Carry Plus
တန်ဖိုးရှိသောပစ္စည်းများ၊မူးယစ်ဆေးဝါး/ဆေးဝါးများ၊လက်နက်ခဲယမ်းများ၊တရားမဝင်သောပစ္စည်းများကို ဝန်ဆောင်မူမပေးပါ
14/04/2025
ကြက်သွန်နီကို အစိမ်းစား ခြင်းရဲ့ ကျန်းမာရေး အကျိုးကျေးဇူး
ကြက်သွန်နီကို ချက်ပြုတ် ကြော်လှော်ပြီး စားတာက အတော်လေးကို အရသာ တိုးစေနိုင်ပါတယ်။ ဒီလိုပဲ ကြက်သွန်နီကို အစိမ်းစား တာကလည်း ကျန်းမာရေး အကျိုးကျေးဇူး ရနိုင်ပါတယ်။
ဓာတ်တိုးဆန့်ကျင်ပစ္စည်း ကြွယ်ဝတယ်
ကြက်သွန်နီက ဓာတ်တိုးဆန့်ကျင်ပစ္စည်း ကြွယ်ဝတယ်လို့ နာမည်ကြီးတဲ့ မီးဖိုချောင် ပစ္စည်းတစ်မျိုးပါ။ ကြက်သွန်နီမှာ ဓာတ်တိုးပစ္စည်းတွေကြောင့် ဆဲလ်တွေ ပျက်စီးတာကို ကာကွယ်ပေးနိုင်တဲ့ ဖလေဗာနွိုက်နဲ့ phenolic ဒြပ်ပေါင်းတွေ ပါဝင်နေပါတယ်။ ဒါကြောင့် ဓာတ်တိုးပစ္စည်းတွေကြောင့် ကင်ဆာနဲ့ နှလုံးရောဂါ အပါအဝင် နာတာရှည် ကျန်းမာရေး ပြဿနာတွေ မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။
နှလုံးသွေးကြောဆိုင်ရာရောဂါ ဖြစ်နိုင်ခြေ လျော့ချပေးနိုင်တယ်
ကြက်သွန်နီ အစိမ်းမှာပါတဲ့ quercetin လို့ခေါ်တဲ့ ဒြပ်ပေါင်းက သွေးတိုးကျစေသလို အရောင်ကျစေနိုင်ပါတယ်။ ဒါကြောင့် နှလုံးသွေးကြောဆိုင်ရာ ကျန်းမာရေးကို ကောင်းမွန်စေပြီး သွေးခဲတာ သွေးကြောထဲမှာ အဆီစုပုံတာတွေလိုမျိုး နှလုံးသွေးကြောတွေကို ထိခိုက်စေနိုင်တဲ့ အခြေအနေတွေကို ကာကွယ်ပေးပါတယ်။
အစာခြေစနစ် ကျန်းမာစေတယ်
ကြက်သွန်နီ အစိမ်းမှာ အမျှင်ဓာတ် ကြွယ်ဝစွာ ပါဝင်နေတာက အစာခြေစနစ်ကို ကျန်းမာစေပြီး ဝမ်းမှန်စေဖို့ရော အစာမကြေတာမျိုးတွေ မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ ဒါကြောင့် ဝမ်းချုပ်တာမျိုး ကင်းစေပြီး အူမကြီးကို ကျန်းမာစေဖို့ပါ ထောက်ကူပေးနိုင်ပါတယ်။
ကိုယ်ခံအား ကောင်းစေနိုင်တယ်
ကြက်သွန်နီမှာ ဗီတာမင် C ပါဝင်နေတာကြောင့် ကိုယ်ခံအား ကောင်းစေပြီး သွေးဖြူဥဆဲလ်တွေ ထုတ်လုပ်မှုကို တိုးမြှင့်ပေးနိုင်ပါတယ်။ အအေးမိ ဖျားနာတာတွေကို သက်သာစေနိုင်သလို အခြားသော အသက်ရှူလမ်းကြောင်း ဆိုင်ရာ ကျန်းမာရေး ပြဿနာတွေ မဖြစ်စေဖို့လည်း ကာကွယ်ပေးနိုင်ပါတယ်။
14/04/2025
ချင်း(ဂျင်း)ထည့်ခြင်း ရဲ့ ကျန်းမာရေးအကျိုးကျေးဇူးများ
ချင်း(ဂျင်း) အဆီက အခုလို ကျန်းမာရေး အကျိုးကျေးဇူးတွေ ရရှိစေနိုင်ပါတယ်။
၁။ ဝမ်းတွင်းပြဿနာတွေကို သက်သာစေတယ်
ချင်းနဲ့ ချင်းအဆီကို လေထိုးလေအောင့်၊ဗိုက်အောင့််ခြင်းများအတွက် သုံးတတ်ကြပါတယ်။ အစာမကြေခြင်း၊ ဗိုက်အောင့်ခြင်း၊ လေထိုးလေအောင့်၊ဝမ်းလျှောခြင်း၊လေပွခြင်း၊စတဲ့ အစာအိမ်နဲ့အူလမ်းကြောင်းပြဿနာတွေ အတွက် ဆေးတစ်လက်ဖြစ်ပါတယ်။ ချင်းလက်ဖက်ရည်ကိုလည်း သည်ရောဂါတွေအတွက်သုံးလေ့ရှိတဲ့အပြင် ချင်းအဆီက အစာစားချင်စိတ်ဖြစ်လာအောင်အားပေးတဲ့အတွက် ကိုယ်အလေးချိန်တိုးလိုသူတွေ၊ခံတွင်းပျက်နေ သူတွေအတွက် အကျိုးရှိစေနိုင်ပါတယ်။
၂။ အစာအဆိပ်သင့်ခြင်းကို ကုသနိုင်တယ်
ချင်းဟာ ပိုးတွေကိုသေစေပြီး လေကိုကြေစေတဲ့ဓာတ်စာဖြစ်ပါတယ်။ အစာအဆိပ်သင့်ခြင်းကို ကုသရာမှာ အသုံးပြုနိုင်ပြီး အူလမ်းကြောင်းရောဂါတွေ၊ ဘက်တီးရီးယားကြောင့်ဖြစ်တဲ့ဝမ်းကိုက်ခြင်းကို ကုသနိုင်ပါတယ်။
၃။ မအီမသာဖြစ်ခြင်းကိုသက်သာစေတယ်
ချင်းနဲ့ ချင်းအဆီက မအီမသာဖြစ်ခြင်း၊ ခရီးပန်းမူးဝေခြင်းနဲ့ ပျို့အန်ခြင်းတွေအတွက် ထိရောက်မှုရှိကြောင်း သုတေသနတွေကဖော်ပြခဲ့ပြီးဖြစ်ပါတယ်။ အမျိုးသမီးတွေ ကိုယ်ဝန်ကြောင့်ပျို့အန်ခြင်းသက်သာလျောပါးစေဖို့ အတွက်လည်း ချင်းကိုသုံးကြပါတယ်။
၄။ ငှက်ဖျားကာကွယ်တယ်
ချင်းနဲ့ချင်းအဆီက ကိုယ်ခံအားကိုကောင်းစေလို့ yellow fever နဲ့ ငှက်ဖျားတို့ကိုလည်း ကာကွယ်နိုင်ပါတယ်။
၅။ အသက်ရှူလမ်းကြောင်းရောဂါတွေကို ကုသနိုင်တယ်
ချင်းနဲ့ချင်းအဆီတို့ဟာ သလိပ်ပျော်ဆေးတွေလိုအစွမ်းထက်တာကြောင့် ချောင်းဆိုး၊ရင်ကျပ်၊တုပ်ကွေး၊ ပန်းနာ၊ လေပြွန်ရောင်ခြင်းနဲ့ အသက်ရှူရခက်ခြင်းတို့လို အသက်ရှူလမ်းကြောင်းဝေဒနာတွေကို ကုသပေးနိုင်ပါတယ်။ ချင်းက လည်ချောင်းနဲ့အဆုတ်ထဲက ချွဲသလိပ်တွေကိုဖယ်ရှားပေးတဲ့နေရာမှာ ထိရောက်လှတာကြောင့် အိန္ဒိယမှာ ရေနွေးကြမ်းထဲထည့်သောက်တတ်ကြပါတယ်။ ပျားရည်နဲ့ချင်း ရောစပ်လိုက်တဲ့ဆေးဖက်ဝင်အာနိသင်က အသက်ရှူလမ်းကြောင်းရောဂါတွေကုသရာမှာအစွမ်းထက်ပါတယ်။
၆။ ရောင်ရမ်းမှုကိုလျော့စေတယ်
ချင်းရဲ့အရောင်ကျစေတဲ့အာနိသင်ကြောင့် အဆစ်ရောင်ရောဂါ၊ လေးဖက်နာဝေဒနာများ၊ ခေါင်းကိုက်ခြင်းနဲ့ ခေါင်းတစ်ခြမ်းကိုက်ခြင်းတို့မှာ ရောင်ရမ်းမှုနဲ့နာကျင်ကိုက်ခဲမှုသက်သာစေနိုင်ပါတယ်။
ချင်းအဆီ သို့မဟုတ် ချင်းအနှစ်ကို နာကျင်နေတဲ့ကြွက်သားပေါ်မှာ လိမ်းပေးရင် သက်သာစေနိုင်ပါတယ်။
၇။ အမျိုးသမီးများ ရာသီလာစဉ်ပြဿနာများကိုသက်သာစေနိုင်တယ်
ဓမ္မတာမမှန်ခြင်း၊ ရာသီလာစဉ် ကိုက်ခဲခြင်းတို့ကို ချင်းက သက်သာစေနိုင်ပါတယ်။ ချင်းရေနွေးကြမ်း၊ ချင်းပြုတ်ရည်၊ ချင်းထည့်ထားတဲ့ ဟင်းရည်တို့ကို သောက်လို့ရတယ်။
၈။ နှလုံးကျန်းမာစေတယ်
တရုတ်ပြည်မှာဆိုရင် ချင်းက နှလုံးကျန်းမာရေးကို အားကောင်းစေတယ်လို့ယုံကြည်ကြပါတယ်။ သုတေသနတွေအရ ချင်းဟာ သွေးတွင်းကိုလက်စထရောကိုကျစေပြီး သွေးခဲဖြစ်ပေါ်ခြင်းကိုကာကွယ်ပေး တယ်လို့ဖော်ပြကြပါတယ်။ သည်လိုကာကွယ်ပေးခြင်းအားဖြင့် သွေးကြောပိတ်ဆို့ခြင်းဖြစ်နိုင်ခြေကို လျော့နည်းစေတဲ့အတွက် နှလုံးရုတ်တရက်ခေတ္တရပ်ခြင်းနဲ့ လေဖြတ်ခြင်းအန္တရာယ်တွေနည်းသွားစေမှာဖြစ် ပါတယ်။
၉။ ပန်းသေခြင်းကို ကုသနိုင်တယ်
ချင်းဟာ အမျိုးသားကျန်းမာရေးအတွက်လည်း အသုံးဝင်ပါတယ်။ ချင်းနဲ့ချင်းအဆီတို့က သည်ဘက်မှာ သဘာဝအားတိုးဆေးအာနိသင်ရှိတာကြောင့် ပန်းသေပန်းညှိုးဖြစ်ခြင်း၊ သုက်လွှတ်မြန်ခြင်းတို့အတွက် အစွမ်းထက်တယ်လို့ဆိုပါတယ်။
၁၀။ ကျောက်ကပ်ကျောက်ကို ကြေစေတယ်
ချင်းဖျော်ရည်၊ ချင်းရေနွေးကြမ်းက ကျောက်ကပ်ကျောက်ကိုကြေစေနိုင်တယ်လို့လည်း ယူဆကြပါတယ်။
၁၁။ ဆံသားကျန်းမာရေး
ချင်းဟာ ဆံသားကျန်းမာရေးအတွက်လည်းကောင်းပါတယ်။ ချင်းရည်က ဗောက်ပျောက်စေနိုင်ပါတယ်။
၁၂။ ကင်ဆာကာကွယ်နိုင်တယ်
American Cancer Society အရ ချင်းက ကင်ဆာကိုကုသရာမှာအသုံးဝင်နိုင်တယ်လို့ ကနဦးသုတေသနတွေက ဖော်ပြခဲ့ပါတယ်။
ချင်းအဆီကို သံပရာ၊သံပရို၊ယူကလစ်၊ရို့စ်မေရီ၊လိမ္မော်သီးတို့အပါအဝင် တခြားအဆီတွေနဲ့လည်း ရောသုံးနိုင်ပါတယ်။
ကဲ …..ချင်း(ဂျင်း)ထည့်ခြင်း ရဲ့ အကျိုးကျေးဇူးတွေကို သိပြီဟုတ်။
Click here to claim your Sponsored Listing.
Category
Website
Address
Dagon
Yangon
11191