Lai Lai Kitchen
16/05/2026
Thank You Note!
ဒေသထွက်ကုန်ဆိုင်လေး ဖွင့်တာ ဒီနေ့ဆိုရင် တစ်လပြည့်ပါပြီ။
အကြွားလေးတစ်ဖြတ်နဲ့ ဂုဏ်ဆာရမယ်ဆိုရင်
မင်မင်တို့မှာ အရမ်းကို အားကိုးရတဲ့ သူငယ်ချင်းတွေ အစ်ကို အစ်မတွေ ဆိုတဲ့ တန်ဖိုးမဖြတ်နိုင်တဲ့ အရင်းနှီးကြီးတွေ ရှိလို့ ဒီဆိုင်လေးကို စိတ်ကူးပေါ် အကောင်ထည်ဖော်နိုင်ခဲ့တာပါ။
ရှမ်းပြည်နယ်ဇာတိဖြစ်ပေမယ့် နှစ် ၂၀ ကျော်လောက်ဝေးကွာ အဆက်ပြတ် နေတဲ့ မင်မင်တို့ကို ဒေသန္တရ ဗဟုသုဝကြွယ်ပြီး အရမ်းကို ကူညီတတ်တဲ့ (အချိန်မရွေးကူညီပေးတဲ့)
အန်တီအေးနဲ့ အန်ကယ် ဦးသောင်းထွန်း တို့လို ထမင်းလည်းကျွေး ပစ္စည်းကောင်းလေးတွေ လည်းပြောပြပေး ပစ္စည်း နမူနာထုတ်တွေ ကအစ လက်ဆောင်ပေးရုံတင်မက ရင်းနီးမြုပ်နှံမှု ပိုင်းအတွက် potential တွေ risk တွေ အစ အောင်ပန်း မြို့ရဲ့ insight တွေကို သင်ပြပြောပြပေးတဲ့ အတိုင်ပင်ခံ experts တွေရှိပါတယ်။
ကြက်သွန်ပွဲရုံကသူဌေးတွေက အစ ပလိုင်းရောင်းတဲ့စျေးသယ်တွေအဆုံး ရှိန်ကြ လေးစားကြတဲ့ သူငယ်ချင်းအရင်းခေါက်ခေါက် ဆရာမကြီး ဝတ်ရည် လဲရှိလို့ ဝယ်ရ ပြုရ ပစ္စည်းရှာရလွယ် စျေးမှန်ရပါတယ်။
အရမ်းထက်မြတ်တဲ့ နှစ်ထပ်ကွမ်း (ကျန်းမာရေး/ပညာရေး) ဆရာမကြီး ဆိုတော့တစ်မြို့လုံးနဲ့မကင်းတော့ စျေးမစစ်ခင် ကိုလျော့ပေးနေကြတာပါ။
လဲချားနဲ့ တောင်ကြီးထွက်ကုန်တွေအတွက် နိုက်နိုက်ချွတ်ချွတ် စေ့စေ့စပ်စပ် လိုက်လုပ်ပေးတတ်တဲ့ မမအိလေး တို့လို အစ်မတွေရှိလို့ အားရှိရပါတယ်။
ပို့ကုန်တွေ delivery တွေပါ စိတ်ရှည်လက်ရှည်ချိတ်ဆက်ပေးတဲ့ရန်အောင်စတိုးမိသားစု တောင်ကြီးရောက်တိုင်း နေဖို့တည်းဖို့ စီစဉ်ပေးတဲ့ ဦးသောင်း+မဥမ္မာ တို့တွေက အမာခံ supporter တွေပါ။
တောင်ငူ / သံတောင်ထွက်တွေဆိုရင် ဟိုးအရင်နှစ်တွေကတည်းက အားရပါးရ လက်ဆောင်ပို့ပေးတတ်တဲ့ သူငယ်ချင်း နော်စဲ လည်းရှိလို့ ဆိုင်မဖွင့်ခင် ကတည်းက ကုန်ကြမ်း market ကအဆင်သင့်ပါ။
နှနွင်းအစစ်၊ ပျားရည်အစစ်၊ ကော်ဖီအစစ်၊ ငရုပ်ကောင်းအစစ်၊ 100% organic အသီးဆိုပြီး မင်းကွတ်သီးတွေ ဒူးရင်းသီးတွေ ပါမကျန် စိတိရှည် လက်ရှည် ပို့နေကြ သဘောကောင်းတဲ့အိမ်ရှင်မကြီးပါ။
မေတ္တာဖြင့်ကူညီပေးတဲ့ Procument Officer, Supply chain manager ကြီးတွေဖြစ်တဲ့
-အန်တီအေး နဲ့ အန်ကယ်
-စတုန်း၊ ဇီဇီ တို့နဲ့ မေမေ ဝတ်ရည်
-အမိုးနော်စဲ
-မအိလေး
-ဦးသောင်း+မဥမ္မာ
-ကိုစိုးငွေ+လှိုင်း
-ဘဘနဲ့ မနီ
တို့အားလုံး ကို The Native Mart မိသားစုက ကျေးဇူးအများကြီးတင်ရပါတယ်။
Click here to claim your Sponsored Listing.
Category
Contact the restaurant
Telephone
Website
Address
Lai Lai Kitchen, Terminal M, No. 196, Mingalardon Township
Yangon
11021
Opening Hours
| Monday | 09:00 - 19:00 |
| Tuesday | 09:00 - 19:00 |
| Wednesday | 09:00 - 19:00 |
| Thursday | 09:00 - 19:00 |
| Friday | 09:00 - 19:00 |
| Saturday | 09:00 - 19:30 |
| Sunday | 09:00 - 19:30 |