Dr.House Clinic

Dr.House Clinic

Share

12/08/2025

🎉 တောင်ဥက္ကလာ ဗြမစိုလ်လမ်းရှိ ဆေးခန်းအတွက် သူနာပြုအကူ ၂ ဦးလိုအပ်ပါသည်။

🎉 လူနာပြုစုစောင့်ရှောက်မှုကို အားသန်ပြီးအသင်းအဖွဲ့နှင့်အလုပ်လုပ်ရန် တက်ကြွသူဖြစ်လျှင် Viber တွင် CV form ပေးပို့လျှောက်ထားနိုင်ပါသည်။

🎉 အခြေခံလစာ ၂သိန်းမှ စပါသည်။ အလုပ်ချိန် နေလည် ၁ နာရီ မှ ည ၈ နာရီ ။ အရည် အချင်းနှင့် လုပ်ရည်ကိုင်ရည် ပေါ်မူတည်၍ အခြားခံစားခွင့်များရှိပါသည်။

🎉 တောင်ဉက္ကလာမြိုနယ် အတွင်းနေထိုင်သူ ဦးစားပေးပါမည်။

🎉 CV form ကို 09756103865 viber တွင်ပို့ထားနိုင်ပါသည်။

16/04/2025

💉အခုချိန်ထဲက ကြိုတင်ပြီး ရာသီတုပ်ကွေး ကာကွယ်ဆေးထိုးနှံထားဖို့ မမေ့ပါနဲ့ ❤❤❤

💉 မိုးရာသီမှာ အဖြစ်အများဆုံး ရာသီတုပ်ကွေးရောဂါကို Influvac Tetra 2025 ထိုးနှံပြီး အခုထဲက ကြိုတင်ကာကွယ်ထားလိုက်ရအောင်။

💉 ရုံးများ၊လုပ်ငန်းများ နဲ့ အဖွဲ့အစည်းများအတွက် အထူးသက်သာသော စျေးနှုန်းနဲ့ဝန်ဆောင်မှု ရှိပါတယ်။ ဖုန်းတချက်ဆက်လိုက်ရုံနဲ့ မိမိတို့လုပ်ငန်း နေရာအလိုက် လိုက်လံထိုးနှံပေးပါတယ်။

💉 ရာသီတုပ်ကွေး ကာကွယ်ဆေး Influvac Tetra 2025ကတော့ အဖြစ်များတဲ့ တုပ်ကွေးရောဂါပိုး ၄ မျိုးကို ကာကွယ်ပါတယ်။

✔A/H1N1 တုပ်ကွေးဗိုင်းရပ်စ်
✔A/H3N2 တုပ်ကွေးဗိုင်းရပ်စ်
✔B/Victoria တုပ်ကွေးဗိုင်းရပ်စ်
✔B/Yamagata တုပ်ကွေးဗိုင်းရပ်စ် စတာတွေကို ထိရောက်စွာ ကာကွယ်ပေးနိုင်ပါတယ်။
WHO မှ အသိအမှတ်ပြု ဆေးဖြစ်ပြီး ရာသီတုပ်ကွေးရာဂါကာကွယ်ဆေးကို အသက်(၆)လအထက်မှ စတင်၍ထိုးနှံနိုင်ပါတယ်။

👩‍⚕️အသက်၆လအောက်ကလေးများထိုးရန်မလိုပါ
👩‍⚕️အသက် ၆လမှ၉နှစ်ကြားကလေးများကတော့ တစ်ခါမှမထိုးဖူးရင် ပထမအကြိမ်ထိုးပြီး တစ်လအကြာ ဒုတိယအကြိမ် ထပ်မံထိုးပေးရပါမယ်။ အရင်နှစ်တွေကထိုးဖူးထားရင် တစ်ကြိမ်ထိုးပြီး လုံလောက်ပြီ ဖြစ်ပါတယ်။
👩‍⚕️၉နှစ်အထက်ကတော့ တစ်နှစ်စာ တကြိမ်သာထိုးဖို့ လိုပါတယ်။

💉 အထူးကုသမားတော်များကိုယ်တိုင် ကြပ်မတ်ဦးဆောင်တာဖြစ်လို့ လူနည်းစုမှာဖြစ်တတ်တဲ့ဆေးနဲ့ ဓာတ်မတည့်မှာ၊မအီမသာခံစားရမှာ၊မူးဝေတာစတဲ့ နောက်ဆက်တွဲလက္ခဏာများကို စိတ်ပူနေစရာမလိုပါ။ မြန်မာနိုင်ငံသားများအတွက် သီးသန့်ထုတ်လုပ်ထားပေးတဲ့ Myanmar registerဖြစ်လို့ စိတ်ချယုံကြည်စွာ ထိုးနှံနိုင်ပါတယ်။

💉 ကာကွယ်ဆေးကိုလဲ သတ်မှတ်ထားတဲ့ cold chain အတွင်းမှာသာ ဂရုတစိုက်တိကျစွာ သိမ်းဆည်းထားပါတယ်။

💉 ဘယ်လိုလူတွေ မဖြစ်မနေထိုးသင့်သလဲ?
✔ ကိုယ်ဝန်ဆောင်မေမေတွေ
✔ သက်ကြီးရွယ်အိုတွေ
✔ ကလေးငယ်တွေ
✔ ကိုယ်ခံအားနည်းသူတွေ
✔ ဆီးချိုရောဂါရှိသူ
✔ အသည်းရောဂါရှိသူ
✔ ကျောက်ကပ်ရောဂါရှိသူ
✔ အဝလွန်နေသူတွေ
✔ ခုခံအားကျ ကူးစက်ရောဂါခံစားနေရသူတွေ
✔ ကင်ဆာရောဂါရှိသူတွေ
✔ ပန်းနာရင်ကျပ်ရောဂါခံစားနေရသူတွေ
✔ ကင်ဆာရောဂါခံစားနေရသူတွေ
✔ နာတာရှည်ရောဂါတစ်ခုခုရှိသူတွေက မဖြစ်မနေကာကွယ်ဆေးထိုးထားသင့်ပါတယ်။

💉 ဒါကြောင့် ရာသီတုပ်ကွေးကာကွယ်ဆေး နှင့် အခြားကာကွယ်ဆေးများထိုးနှံလိုပါက Page Messenger ကဖြစ်စေ၊ ဖုန်းနံပါတ် 09- 7777 54 998 , 09 - 7777 53 541တို့ကို ဖြစ်စေ ဆက်သွယ်ပြီး ကြိုတင်စာရင်းပေးသွင်းလိုက်ပါ။

💉 ရာသီတုပ်ကွေးကာကွယ်ဆေးကို မိသားစုလိုက်၊ရုံးအသင်းအဖွဲ့လိုက် ထိုးနှံလိုသူများအတွက် အထူးစျေးနှုန်းဖြင့် ထိုးနှံပေးပါသည်။



#အိမ်အရောက်သွေးစစ်ပေးခြင်းဝန်ဆောင်မှု
#အိမ်တိုင်ရာရောက်ကျန်းမာရေးဝန်ဆောင်မှု
#ရာသီတုပ်ကွေးကာကွယ်ဆေးနှင့်ကလေးငါးမျိုးစပ်ကာကွယ်ဆေး
#ဆရာဝန်အိမ်ပင့်
#ကျန်းမာရေးဝန်ဆောင်မှု

06/02/2025

🎉 မြောက်ဥက္ကလာ သန္တာ ၄လမ်းဆေးခန်းအတွက် သူနာပြုအကူတစ်ဦးလိုအပ်ပါသည်။ လူနာပြုစုစောင့်ရှောက်မှုကို အားသန်ပြီး အသင်းအဖွဲ့နှင့်အလုပ်လုပ်ရန် တက်ကြွသူဖြစ်လျှင် Viber တွင် CV form ပေးပို့လျှောက်ထားနိုင်ပါသည်။

🎉 အခြေခံလစာ ၂သိန်းမှ စပါသည်။ ရက်မှန်ကြေးနှင့် Performance fees Extra 30000 နှင့် အခြားခံစားခွင့်များရှိပါသည်။ ၃လတစ်ကြိမ် Bonus ရှိပါသည်။

🎉 တစ်ပတ်တစ်ရက် နားရက်ရပါသည်။ မြောက်ဥက္ကလာအတွင်းနေထိုင်သူ ဦးစားပေးပါမည်။

🎉 CV form ကို 09777754998 viber တွင်ပို့ထားနိုင်ပါသည်။

Want your practice to be the top-listed Clinic in Yangon?
Click here to claim your Sponsored Listing.

Telephone

Address


အမှတ် (၆၁၁)၊ သန္တာ(၄) လမ်း၊ (စ)ရပ်ကွက်၊ မြောက်ဥက္ကလာပမြို့နယ်၊ ရန်ကုန်မြို့။
Yangon
11031