Teacher Zar Chi

Teacher Zar Chi

Share

13/05/2026

12/03/2026

#လိမ်တာမုန့်ကြိုးလိမ်ပဲကောင်းတယ် -၂


မှာ အလိမ်တွေပေါတယ်။
အလိမ်တွေပေါတာထက် လိမ်ဖို့လွယ်တယ်ဆိုရင် ပိုမှန်တယ်။
လူတစ် ယောက်ရဲ့စစ်မှန်မှုကို ဒီအတုအယောင်ကမ္ဘာထဲမှာရှာတွေ့ဖို့ပိုခက်တယ်။
Page တစ်ခု၊ အကောင့်တစ်ခုကို
Follower များတိုင်း၊ ကွန့်မန့်များတိုင်းသူေပြာတာဟုတ်မှာပဲ၊
အစစ်အမှန်ပါလို့ ယုံလို့မရဘူး။
Follower တွေဝယ်လို့ရတယ်။
ကွန်မန့်တွေဝယ်လို့ရတယ်။

လိမ်တဲ့အခါမှာ အ ​ေရးမကြီးတဲ့အမှန် 60%လောက်ပြပြီး အမှား40%နဲ့လိမ်တာ။ သူပြထားတဲ့အမှန်တွေကလည်းဟုတ်နေတော့ ယုံတာပေါ့။

ပညာရေးလောကမှာလည်း ဒီလိုပဲ။
တကယ့်ဆရာတွေရေးထားတဲ့ပို့စ်တွေလိုက်ဖတ်၊ တင်ထားတဲ့ video အပိုင်းအစတွေလိုက်လေ့လာ။
ဘယ်လိုတွေပြောလဲ။
ဘာတွေပြောရလဲ။
ပညာယူတာမဟုတ်ဘူး။
လ ိမ်ဖို့ဝမ်းစာဖြည့်တာ။
မိဘတွေနဲ့တွေ့တဲ့အခါ
မှင်ကောင်းကောင်းနဲ့ပြောတတ်သွားတာပေါ့။ မိဘတွေကလည်းတကယ့်ဆရာအစစ်ပဲ ယုံကြည်သွားတာပေါ့။
အဲ့ဒီမှာစလ ိမ်ပြီ။
တစ်ခါတုန်းက ဖတ်ဖူးတယ်။
စာသင်တာတော့အရမ်းကောင်းပါတယ်။ နောက်တော့ လစာယူပြီး ဖုန်းပါခ ိုးသွားတယ် တဲ့။
တချို့တွေကစာသင်တတ်ပါတယ်လို့ယုံကြည်ရအောင်ပြင်ဆင်ထားတာ။
တကယ့်စာသင်ဆရာတွေမဟုတ်ကြဘူး။
တစ်ခါ မိဘယောင်ဆောင်ကြပြန်တယ်။
မိဘတစ်ယောက်ပို့စ်တင်လိုက်ရင် ဒီဆရာကကောင်းပါတယ်recommended ပေးတယ်။ ကြည့်လိုက် သူ့လူနဲ့သူ။

နောက်တစ်ခုကြပြန်တော့ ...
လ ိမ်ပြီးအလုပ်ခေါ်တာ..
ဘယ်သူ့ကိုမှခန့်ဖို့မဟုတ်ဘူး။ certificate နဲ့ကိုယ်ရေးအချက်အလက်ခ ိုးဖို့။
တကယ့်အစစ်တွေအတိုင်းတုပရတာက ပိုယုံကြည်ဖို့ကောင်းတယ်လေနော်။

ကျောင်းတွေရွေးချယ်တဲ့အခါလည်းဒီလိုပါပဲ။ like တွေ comment တွေကိုကြည့်ပြီးအလံုးစံုဆုံးဖြတ်လို့မရပါဘူး။
ကျောင်းဘက်ကနေရေးတဲ့အကောင့်တွေရှိသလို ၊ကျောင်းမကောင်းကြောင်းရေးတဲ့အကောင့်တွေလဲရှိနေမှာပါပဲ။
ဒါကြောင့် စစ်မှန်တဲ့ကျောင်း၊ စစ်မှန်တဲ့ဆရာတွေတွေကိုခွဲခြားတတ်ဖို့ ကျွန်မတို့ကိုယ်တိုင် ဗဟုသုတရှိမှရတယ်။
ကိုယ်ကြိုက်တာချည်းပဲ ေရွးမဖတ်ရဘူး။ အစုံဖတ်ရတယ်။
တစ်ယောက်တည်းရဲ့အမြင်ကိုနားမထောင်ရဘူး။ တတ်နိုင်သလောက်ဘက်စုံနားထာင်ရတယ်။
ပြီးမှ ကိုယ်budget နဲ့အကိုက်ညီဆုံး ၊ ကိုယ့်က လေးလိုအပ်ချက်အဖြည့်ပေးနိုင်ဆုံး အရာကို ကိုယ်ကိုယ်တိုင်ရွေးရတာပါ။

တကယ့်စာသင်ကြားမှုနဲ့အသက်မွေးဝမ်းကြောင်းပြုချင်သူ trs တို့ကတော့ မိမိအကောင့်မှာဖြစ်ဖြစ် page မှာဖြစ်ဖြစ် စာသင်ကြားမှု video files တင်ပါ။
ကိုယ်စာသင်မယ့်ပုံစံလေးတွေပြောပြပါ။ ဝါသနာပါရာ ဘာသာရပ်ကို တကယ်နားလည်တတ်ကျွမ်းအောင် လေ့လာဆည်းပူးပါ။
ကိုယ့်ပညာကိုတန်ဖိုးထားပါ။
ကလေးတွေအပေါ်စေတနာထားပါ။
မိဘတွေကို ကိုယ်ချင်းစာပါ။
သည်းခံပါ။
ငွေမမက်ပါနဲ့။
(ငွေဟာ ဖလှယ်ရပစ္စည်းတစ်ခုအနေနဲ့လိုအပ်တာမို့ အလုပ်လုပ်ပြီးေငွရှာတာနဲ့ ငွေမက်တာမတူပါ)

Trs တို့ရဲ့ သင်ကြားရေး video files တွေတွေ့လို့ ကြိုက်ရင် ကလေးတွေကိုလာအပ်ကြမှာပါပဲ။

Want your school to be the top-listed School/college in Yangon?
Click here to claim your Sponsored Listing.

Category

Website

Address


Yangon