Snow August collection
ချစ်နိုင် (စိတ်ပညာ) ဆိုတာ ကြားဖူးကြလား?
တကယ့်ဆရာကြီးနော်။ စာအုပ်တွေဘာတွေတောင် အများကြီး ထွက်ဖူးတဲ့သူ။
အခုက အဲ့လိုကောင်ကို ပြန်ကြားရေးဝန်ကြီးခန့်ထားတာ။ လူတွေရဲ့စိတ်ကို ဘယ်လိုလှည့်စားရမလဲ။ ဘယ်လိုTargetလွဲသွားအောင် ကစားရမလဲ ကောင်းကောင်းတတ်တယ်။
ဒါကြောင့် ဘယ်လိုသတင်းတွေပဲ တက်လာလာ ပြည်သူတွေအဓိက လုပ်ရမှာက Civil Disobedience ပဲ။
ဖဲကြိုးနီတပ်ပြီး အလုပ်ဆင်းတာကို မဆိုလိုပါ။ အဲ့ဒါအကျိုးမရှိဘူး။ လုံးဝအလုပ်မသွားတော့တာကိုပဲ ဆိုလိုပါတယ်။
ဒီကမ်ပိန်းကို ဒီကောင်တွေ အရမ်းကြောက်ကြပါတယ်။
(စာတွေတစ်ခုပြီးတစ်ခုထုတ်၊ ဖိအားတွေတအားပေး၊ ပျက်ကွက်စာရင်းတွေ လာကောက်နေတာ ကြည့်ခြင်းအားဖြင့် သိနိုင်ပါတယ်။ ဝန်ထမ်းတွေ တစ်ယောက်မှမလာတော့ရင် သူတို့ အစိုးရယန္တယားကြီး မလည်ပတ်နိုင်တော့ပါဘူး။
ဒီကမ်ပိန်းမှာ
ဝန်ထမ်းတွေအားလုံး ပါဝင်လာအောင် ကြိုးပမ်းကြရမယ်။
တဖက်မှာ ဝန်ထမ်းတွေကို ခေါ်ကြိမ်းမောင်းတဲ့ အကြီးတွေကိုလည်း social mediaမှာ အရှက်ခွဲရမယ်။
အလုပ်မသွားတော့တဲ့ ဝန်ထမ်းတွေရဲ့ စားဝတ်နေရေးကိုလည်း ပြည်သူတွေက ဝိုင်းဝန်းကူညီပြီး ပံ့ပိုးပေးရပါမယ်။
ကျနော်တို့လုပ်ရမှာ ဒါပဲ။
အခုဆို အချို့ဌာနတွေမှာ အထက်ကအမိန့်နှင့် ဖဲကြိုးတွေတပ် ဓာတ်ပုံစုရိုက်ခိုင်းနေတယ်လည်း ကြားနေရပါတယ်။ ပြီးရင် ပြန်ဖြုတ်ပြီး အလုပ်ဆက်လုပ်ကြပေါ့။ ပြည်သူတွေကို ဝမ်းသာပြီး သတိလွတ်သွားအောင် စိတ်ကိုလှည့်စားနေရတာပါ။
သက်သက်ခိုင်ကို ဝန်ကြီးခန့်လိုက်တာလည်း သူ့အကြံပဲထင်ပါတယ်။ CD ကမ်ပိန်းလုပ်နေတဲ့ ပြည်သူတွေ အာရုံလွဲပြီး သူ့ကိုပဲ ဝိုင်းဆဲနေရအောင် လုပ်လိုက်တယ်လို့ ယူဆရပါတယ်။
ဒီကမ်ပိန်းကြီးက ပထမတော့ အားကောင်းမလိုနှင့်
အခုတော့ ချစ်နိုင်ရဲ့ စိတ်ပညာကစားကွက်ထဲဝင်ပြီး ဖဲကြိုးနီတွေတပိတာကို ပျော်ကြ၊ သက်သက်ခိုင်ကိုဆဲပြီး အလုပ်ရှုပ်ကြနဲ့ targetလွဲမလို ဖြစ်နေလို့ စိတ်ပူနေရပါပြီ။
မshareပါနဲ့ Copyယူပြီး လူများများသိအောင် ပြန်တင်ပေးကြပါ။
Click here to claim your Sponsored Listing.
Category
Website
Address
Yangon