်းဝေမျှပေးနေသူများအတွက် ဆိုင်မှ ထမင်းကြော်၊ ခေါက်ဆွဲကြော်၊ ကြာဇံကြော် (ကြိုက်နှစ်သက်ရာ menuတစ်မျိုး)အား အနည်းဆုံး ပွဲ 30 မှစ၍ အများဆုံး ပွဲ 300 အထိ ဝယ်ယူအားပေးပါက တစ်ပွဲလျှင် 800 ကျပ်ဖြင့် သက်သက်သာသာ မှာယူရရှိနိုင်စေရန် စီစဥ်ပေးထားပါတယ်။
မှာယူလိုပါက ၁ရက်ကြိုတင်မှာယူပေးပါရန်သာ လိုအပ်ပြီး ညနေ ၆နာရီအထိ နောက်ဆုံးထား၍ ဖုန်းနံပါတ်
09-795438400, 09-778372017, 09-409844692 တို့ကိုဖုန်းဆက်ပြီး ကြိုတင်မှာယူနိုင်မှာပဲဖြစ်ပါတယ်။
စားသုံးသူ လူကြီးမိဘများ အားလုံး အန္တရာယ်ဘေးကင်းရှင်းကြစေရန် Twenty8 restaurant မှ အစဥ်အမြဲ ဆုမွန်ကောင်းတောင်းလျက်ရှိပါတယ်။🙏
Click here to claim your Sponsored Listing.
Category
Website
Address
No. 89, Yaykyaw Road, A Kyi Taw Ward
Yangon
11171
Opening Hours
| Tuesday | 10:00 - 21:00 |
| Wednesday | 10:00 - 21:00 |
| Thursday | 10:00 - 21:00 |
| Friday | 10:00 - 21:00 |
| Saturday | 10:00 - 21:00 |
| Sunday | 10:00 - 21:00 |