Binge Watchers
03/06/2023
How I Met Your Mother Season - 1 (22 Episodes Completed)
CBS ကနေထုတ်လွှင့်ခဲ့တဲ့ လူပျိုကြီးတက်မို့စ်ဘီရဲ့ လက်တွဲဖော်ရှာပုံတော်စီးရီး အတွဲတစ်ပြီးသွားပါပြီ။ စိတ်ရှည်ရှည်နဲ့စောင့်ကြည့်ပေးတဲ့ ပုရိတ်သတ်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင့်။ နောက် Season တွေနဲ့အတူ တခြားစီးရီးကောင်းတွေကိုလည်း အခမဲ့တင်ဆက်ပေးသွားမှာဖြစ်တဲ့အတွက် ကျွန်မတို့ရဲ့ Binge Watchers_Official Telegram Channel ကို Join ထားကြဖို့ဖိတ်ခေါ်ချင်ပါတယ်ရှင့်။
How I Met Your Mother Season 1 Link - https://t.me/Binge_Watchers_official/24
အညွှန်း - https://m.facebook.com/story.php?story_fbid=175902572073113&id=100089601144961&mibextid=Nif5
08/05/2023
How I Met Your Mother
Season 1 Episode 10 - The Pineapple Incident
ကျွန်တော်တို့ဟာ တခါတလေမှာအတွေးလွန်တတ်ကြတယ်။ ကိစ္စတစ်ခုကိုလုပ်သင့်မလုပ်သင့်နဲ့ ဖြစ်လာမယ့်အကျိုးဆက်တွေကိုတွေးပူနေရင်း လုံးဝမလုပ်ဖြစ်ခဲ့တာတွေရှိခဲ့တယ်။ ဒါပေမယ့် လုံးဝမစဉ်းစားပဲလုပ်မယ်ဆိုရင်ရော...
ကျွန်တော်တို့ရဲ့ဇာတ်လိုက်ကျော်ကြီး တက်တစ်ယောက် တစ်ညလောက်ဘာမှမစဉ်းစားဘဲလုပ်မိတဲ့အခါ ဘာတွေဖြစ်လာမလဲဆိုတာကို ကြည့်လိုက်ကြရအောင်...
Telegram Link - https://t.me/Binge_Watchers_Official/34
Binge Watchers
Visit Us Anytime
08/05/2023
How I Met Your Mother
Season 1 Episode 9 - Belly Full of Turkey
ကျွန်တော်တို့နိုင်ငံမှာ အခါကြီးရက်ကြီးတွေတော်တော်များများရှိပေမယ့် Thanksgiving Day ဆိုတဲ့ကျေးဇူးတော်နေ့တော့ မရှိသေးပါဘူး။ ကျေးဇူးတော်နေ့မှာ အများကောင်းကျိုးအတွက် ပရဟိတလုပ်ငန်းတွေလုပ်ဆောင်ကြပြီး ကုန်ဆုံးလေ့ရှိကြပါတယ်။ ဒီအပိုင်းကတော့ ကျေးဇူးတော်နေ့မှာ မာရှယ့်ရဲ့အိမ်ကို လိုက်သွားတဲ့လီလီ့ရဲ့အကြောင်းကို အသားပေးဖော်ပြထားတာဖြစ်ပြီး မိသားစုအသစ်တစ်ခုမှာဝင်ဆံ့အောင်လုပ်ဖို့ ဘယ်လောက်အထိခဲယဉ်းလဲဆိုတာကို တင်ဆက်ပြေသပေးထားတာပဲဖြစ်ပါတယ်။
Telegram Link - https://t.me/Binge_Watchers_Official/33
Binge Watchers
Visit Us Anytime
04/05/2023
How I Met Your Mother
Season 01, Episode 06 - Slutty Pumpkin
ကျွန်တော်တို့ဘဝရဲ့ အချိန်တွေထဲကဘယ်လောက်ကို ပြန်မလာနိုင်တဲ့သူတစ်ယောက်ကိုစောင့်နေရင်းနဲ့ကုန်ဆုံးခဲ့ရဖူးလဲ။ တစ်ချိန်ချိန်တော့ပြန်တွေ့မှာပါဆိုတဲ့ မျှော်လင့်ချက်တစ်ခုတည်းကို အားကိုးပြီးစောင့်နေခဲ့ကြဖူးလား။ ကျွန်တော်တို့ရဲ့ဇာတ်လိုက်ကျော်ကြီး တက်ကတော့ဟောလိုးဝင်းမှာ အမှတ်တမဲ့ဆုံခဲ့တဲ့ မိန်းကလေးတစ်ယောက်ကို တစ်နေ့တော့ပြန်တွေ့မှာပဲဆိုတဲ့မျှော်လင့်ချက်တစ်ခုတည်းနဲ့ ဟောလိုးဝင်းရောက်တိုင်းစောင့်နေခဲ့တာ လေးနှစ်တောင်ကြာခဲ့ပါပြီ။ သူ့ရဲ့ဇာတ်လမ်းလေးကို အားလုံးအတူတူခံစားလိုက်ရအောင်...
Telegram Link - https://t.me/Binge_Watchers_Official/30
Binge Watchers
Visit Us Anytime
Click here to claim your Sponsored Listing.
Category
Culinary Team
Attire
Website
Address
Yangon