M Y Learning

M Y Learning

Share

27/03/2023

အသေးစားလုပ်ငန်းရှင်များနှင့် HR

အလုပ်ရှင်ဟူသည် မိမိအကျိုးစီးပွားနှင့် ဝန်ထမ်းများအတွက် တစိတ်တစ်ပိုင်း ထောက်ပံ့ပေးသည့် လူများဟု သုံးသပ်ထင်မြင်မိသကဲ့သို့ HR ဌာနမှ ဝန်ထမ်းများမှလည်း လုပ်ငန်းနှင့် ဝန်ထမ်းများကြား ပေါင်းကူးဆက်သွယ်ပေးသည့် လူများဟု သတ်မှတ် မှတ်ယူခဲ့ကြပါတယ်။

အလုပ်ရှင်ဟုဆိုရာတွင်....

အလုပ်ရှင်တိုင်းသည် မိမိ စိတ်ကူးစိတ်သန်း ရည်မှန်းချက်များ လုပ်ငန်းအောင်မြင် တိုးတက်ရန်နှင့် မိမိအလုပ်တွင် တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းများကို တိုးတက် အောင်မြင်သူများ အဖြစ် မြင်ချင်ကြသူများဟု ယုံကြည်မိပါသည်။
တစ်ချို့ တစ်ချို့သော လုပ်ငန်းရှင်များမှာ ဥပဒေ စည်းမျဥ်းများကို နားလည်သိရှိပါလျှက် ငါလက်အောက်က ဝန်ထမ်းတွေကို ငါပေးထားတဲ့ လစာနဲ့ ငါစိတ်ကြိုက်စီမံခန့်ခွဲလို့ရတယ်လို့ တွေးထင်ကြသလို.....

HR ဝန်ထမ်းများဟုဆိုရာတွင်....

လုပ်ငန်းနဲ့ အလုပ်သမားများကြား မိမိရဲ့ တတ်ကျွမ်းတဲ့ ပညာ၊ အသိဥာဏ်နဲ့အတူ အကောင်းဆုံး ညှိနှိုင်းပေးပြီး လုပ်ငန်းနှင့် ဝန်ထမ်းများ တိုးတက်အောင် ကူညီလုပ်ဆောင်ရမယ်ဆိုတာ သိပေမဲ့ သူဌေးနဲ့ ခင်တဲ့ ဝန်ထမ်း မိမိနဲ့ခင်တဲ့ ဝန်ထမ်းဆို ဘယ်လို အခွင့်အရေးပေးမယ် ခွင့်ပြုမယ်ဆိုတဲ့ အတွေးတွေနဲ့ ရှင်သန်ရင်း မိမိရာထူး တည်မြဲဖို့ Professional မဆန်တဲ့ HR နဲ့ တွေ့ရသောအခါ ......

အလုပ်ရှင်၊ HR နှင့် ဝန်ထမ်းများပါ မိမိလုပ်ငန်း တိုးတက်အောင်မြင်ရန်နှင့် စွမ်းဆောင်ရည်မြင့် ဝန်ထမ်းများအား အလုပ်ရှင်၊ HR များမှ မှန်ကန်စွာ ရွေးချယ်ခန့်ထား ချီးမြှောက်ရန် လိုအပ်ပါတယ်လို့ သုံးသပ်ရင်း။






Aung

Want your school to be the top-listed School/college in Yangon?
Click here to claim your Sponsored Listing.

Website

Address


South Oakkalapa Township
Yangon
11091