Channel 8

Channel 8

Share

22/04/2025

၂၀၊၄၊၂၀၁၅ရက်နေ့
ဆင်၂ကောင်ဟိုတယ်တွင်
တွေ့ဆုံမှု ရလဒ်-

၁။ မန္တလေးမှ မူဆယ်ထိ
ပြည်ထောင်စုလမ်းတွင်ရှိသည့်
EAOအားလုံးဆုတ်ခွာပေးရန်၊

၂။ TNLAကို ထိန်းပေးရန်
အတွက်UWSAကို တာ၀န်ပေး
လိုက်ပြီး နောင်ချို၊ကျောက်မဲပါ
ဆုတ်ပေးရန်၊

၃။လားရှိး၀န်းကျင် ဖြန့်ခွဲနေရာ
ယူထားသည့် PDFများ စစ်ရေး
မဖေါ်ဆောင်နိုင်ရန် မြိုပြင်လုံ
ခြုံရေးကို UWSAနှင့်MMDAA
က ပူးတွဲလုံ‌ခြုံရေးယူပေးရန်၊

၄။ မြန်မာအစိုးရမှ
ကိုယ်ပိုင်အုပ်ချုပ်ရေးရ ၀နယ်နှင့်
ကိုးကန့်နယ်များကို ငြိမ်းချမ်းစွာ
အတူယှဉ်တွဲနေထိုင်နိုင်ရေးနှင့်
ထာ၀ရငြိမ်းချမ်းရေးအတွက်
အာမခံချက်ပေးရန်၊

၅။ လက်နက်ကိုင် ပရိပက္ခ
များ ထပ်မံမဖြစ်ရေး ညှိနှိင်းရေး
ကော်မတီအဖြစ် တရုတ်အစိုးရက
ကြားနေဆောင်ရွက်ရန် စောင့်ကြည့်ရေးရုံးကို ကာလ၁ခုထိ လားရှိးတွင်
ဖွင့်လှစ်ထားပေးမည်၊

၆။ ယာယီလုံခြုံရေးကာလ
အဖြစ် UWSAနှင့်MNDAAက
လားရှိးအနီး ယာယီတပ်စွဲထား
ပေးပြီး အစိုးရတပ်များ နေရာယူ
ပေးပြီးပါက ထွက်ခွာပေးရန်၊

၇။ ယခင် အစိုးရထိန်းချုပ်ထား
သော ၀ အုပ်ချုပ်ခွင့်ရ ဟ်ိပန်၊ပန်
လုံမြိုနှစ်မြိုကို UWSAထံ အပ်
နှံရန် တပ်မတော်မှ သဘောတူညီ
သည်။

Crd:ဇော်ခမ်း(21-4-2025)

19/04/2025

ငလျင်ဘေးကူညီရန် ကျင်းပပြုလုပ်မည့် ထိုင်း-မြန်မာ ရိုးရာလက်ဝှေ့ပြိုင်ပွဲကြီး ရက်ပြောင်းရွှေ့

ငလျင်ဘေးကူညီရန် ရည်ရွယ်၍ ဧပြီ (၂၇)ရက်တွင် ကျင်းပမည့် ထိုင်း-မြန်မာ ရိုးရာလက်ဝှေ့ပြိုင်ပွဲကြီး ရက်ပြောင်းရွှေ့ပြုလုပ်မည်ဖြစ်ကြောင်း MFC မြန်မာ့ရိုးရာ လက်ဝှေ့သင်တန်းကျောင်းက ယနေ့တွင် အသိပေးထားသည်။

ယင်းသို ရက်ပြောင်းရွှေ့ရခြင်းသည် ငလျင်ဘေးဒဏ်နှင့်စပ်ဆက်၍ ပရိတ်သတ်များ၊ ကစားသမားများ နှင့် အခြားသော အထွေထွေ စီစဉ်ဆောင်ရွက်မှုများ စီစဉ်ဆောင်ရွက်ရာတွင် အခက်အခဲများရှိသဖြင့် ရက်အနည်းငယ်ရွှေ့ဆိုင်းပြီးကျင်းပပြုလုပ်သွားမည်ဖြစ်ဟု အသိပေးထားပြီး ပြန်လည် ကျင်းပမည့်ရက်ကိုမူ သီးခြားအသိပေးထားခြင်းမရှိပေ။

အဆိုပါ ထိုင်း-မြန်မာ နှစ်နိုင်ငံ လက်ဝှေ့ စိန်ခေါ်ပွဲမှ ရရှိလာမည့် ရုံဝင်ခ၊ ‌ကြော်ငြာ အစရှိသည့် အမြတ်ငွေများအားလုံးကို ငလျင်သင့်ဒေသသို တစ်ပြားမကျန်အကုန်လှူဒါန်းသွားမည်ဟု မြန်မာ့ရိုးရာလက်ဝှေ့သင်တန်းကျောင်းက အသိပေးထားသည်။

Photos from Channel 8's post 09/04/2025

မန္တလေးရှိ အင်ကြင်း Condo အပျက်အစီးမှ အမျိုးသမီးတစ်ဦး၏ ရုပ်အလောင်း ရှာဖွေတွေ့ရှိ

မန္တလေး၊ ဧပြီ ၉၊ ၂၀၂၅

မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့သော အင်အားပြင်းငလျင်ကြီးကြောင့် ပြိုကျပျက်စီးခဲ့သည့် မန္တလေးမြို အောင်မြေသာစံမြိုနယ်ရှိ အင်ကြင်း Condo တွင် ကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိရာ ယနေ့နေ့လည်ပိုင်းတွင် အမျိုးသမီးတစ်ဦး၏ ရုပ်အလောင်းကို တွေ့ရှိခဲ့ကြောင်း သိရသည်။

ဗဟိုမီးသတ်သင်တန်းကျောင်းမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲဝင်များနှင့် အရန်မီးသတ်တပ်ဖွဲဝင်များပါဝင်သော အဖွဲသည် ၂၂ လမ်း၊ ၈၀ နှင့် ၈၁ လမ်းကြားရှိ ပြိုကျနေသော အင်ကြင်း Condo အဆောက်အဦတွင် ဆက်လက်ရှာဖွေနေရာ ယနေ့နေ့လည် ၁ နာရီအချိန်ခန့်တွင် အမျိုးသမီးတစ်ဦး၏ ရုပ်အလောင်းကို တွေ့ရှိခဲ့ကြောင်းသိရသည်။

ငလျင်လှုပ်ခတ်မှုဖြစ်ပွားပြီးနောက် ယခုအချိန်ထိ ပြိုကျပျက်စီးသော အဆောက်အအုံများမှ ကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက်လုပ်ဆောင်နေကြဆဲဖြစ်ကြောင်း သိရသည်။
MSDF

Photos from Channel 8's post 02/09/2024

ယနေ့ကြေညာချက်များ

23/09/2023
Want your establishment to be the top-listed Arts & Entertainment in Yangon?
Click here to claim your Sponsored Listing.

Category

Website

Address


Yangon