Edu Team
EduTeamရဲ့ Reading with us! ဒုတိယပိုင်း 6 ပတ်စာ အစီအစဉ် လေး ပြီးဆုံးသွားခဲ့ပါပြီ။ ဒီအစီအစဉ်လေး ကြောင့် အကျိုးသက်ရောက်မှု့ ရှိခဲ့တယ်ဆိုရင် EduTeam အဖွဲ့သားများအားလုံးက အရမ်းကိုဝမ်းသာပါတယ်လို့ ပြောချင်ပါတယ်။ ဒီ6ပတ်အတွင်းမှာ စာအုပ်တအုပ်ကို ကုန်အောင်ဖတ်သွားတာဘဲဖြစ်ပါတယ်။ 2022 နှစ်စပိုင်းမှာ ကလေးများအတွက် အကျိုးရှိမယ့် နောက်ထက်အစီအစဉ်တွေစတင်ဖို့အတွက်ပြင်ဆင်နေပါတယ်။ နောကိအစီအစဉ်မစခင် အတောအတွင်းမှာ EduTeam မှ Educational quote များ၊ activities များ၊ ပညာရေးဆိုင်ရာ ဆောင်းပါးများ ကို EduTeam စာမျက်နှာ မှ တင်ဆက်ပေးသွားမှာဖြစ်လို့ စောင့်မျှော် ဖတ်ပေးကြပါဦးနော်။
ပိုမိုကောင်းမွန်သော မနက်ဖြန်များအတွက် ...
EduTeam
Reading with us!
Week 6( Lesson 4)
"Duck's visit"
ဒီနေ့ဖတ်မယ့်ပုံပြင်လေးကတော့ "Duck's visit"လို့ခေါ်တယ်နော်။ ပုံပြင်ဖတ်ပြီးသွားရင် မေးခွန်းလေးတွေဖြေရမယ်နော်။ မေးခွန်းလေးတွေဖြေပြီးသွားရင် EduTeam စာမျက်နှာရဲ့ comments မှာအဖြေစစ်ပေးဖို့အတွက်အိမ်စာတင်လို့ရတယ်နော်။ သောကြာနေ့ကနေ ပြီး တနင်္ဂနွေနေ့အတွင်း ဆရာမ က အိမ်စာတွေစစ်ပေးသွားမယ်နော်။
အိမ်စာတင်တယ်ဆိုရင်လဲအဖြေမှားမှာစိတ်မပူပါနဲ့နော်။အဖြေ မှန်မှန်မှားမှား သားတို့သမီးတို့ စိတ်ထဲက ထင်တဲ့ အဖြေကို ရဲရဲသာ ပြောပါနော်။ အဓိက က အဖြေမှန် လို့အမှတ်ရမယ်ဆိုတာထက် သားတို့သမီးတို့ရဲ့စိတ်ထဲကစဉ်းစားပြီး ပြောတာကို ဆရာမတို့ကလိုချင်ပါတယ်နော်။အမှားဖြစ်မှာကို ကြောက်တာ ရှက်တာ စိတ်ပူတာမဖြစ်ပါနဲ့ေနာ်။ မှားရင် အမှန်ကို ဆရာမတို့က ပြောပြပေးမှာ ဖြစ်လို့ ရဲရဲသာ ကိုယ်ထင်တာကိုဖြေပေးပါနော်။
EduTeam နှင့်အတူ ကလေးငယ်များ စာဖတ်စွမ်းရည်တိုးတက်ဖို့ ကြိုးစားကြရအောင်။
ပိုမိုကောင်းမွန်သော မနက်ဖြန်များအတွက် ...
EduTeam
Click here to claim your Sponsored Listing.
Category
Website
Address
Yangon