Diamond Digital Tech
30/11/2024
သိပ်တော်နေတယ်ဆိုရင်
ဘာလို့ဆင်းရဲနေသေးတာလဲ
ဒီမေးခွန်းကို ကျနော့်ကို
စာသင်ပေးတဲ့ ဆရာ/ ဆရာမ အချို့ကို
မေးကြည့်ခဲ့ဖူးတယ်
အဖြေတွေထဲက ကျနော်အကြိုက်ဆုံး
တစ်ခုကတော့ တော်ပေမယ့်
စွန့်စားဖို့အတွက် သတ္တိနဲနေခဲ့လို့ပါတဲ့
စာတွေအများကြီး
တော်တယ်တတ်တယ်
သိတယ်ဆိုပေမယ့်
တကယ့်လက်တွေ့ဘဝမှာတော့
လုပ်ရဲတဲ့လူ ( risk ယူရဲတဲ့သူက )
အမြတ်အစွန်းပိုရလေ့ရှိတယ်
ငါ့အဲ့ idea ကို အရင်ရတာ
ဘယ်ကမှန်းမသိတဲ့လူက
ငါ့ idea ကြီးကို ထလုပ်သွားတယ်
ဒီလိုပြောစကားကို ကြားဖူးလား
ကိုယ်တိုင်ရောဖြစ်ဖူးလား?
အဲ့ဒါသိမ်ငယ်စိတ်ရဲ့
ကြီးမားတဲ့အော်သံပဲဗျ
ငါမလုပ်လိုက်ရလေချင်းပေါ့
ဒီတော့ ကိုယ့်လောက်မတတ်ပဲ
အောင်မြင်နေတဲ့သူတွေ့ရင်
စိတ်ကနေထားတတ်ရမှာက
သူငါ့ထက်သတ္တိရှိလို့လို့တွေးပါ
ဒီလိုမဖြစ်ချင်ရင်တော့
သိထားတတ်ထားတာတွေကို
အသုံးချပြီးတော့ သတ္တိနဲ့
ရင်ဆိုင်လိုက်ပါမိတ်ဆွေ
စေတနာများစွာဖြင့်
Credit 🍀
07/11/2024
မရေရာတဲ့ မနက်ဖြန်ကို တွေးပူနေမယ့်အစား
သေချာတဲ့ ဒီနေ့ကို အကောင်းဆုံးလုပ်ကြပါစို့✅
✅ ကျွန်တော်တို့ Diamond Digital Tech မှ
✅လုပ်ငန်းရှင်များရဲ့ အခက်အခဲတိုင်းကို ထိရောက်စွာနဲ့
✅ကူညီဖြေရှင်းပေးဖို့ အသင့်ရှိနေပါတယ်ခင်ဗျာ 😊
အနည်းဆုံး 5$ မှစပီး ထိရောက်အောင်ဆောင်ရွက်ပေးနေပါပြီ။
09409845504,09255789767
23/10/2024
လူမချမ်းသာရင် နေပါစေ...
စိတ်ချမ်းချမ်းသာသာနဲ့ပဲ နေချင်မိတယ်။
မနာလို ဝန်တိုမှုတွေ ၊ ကောက်ကျစ် စဉ်းလဲမှုတွေ ၊
အပြိုင်အဆိုင်စိတ်တွေရဲ့ ခပ်ဝေးဝေးမှာပဲနေမယ်။
ဂုဏ်ပကာသနတွေ ၊ မောက်မာဝင့်ကြွားမှုတွေကို ဝေးဝေးရှောင်မယ်။
အရိုးရှင်းဆုံး ပျော်ရွှင်မှုတွေနဲ့ နေထိုင်မယ်။
ကော်ဖီတစ်ခွက် ထိုင်သောက်မယ်။
သစ်ပင် စိုက်မယ်။စာဖတ်မယ်။
ကောင်းကောင်း အိပ်မယ်။ကောင်းကောင်း စားမယ်။
ကိုယ့်ကိုကိုယ် အပြည့်အဝ ချစ်မယ်။
ကိုယ့်ကိုချစ်တဲ့ လူတွေရဲ့အနားမှာ နေမယ်။
ချစ်ခြင်းမေတ္တာတွေ မျှဝေမယ်။
အပြန်အလှန် ရိုင်းပင်းကူညီမယ်။
ပြည့်ပြည့်ဝဝ ချစ်မယ်။
နောင်တမရှိတဲ့ ဆက်ဆံရေးတွေကို တည်ဆောက်မယ်။
တချို့ပျော်ရွှင်မှုတွေဟာ ငွေနဲ့ ပေးဝယ်ရတယ်။
ငွေပေးပြီး ဝယ်လို့မရတဲ့ပျော်ရွှင်မှုတွေလည်း ရှိတယ်။
ပျော်ရွှင်မှုတွေဟာ ရိုးရှင်းပေမဲ့ စစ်မှန်ပါတယ်။
ဘဝကို ရှုပ်ယှက်ခတ်နေအောင် မနေချင်ဘူး။
ရှုပ်ယှက်ခတ်နေတဲ့လူတွေနဲ့ အပေါင်းအသင်း မလုပ်ချင်ဘူး။
ရှုပ်ယှက်ခတ်နေတဲ့ ဆက်ဆံရေးတွေကိုလည်း
မတည်ဆောက်ချင်ဘူး။
ရိုးရိုးရှင်းရှင်းလေးပဲ နေမယ်။
တတ်နိုင်သလောက် ရိုးရိုးရှင်းရှင်းလေးပဲပေါ့.....
#ဘဝအတွက်စာဖတ်ပါ
Click here to claim your Sponsored Listing.
Category
Website
Address
No. 859, Ayar 16th Street, Nya Ward, North Okkalapa Township
Yangon