Strategic HR Learning Club

Strategic HR Learning Club

Share

23/08/2024

🎉 Congratulations "Kyi Kyi Khin" 🎉🎉🎉
🤗 I'm wishing to congratulate you that greatest your career opportunity in your future goals. I believe you that you're the professional business HR related with organizational improvements.
👏 Good Luck 👏👏👏

Photos from Strategic HR Learning Club's post 05/04/2024

👉 Business HR Relations to Organizational Development, Batch-8 🤗
👏 HR Learner Level မှစ၍ Manager Level ထိ အလုပ်လုပ်သည့်သူများ... Human Resources မှာ ရပ်တန့်မနေပဲ Business HR တစ်ယောက်အဖြစ်ရပ်တည်ပြီး Business Consultant ဖြစ်အောင် ဤ Candidates (9) ဦးအား အောင်မြင်တဲ့ Leader တစ်ယောက်အဖြစ်လက်တွဲခေါ်ဆောင်သင်ကြားပေးသွားမည်။
🤗 တစ်ချိန်မှာ Business လုပ်ငန်းတစ်ခုကိုဦးဆောင်နိုင်မည့် Entrepreneur တစ်ယောက်ဖြစ်ကိုဖြစ်ရမည်။ ဒီ Batch ကခလေးတွေက တော်ပါပေတယ်၊ မေးတာမှန်သမျှဖြေနိုင်တယ်၊ နားမလည်ရင်လဲမေးတတ်တဲ့အကျင့်ရှိတော့ သင်ရတာပီတိဖြစ်ရတယ်...
👨‍🏫 HR ဆိုတာဘယ် Level ကိုပဲရောက်ရောက်အောက်ခြေမလွတ်ရဘူး၊ မိမိကိုယ်ကိုယ်အထင်မကြီးရဘူး၊ ပြီးတော့ဒါ HR အလုပ်မှမဟုတ်တာဆိုတဲ့ အတွေးတွေကိုဖျောက်ပါမတတ်တဲ့သူတွေကိုလက်တွဲ ခေါ်ပြီးသင်ပေးနိုင်ရမယ်၊ မျှဝေနိုင်ရမယ်...မိမိမှာသာပညာတွေပြည့်ဝနေရင် ငွေကြေးဆိုတာပညာနောက်လိုက်လာလိမ့်မယ်... (ဆုံးမသြဝါဒစကား)

👏 SHLC Batch 8 မှ အားလုံးကိုကျေးဇူးတင်လျက်
👨‍💼 Principal & Founder
👨‍🏫 Strategic HR Learning Club

27/03/2024

လေးစားအပ်ပါသော ကမ္ဘောဇဘဏ် နှင့် KBZPay အသုံးပြုသူ customer များ

၂၀၂၄ ခုနှစ် မတ်လ (၂၉)ရက်နေ့ ည ၁၁း၀၀ နာရီမှ မတ်လ (၃၀)ရက်နေ့ မနက် ၈း၀၀နာရီအထိ ဘဏ္ဍာရေးနှစ်ချုပ်စာရင်းပိတ်လုပ်ငန်းများ ဆောင်ရွက်မည်ဖြစ်ပါသောကြောင့် customer များအနေဖြင့် အောက်ပါ အွန်လိုင်းဘဏ်ဝန်ဆောင်မှုများကို ယာယီအသုံးပြုနိုင်မည် မဟုတ်ကြောင်း အသိပေးအကြောင်းကြားအပ်ပါသည်။

ကမ္ဘောဇဘဏ်ဝန်ဆောင်မှုများ
• mBanking/iBanking ဝန်ဆောင်မှုများ
**မှတ်ချက် - m/iBanking မှတစ်ဆင့် Other Bank Transfer ဝန်ဆောင်မှုများကိုမူ မတ်လ (၂၉) ရက်နေ့ ညနေ ၅း၀၀ နာရီမှ မတ်လ (၃၀) ရက်နေ့ မနက် ၉း၀၀ နာရီအထိ အသုံးပြုနိုင်မည်မဟုတ်ပါ။
• ATM ဝန်ဆောင်မှုများ

KBZPay ဝန်ဆောင်မှုများ
• KBZPay အား ဘဏ်အကောင့်နှင့်ချိတ်ဆက်အသုံးပြုခြင်း
• KBZPay မှ/သို့ ဘဏ်အကောင့်နှင့် ငွေလွှဲခြင်း
• KBZPay မှတစ်ဆင့် ဘေလ်ပေးဆောင်ခြင်း
• QuickPay
• Quick Access Loan

ဘဏ္ဍာရေးနှစ်ချုပ်စာရင်းပိတ်လုပ်ငန်းများ ဆောင်ရွက်ပြီးချိန်တွင် ဝန်ဆောင်မှုများကို ပုံမှန်အတိုင်း ပြန်လည်အသုံးပြုနိုင်မှာဖြစ်ပါတယ်။

လူကြီးမင်း၏လက်ခံနားလည်ပေးမှုအတွက်လည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။

14/01/2024

👨‍🏫 "ခေါင်းဆောင်ကောင်းဆိုတာ" 👏👏👏
✍ ခေါင်းဆောင်ဆိုတာ အချို့လူတွေခံယူထားတဲ့ မန်နေဂျာများ၊ဒါရိုက်တာများ နှင့်စီမံခန့်ခွဲသူများ...
မန်နေဂျာအများစုမှာ သူပဲသိတယ်၊ သူပဲတတ်တယ်၊ ငါကခေါင်းဆောင်ပဲဆိုတဲ့အတွေးက Leader ကောင်းတစ်ယောက်ရဲ့စစ်မှန်တဲ့ခံယူချက်မဟုတ်ပါ
✍ အချို့မန်နေဂျာတွေရှိကြတယ်၊ မိမိရဲ့အောက် လက်ငယ်သားတွေကိုပြောတဲ့စကား "ဒီကောင်းအသုံးမကျဘူး၊ သုံးစားလို့မရဘူး" ဆိုပြီးလူတွေရှေ့မှာအမြဲပြောနေရင် ဒါဟာခေါင်းဆောင်တစ်ယောက်ရဲ့ရှက်စရာအကောင်းဆုံးလုပ်ရပ်ဖြစ်သလို ပြောတဲ့သူရဲ့ပျက်စီးခြင်းလမ်းစဆိုမမှားပါဘူး...
✍ အချို့တွေရေးခဲ့သလိုပဲ ခေါင်းဆောင်ကောင်းဆိုတာကိုဘာနဲ့တိုင်းတာခဲ့ကြလဲ? သူတို့ရဲ့အရည်အချင်းတွေနဲ့တိုင်းမယ်၊ လုပ်ကိုင်နိုင်စွမ်းတွေနဲ့တိုင်းမယ်၊ လုပ်ရပ်တွေ၊ဖြေရှင်းခဲ့တဲ့ပြဿနာတွေ၊ အောင်မြင်မှုတွေနဲ့တိုင်းတာခဲ့ကြတယ်လို့အချို့စာရေးသူတွေကဆိုကြတယ်။ Management တစ်ယောက်ဖြစ်ဖို့ဆိုရင် Leader ကောင်းတစ်ယောက် ဖြစ်အောင် မိမိကိုယ်ကိုယ်ယုံကြည်ချက်အပြည့်နဲ့ လျှောက်လှမ်းဖို့လိုတယ်... Organization တစ်ခုမှာ ဝန်ထမ်းတွေယုံကြည်တဲ့ခေါင်းဆောင်ကောင်းဖြစ်ဖို့ အများအပေါ်မှာအနစ်နာခံတတ်ရမယ်၊သဘောထား ကြီးတတ်ရမယ်၊မည်သည့်ဝန်ထမ်းမဆိုတန်းတူဆက်ဆံတတ်ရမယ်.. လူဆိုတာတစ်ချိန်မှာလုပ်ငန်းကိုဦးဆောင်တဲ့ Entrepreneur ဖြစ်လာမယ်၊ အဲ့အခါကျရင် Business Planning, Strategic Planning တွေကိုလဲအောင်မြင်အောင်လုပ်ဆောင်ဖို့လိုပါလိမ့်မယ်...
✍ 1939 ခုနှစ်၊ Social Psychologist စာရေးဆရာ Kurt Lewin ရဲ့ Leadership Styles (၃) ခုရေးခဲ့သလိုပဲ... (1) Autocratic Leadership, (2) Democratic Leadership, and (3) Laissez-faire Leadership Styles... မိမိကိုယ်တိုင်ကကော ဘယ် Leadership Style ထဲမှာရှိနေပြီလဲ? ဒီထက်ပိုကောင်းတဲ့ Leadership ပုံစံကို မိမိလုပ်ငန်းခွင်မှာကောဘယ်လိုထိရောက်အောင်အကျိုးပြုမလဲ?
👉 Organization တစ်ခုမှာ Better Management ဖြစ်ချင်ရင်တော့ Good Leader ကောင်းတစ်ယောက်ဖြစ်အောင်ကြိုးစားပါလို့....

မေတ္တာများစွာဖြင့်...

Want your school to be the top-listed School/college in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


Yangon

Opening Hours

Monday 09:00 - 22:00
Tuesday 09:00 - 22:00
Wednesday 09:00 - 22:00
Thursday 09:00 - 22:00
Friday 09:00 - 22:00
Saturday 09:00 - 22:00
Sunday 09:00 - 22:00