Basic Maritime Technology Knowledge Sharing

Basic Maritime Technology Knowledge Sharing

Share

06/10/2020

မင်္ဂလာပါ။
သင်္ဘောပေါ်မှာ Sewage plant ဆိုတာရှိပါတယ်။ Sewage system အမျိုးမျိုးရှိပြီး ဒီ post မှာတော့ Zero discharge system အကြောင်း sharing လုပ်သွားမှာဖြစ်ပါတယ်။ အရင်ဆုံး sewage ဆိုတာဘာလဲလေ့လာကြည့်ပါမယ်။
- Toilet တွေကလာတဲ့ Drainage တွေ waste တွေ
- သင်္ဘောရဲ့ ဆေးရုံအခန်းမှာရှိတဲ့ Basin တွေကနေလာတဲ့ Drainage တွေ
- တိရစ္ဆာန်တင်သင်္ဘောတွေမှာ ဆိုတိရစ္ဆာန် အညစ်အကြေးတွေ
- Drainage တွေနဲ့ရောသွားတဲ့ waste water တွေ
- Oxygen absorbing vacteria တွေပါဝင်တဲ့ sewage တွေဖြစ်ပါတယ်။

ဒီတော့ သင်္ဘောတစ်စီးပေါ်မှာရှိနေတဲ့ sewage တွေရဲ့ပြဿနာကိုဖြေရှင်းရန် Sewage plant ထားရခြင်းဖြစ်ပါတယ်။ Sewage နဲ့ပတ်သက်ပြီး IMO ရဲ့ MARPOL 73/78 မှာပါတဲ့ Annex IV အရ Regulation တွေထုတ်ပြီးကာကွယ်ထားပါတယ်။

Sewage treatment system တွေကတော့
- CHT system
- Vacuum system
- Biological sewage treatment system
- Chemical sewage treatment system or Zero discharge system တို့ဖြစ်ပါတယ်။

Zero discharge system အသုံးပြုရတဲ့အကြောင်းရင်းကတော့ တစ်ချို့နိုင်ငံတွေမှာ ဘယ်လို sewage မျိုးကိုမှလုံးဝ discharge လုပ်ခွင့်မပေးလို့ဖြစ်ပါတယ်။ Chemical နဲ့ sewage တွေဆို treatment လုပ်ပြီး sanitary water အဖြစ်ပါ ပြန်သုံးလို့ရတဲ့ system လည်းဖြစ်ပါတယ်။ Basin တွေ ရေချိုးခန်းကရေတွေကိုတော့ ဒီ system မှာမသုံးပါ။

Zero discharge system မှာဆိုရင်
အရင်ဆုံး toilet ကနေရေဆွဲချလိုက်တဲ့ sewage တွေကို seperating tank ထဲပို့ပြီး Solid နဲ့ liquid ခွဲလိုက်ပါတယ်။ Liquid တွေကို Treatment tank ထဲပို့ကာ Chlorine and Caustic compound တွေနဲ့ treatment လုပ်ပါတယ်။ ပြီးရင်တော့ filter ကိုဖြတ် Sanitary pump နဲ့ဆွဲပီး Sanitary water hydrophore tank ထဲပို့ပေးပါတယ်။ Hydrophore tank ကနေ ပြန်ယူပြီး toilet တွေမှာ flush လုပ်ဖို့ပြန်သုံးပါတယ်။ ဒါမှမဟုတ်ရင် Sea water or fresh water တစ်ခုခု ယူသုံးပါတယ်။ Filer ကိုဖြတ်တဲ့အချိန်မှာ ကျန်ခဲ့တဲ့ solid တွေကိုတော့ အောက်က Holding tank ထဲပို့ပါတယ်။ ဒီလို Liquid sewage ကိုပြန်သန့်စင်ပြီး သုံးတာကို Pneupress Arrangement လို့ခေါ်ပါတယ်။
Seperating tank ထဲမှာ ခွဲခြားခံလိုက်ရတဲ့ Solid တွေကို Caustic compund နဲ့ treatment လုပ်ပါတယ်။ ပြီးရင် Grinder pump နဲ့ဆွဲ ကြိတ်ပြီး holding tank ထဲပို့ပါတယ်။ Holding tank ရဲ့ Capacity က 2 Ltrs/Man/Day ဖြစ်ပါတယ်။ လူတစ်​ယောက်ကို တစ်ရက်မှာ 2 Ltrs ပဲသွားခိုင်းပါတယ် 😂 Holding tank ပြည့်ရင် Sullage tank ထဲ overflow ဖြစ်မှာဖြစ်ပြီး Prohibited area ရဲ့အပြင်ရောက်ရင်ရင် စွန့်ထုတ်လိုက်တာဖြစ်ဖြစ် shore ပို့တာဖြစ်ဖြစ်လုပ်ပါတယ်။ ဒါမှမဟုတ် incinerator နဲ့မီးရှို့ပါတယ်။

ဒီ system ရဲ့အားသာချက်တွေက
- Sewage တွေရဲ့ အနံ့တွေ appearance တွေက acceptable အနေအထားမှာရှိစေပါတယ်။
- Liquid sewage ကို Flush water အနေနဲ့ toilets ​တွေမှာပြန်သုံးလို့ရ​စေပါတယ်။
- Very short time မှာ start လုပ်လို့ရပါတယ်
- Sewage တွေကိုမြန်မြန်ဆန်ဆန် treatment လုပ်ပြီး discharge လုပ်လို့ရပါတယ်။

အားနည်းချက်တွေကတော့
- Chemical တွေကို ဆက်တိုက်သုံးနေရဖို့လိုပါတယ်။ Dosage လုပ်တာမမှန်ရင် အနံ့ထွက်တာတွေ Flush water မှာအရောင်ပြောင်းတာတွေရှိနိုင်ပါတယ်။ Tank နဲ့ pipe တွေ corrosion ဖြစ်နိုင်ပါတယ်။
- Chemical dosage rate ကို နေ့တိုင်း check လုပ်ရပါတယ်။

Zero discharge system ကတော့ဒီလောက်ပဲဖြစ်ပါတယ်။

23/07/2020

Air Compressor ဆိုတာ လေရဲ့ volume ကိုလျှော့ပြီး Pressure ကိုတိုးစေတဲ့ စက်ပစ္စည်းတစ်ခုဖြစ်ပါတယ်။
Air compressor တွေကိုအလုပ်လုပ်ပုံ ( working principle ) ​ပေါ်မူတည်ပြီးအုပ်စု၂ခုခွဲခြားလို့ရပါတယ်။
- Positive Displacement
- Dynamic ဆိုပြီးခွဲလို့ရပါတယ်။

Positive Displacement မှာမှ Reciprocating air compressor နဲ့ Rotary air compressor ဆိုပြီး ၂ မျိုးထပ်ခွဲပါတယ်။

Reciprocating air compressor မှာမှ single acting နဲ့ double acting ဆိုပြီးထပ်ခွဲပါတယ်။

Rotary air compressor မှာတော့အောက်ပါအမျိုးအစားတွေပါဝင်ပါတယ်။
- Helical-screw type
- Liquid ring type
- Scroll type
- Sliding vane type
- Lobe type air compressor တွေပါဝင်ပါတယ်။

Dynamic air compressor မှာတော့ Centrifugal နဲ့ Axial air compressor တွေပါဝင်ပါတယ်။

Air compressor တွေရဲ့ လေကိုဖိညှစ် ( compress) လုပ်တဲ့အဆင့် ( stage ) ပေါ်မူတည်ပြီး
Single stage, Double stage နဲ့ Multi- stage ဆိုပြီး ခွဲလို့ရပါတယ်။
Cooling method တွေကတော့ Air cooled, Water cooled နဲ့ Oil cooled တွေဖြစ်ပါတယ်။
Engine, Turbine, Motor, Steam တွေနဲ့ မောင်းနှင်ကြပါတယ်။
Air compressor တွေရဲ့ service pressure ကိုလိုက်ပြီး low, medium နဲ့ high pressure ဆိုပြီးခွဲခြားလို့ရပါတယ်။
Lubrication method တွေကိုတော့ splash lubrication နဲ့ forced lubrication ၂မျိုးခွဲလို့ရပါတယ်။ Oil-free lubrication လည်းရှိပါတယ်။

သင်္ဘောပေါ်မှာ Reciprocating air compressor ကအသုံးအများဆုံးဖြစ်ပြီး screw type နဲ့ vane type တွေကိုလည်း compressor အသေးတွေမှာသုံးပါတယ်။

Reciprocaitng air compressor မှာ single stage, double stage နဲ့ multi stage ဆိုပြီးရှိပါတယ်။ Labyrinth sealed type နဲ့ Diaphragm type လည်းရှိပါတယ်။

Single stage ဆိုတာ လေကို တစ်ခါပဲ compress လုပ်ပြီး အအေးခံကာ air bottle ထဲပို့ခြင်းဖြစ်ပါတယ်။

Double stage ဆိုတာ ကတော့ ​လေကို ၂ခါ compress လုပ်တာဖြစ်ပါတယ်။ ပထမ Piston ကနေ compress လုပ်လိုက်တဲ့လေကို Intercooler ကိုဖြတ်ပြီးအအေးခံပါတယ်။ ပြီးရင်နောက်ထပ် Piston ကထပ် compress လုပ်ပြီး Aftercooler ကိုဖြတ်ပြီးအအေးခံပါတယ်။ ပြီးရင် air bottle ထဲပို့ပါတယ်။

ပထမ piston ကနေ compress လုပ်ပြီးချိန်မှာ လေက 5 bar, 135°C လောက်ရှိပါတယ်။
ပြီးရင်တော့ compressed air က Intercooler ကိုဖြတ်ရပါတယ်။Intercooler ကိုလာတဲ့လမ်းကြောင်းမှာ Pressure Gauge, Relief valve နဲ့ Thermometer တွေတပ်ဆင်ထားပါတယ်။လေက Intercooler ရဲ့ Tube တွေထဲကိုဖြတ်သွားမှာဖြစ်ပြီး ရေနဲ့အအေးခံပါတယ်။ Intercooler က Single pass type ပါ။ Intercooler ရဲ့shellမှာ cooler ရဲ့ tube ပေါက်ရင်ဖိအားလျှော့ချဖို့ bursting disc တပ်ဆင်ထားပါတယ်။ Bursting disc နေရာမှာ Relief valve တပ်လို့မရပါဘူး။ Relief valve က setting pressure ( 10% above working pressure) မှာပွင့်ပြီး pressure ပြန်ကျသွားရင်ပြန်ပိတ်သွားတာကြောင့် tube ပေါက်တာကိုမသိနိုင်တော့ပါ။ Intercooler ကပြန်ထွက်ချိန်မှာတော့ လေက 5 bar, 35°C ဖြစ်သွားပါတယ်။ အဲ့အထိက First Stage ( Low Pressure Stage) ပါ။

ပြီးရင်တော့​လေက ဒုတိယ cylinder ( Second stage/High pressure stage) ထဲကိုဝင်ပါတယ်။ ဒုတိယ Piston နဲ့ compress လုပ်ပါတယ်။ လေက 25 to 30 bar( maximum 35 bar) နဲ့ 135 to 140°C လောက်ဖြစ်သွားပါတယ်။ ပြီးရင် Pressure gauge, Relief valve, Thermometer တပ်ဆင်ထားတဲ့လမ်းကြောင်းကနေ After cooler ထဲဝင်ပါတယ်။ Double pass type ပါ။ Atercooler မှာထပ်အအေးခံပါတယ်။ Cooler 2ခုလုံးမှာ လေထဲမှာပါလာတဲ့ Condensated water နဲ့ Oil emulsion ကို​ဖောက်ထုတ်ရန် Drain valves များတပ်ဆင်ထားပါတယ်။ Drain valve 2 ခုရဲ့ Pipe line တွေကို Automatic unloader နဲ့ဆက်ထားပါတယ်။ Unloader ရဲ့တာဝန်ကတော့ Low pressure stage နဲ့ High pressure stage ရဲ့ delivery line ​တွေက Pressurized air တွေကိုလျှော့ချပြီး motor ရဲ့ starting torque ကို​လျှော့ချပေးပါတယ်။ Compressor စစနှိုးမယ်ဆို compressor rated speed ရသည်အထိ Unloader ကိုဖွင့်ထားရပါတယ်။ Electrically or Pneumatically အလုပ်လုပ်ပါတယ်။ Atercooler ကထွက်ချိန်မှာတော့ 20 to 30 or 35 bar, 35°C ရှိတဲ့ compressed air ဖြစ်သွားပါပြီ။ Aftercoolerအထွက်မှာ Fusible plug, Thermometer တွေတပ်ဆင်ထားပါတယ်။ Relief valve မတပ်ရင် fusible plug တပ်ရပါတယ်။ Compressed air Temperature က Aftercooler အထွက်မှာ 104 or 105°C ဖြစ်နေရင် Fusible plug ပျော်ကျပြီး Pressure လျှော့ပေးပါတယ်။ Fusible plug ကို air bottle မှာလည်းတပ်ဆင်ထားပါတယ်။
ပြီးရင်တော့ Discharge valve နဲ့ compressed air ကို Air bottle သို့ပို့ပါတယ်။ Pipe Line မှာ High temperature sensor alarm လည်းတပ်ထားပါတယ်။ Air bottle သို့ Charging valve ကနေဝင်ပါတယ်။ Air bottle မှာ Relief valve, Pressure gauge, Drain valve, Fusible plug, Atmospheric relief valve တွေတပ်ဆင်ထားပါတယ်။ Safety regulation အရ Air bottle ထဲကိုလေအပြည့်ဖြည့်ပြီးရင် လေ ပြန်ဖြည့်စရာမလိုပဲနဲ့ Direct reversible engine ဆိုရင် အရှေ့ ၆ခါ အနောက် ၆ခါ Main engine က Reversible engine မဟုတ်ရင် စုစုပေါင်း ၆ခါနှိုးနိုင်ရပါမယ်။

Air compressor ရဲ့ Volumetric efficiency

Volumetric
Efficiency=Volume of air discharge as free air/Swept volume of LP piston

Bumping clearance
Piston TDC ရောက်ချိန် piston ထိပ်နှင့် cylinder cover ကြားအကွာအဝေးဖြစ်ပါတယ်။ Piston နှင့် Cylinder head မတိုက်မိစေရန်ထားထားခြင်းဖြစ်ပါတယ်။

အထက်မှာပြောခဲ့တာက Single acting compressor မှာမှ Single stage နဲ့ 2 stage compressor တွေဖြစ်ပါတယ်။ ပိုများတဲ့ output pressure လိုချင်ရင် multi stage compressor တွေသုံးပါတယ်။

Double acting compressor ကတော့ piston တစ်လုံးတည်းနဲ့ Low pressure ရော High pressure stage ကိုလုပ်ပေးပါတယ်။ လေကို air filter ကနေဖြတ်ပြီး Cylinder ထဲကိုဆွဲယူပါတယ်။ Piston အပေါ်တက် လေကို compress လုပ်ပြီး Intercooler ထဲပို့အအေးခံပါတယ်။ Intercooler ကထွက်လာတဲ့လေက Piston အောက်ပိုင်းနေရာကိုဝင်ယူပါတယ်။ Piston က TDC ကနေ BDC ကိုပြန်ဆင်းလာတော့ နေရာယူထားတဲ့လေကို Compress ထပ်လုပ်ပြီး Aftercooler ထဲပို့ပါတယ်။ ပြီးရင် Air bottle ကိုသွားပါတယ်။ Piston ရဲ့ Up stroke ရော Down stroke ရောမှာ လေကို compress လုပ်တာဖြစ်ပါတယ်။

Single acting reicprocating air compressor type တွေကတော့
- Vertical type
- V type
- W type
- Stepped piston ( 2 stage) တို့ဖြစ်ပါတယ်။

Double acting reciprocating air compressor type တွေကတော့
- Inline
- L type
- V type
- W type
- Boxer type
- Horizontal stepped piston တို့ဖြစ်ပါတယ်။

Want your school to be the top-listed School/college in Yangon?
Click here to claim your Sponsored Listing.

Category

Website

Address


Yangon