Hello Miss By moe
Ready to wear outfit တွေကို Good quality , Fair price နဲ့ Daily ဝတ်ချင်တယ်ဆိုရင်တော့ Hello Miss By moe Local brand clothing Page လေးကနေမှာယူလိုက်နော် 😍😍 ☎️ 09260607664☎️
20/02/2026
Customer တစ်ယောက်က "ဈေးကြီးတယ်နော်" လို့ ပြောတဲ့အခါ...
မတတ်နိုင်ရင် မဝယ်နဲ့လို့ပြောလိုက်ပါ ။
စတာပါ ......XD
သူတို့ ဆိုလိုတာက "ငါ့ဆီမှာ ပိုက်ဆံမရှိဘူး" လို့ ပြောတာ မဟုတ်ပါဘူး။
"မင်းတောင်းနေတဲ့ ပိုက်ဆံလောက် ဒီပစ္စည်းက ငါ့အတွက် အကျိုးမရှိသေးဘူး" လို့ ပြောနေတာပါ။
Neuromarketing အရ လူ့ဦးနှောက်ထဲမှာ "ချိန်ခွင်" တစ်ခု ရှိပါတယ်။
ချိန်ခွင်ရဲ့ ဘယ်ဘက်မှာ "Pain of Paying - ပိုက်ဆံပေးရလို့ နာကျင်မှု ရှိတယ်။
ချိန်ခွင်ရဲ့ ညာဘက်မှာ "Reward of Gaining - ပစ္စည်းရလို့ ကျေနပ်မှု ရှိတယ်။
အရောင်းအဝယ်တစ်ခု ဖြစ်ဖို့ဆိုတာ Reward (ညာဘက်) က Pain (ဘယ်ဘက်) ထက် ပိုလေးသွားတဲ့ အချိန်ကျမှသာ "ဝယ်မယ်" ဆိုတဲ့ ဆုံးဖြတ်ချက် ဖြစ်ပေါ်လာတာပါ။
ဒါကို သက်သေပြဖို့ ဥပမာ (၂) ခုနဲ့ ယှဉ်ကြည့်ရအောင်။
ဥပမာ ၁ - "ဈေးပေါပေမဲ့ ဈေးကြီးတယ်"
ခင်ဗျားကို အရေးမပါတဲ့ "ကျောက်ခဲတစ်လုံး" ကို ၁၀၀၀ ကျပ်နဲ့ လာရောင်းမယ်။
ခင်ဗျား ဝယ်မလား? မဝယ်ပါဘူး။ "ဟာ... ဈေးကြီးလိုက်တာ၊ ကျောက်ခဲကို ၁၀၀၀ တောင် ပေးရမလား" လို့ ပြောပါလိမ့်မယ်။
၁၀၀၀ ဆိုတာ ပိုက်ဆံအများကြီး မဟုတ်ပါဘူး။ ဒါပေမဲ့ ကျောက်ခဲရဲ့ တန်ဖိုး (Value) က "သုည" ဖြစ်နေတဲ့အတွက် ၁၀၀၀ ဆိုတာ သူ့အတွက် "ဈေးကြီး" နေတာပါ။
ဥပမာ ၂ - "ဈေးကြီးပေမဲ့ ဈေးတန်တယ်"
ခင်ဗျားကို Brand New "iPhone 16 Pro Max" အသစ်စက်စက်ကို ၅ သိန်းနဲ့ လာရောင်းမယ်။ ခင်ဗျား ဝယ်မလား?
အိမ်ပြန်ပိုက်ဆံယူပြီးတော့တောင် ဝယ်ပါလိမ့်မယ်။ ၅ သိန်းဆိုတာ ၁၀၀၀ ထက် အဆ ၅၀၀ ပိုများပါတယ်။ ဒါပေမဲ့ iPhone ရဲ့ တန်ဖိုး က ၅ သိန်းထက် အများကြီး ပိုများနေမှန်း ဦးနှောက်က သိနေတဲ့အတွက် "ဟာ... တန်လိုက်တာ" လို့ အော်ပြီး ဝယ်ပါလိမ့်မယ်။
ဒါကြောင့် Customer က "ဈေးကြီးတယ်" လို့ ပြောလာရင်...
ဈေးလျှော့ပေးဖို့ (Discount) မစဉ်းစားပါနဲ့။ တန်ဖိုးမြှင့်ပေးဖို့ ကိုပဲ စဉ်းစားပါ။
သူတို့ တန်ဖိုးမမြင်ရတဲ့ အကြောင်းရင်း (၃) ချက် ရှိနိုင်ပါတယ်။
၁။ ပြဿနာကထင်သလောက်မကြီးသေးလို့
Customer က သူတို့ရဲ့ ပြဿနာ ဘယ်လောက်ကြီးလဲဆိုတာ သတိမထားမိသေးရင် ခင်ဗျားရဲ့ ဖြေရှင်းနည်း (Solution) က ဈေးကြီးနေမှာပါပဲ။
ခင်ဗျား ဒီပြဿနာကို မဖြေရှင်းဘဲထားရင် နောက်ထပ် ပိုက်ဆံဘယ်လောက် ကုန်ကျသွားနိုင်လဲ?" ဆိုတဲ့ နာကျင်မှု ကို မီးမောင်းထိုးပြပါ။
၂။ ပြိုင်ဘက်နဲ့ မယှဉ်ပါနဲ့
သူတို့က ခင်ဗျားပစ္စည်းကို ဈေးပေါတဲ့ ပြိုင်ဘက်နဲ့ နှိုင်းယှဉ်နေရင် ဈေးကြီးတယ်လို့ ထင်မှာပါ။
ပြိုင်ဘက်နဲ့ မယှဉ်ပါနဲ့။ ရလာမယ့် ရလဒ်နဲ့ ယှဉ်ပြပါ။
ဥပမာ - "ဒီသင်တန်းကြေး $100 က ခင်ဗျား ဘော်ဒါတွေနဲ့ တစ်ည သောက်လိုက်ရင် ကုန်မယ့် ပိုက်ဆံပါပဲ။ ဒါပေမဲ့ ဒီ Skill က ခင်ဗျားကို တစ်သက်လုံး ပိုက်ဆံရှာပေးသွားမှာပါ" ဆိုတာမျိုးပါ
၃။ မရေရာမှု ရှိနေခြင်း
"ပိုက်ဆံပေးလိုက်ပြီးမှ ငါလိုချင်တာ မရရင်ရော?" ဆိုတဲ့ ကြောက်စိတ် ရှိနေရင် ဈေးကြီးတယ်လို့ မြင်တတ်ပါတယ်။
Guarantee ပေးပါ။ Review တွေ ပြပါ။ သူတို့ရဲ့ Risk ကို ယူပေးလိုက်တာနဲ့ တန်ဖိုးက တက်သွားပါလိမ့်မယ်။
#လူပိန်းမာကတ်တင်း
ရိုးရာမပျက် Sunday တိုင်းလျှောက်လည်ဖြစ်😅😁
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
28 Street
Yangon
2580