EDF-Myanmar
16/05/2025
မြန်မာနိုင်ငံငလျင်ပြန်လည်ထူထောင်ရေးအကူအညီအဖြစ် ဂျပန်အလှူရှင်များမှ EDF - Japan (Minsai Center) မှတဆင့်လှူဒါန်းသော ထောက်ပံ့ငွေကို EDF - Myanmar အဖွဲ့သားများမှ နေပြည်တော်တိုင်းဒေသကြီးရှိ ကုတင်တစ်ထောင်ဆေးရုံကြီးနှင့် ယာယီ ဆေးရုံ၊ ဥတ္တရသီရိမြို့နယ် ကယ်ဆယ်ရေးစခန်း၊ ပျဉ်းမနားမြို့ ကယ်ဆယ်ရေးစခန်းများသို့ အိမ်ထောင်စု (၁၀၀)စာအတွက် သွားရောက်လှူဒါန်းပေးခဲ့ပါသည်။
ဂျပန်မှအလှူရှင်များအား ကျေးဇူးအထူးတင်ရှိပါသည်။
★ http://edfmyanmar.org/
# EDF-MyanmarAddress အမှတ် (၅၂) ပထမထပ်၊ ဈေးကြီးလမ်း၊ ဈေးကြီးအရှေ့ရပ်ကွက်၊ ကြည့်မြင်တိုင်မြို့နယ်၊ ရန်ကုန်မြို့။
Contact📞09893687700, 09664357853 ✉[email protected] ✉[email protected]
12/09/2024
EDF-Myanmar မှ ထန်းတပင်မြို့နယ် ထိန်နှစ်ပင်အခြေခံပညာမူလတန်း(လွန်)ကျောင်းသို့ အဆင့်မြင့်သန့်စင်ခန်းဆောက်လုပ်လှူဒါန်းပေးအပ်ခြင်းအခမ်းအနား🎉
၂၀၂၄ ခုနှစ် စက်တင်ဘာလ ၅ ရက်နေ့တွင် EDF-Myanmar သည် မြန်မာနိုင်ငံ ရန်ကုန်တိုင်းဒေသကြီး ထန်းတပင်မြို့နယ်တွင်တည်ရှိသော ထိန်နှစ်ပင်အခြေခံပညာမူလတန်းလွန်ကျောင်းသို့ အဆင့်မြင့်သန့်စင်ခန်းဆောက်လုပ်လှူဒါန်းပေးအပ်ခြင်းအခမ်းအနားကိုကျင်းပခဲ့ပါသည်။
EDF-Myanmar မှ ၂၀၂၃ ခုနှစ် တွင် ထန်းတပင်မြို့နယ် ထိန်နှစ်ပင်အခြေခံပညာမူလတန်းလွန်ကျောင်းသို့ ပညာသင်ဆုထောက်ပံ့ကြေးသွားရောက်ပေးအပ်သည့်အချိန်တွင် ကျောင်းအုပ်ဆရာမကြီးမှ EDF-Myanmar မှ Managing Director U Zin Zaw Zaw Maung အား ကျောင်းတွင် ကျောင်းသား/သူမှား သန့်စင်ခန်းအသုံးပြုရာတွင်ခက်ခဲမှုအခြေအနေများကို တိုင်ပင်ဆွေးနွေးခဲ့ပါသည်။ EDF-Myanmar မှ Managing Director U Zin Zaw Zaw Maung သည် EDF-Japan မှတာဝန်ရှိလူကြီးမင်းများနှင့် ဆွေးနွေးတိုင်ပင်၍ အလှူရှင်ကိုကြိုးစားရှာဖွေခဲ့ပါသည်။ ထို့နောက် EDF-Myanmar မှကျောင်းတွင်းကွင်းဆင်းလေ့လာမှုများပြုလုပ်ခဲ့ပီး အဆင့်မြင့်သန့်စင်ခန်းဆောက်လုပ်လှူဒါန်းမှုဆိုင်ရာလုပ်ငန်းများစတင်ဆောင်ရွက်ခဲ့ပါသည်။
စက်တင်ဘာလလ (၅)ရက်နေ့တွင် အဆင့်မြင့်သန့်စင်ခန်းဆောက်လုပ်လှူဒါန်းပေးအပ်ခြင်း အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်ပညာရေးမှူး၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ ကျောင်းကော်မတီ အဖွဲ့ဝင်များ၊ ရပ်မိရပ်ဖများ၊ ဆရာ/ ဆရာမများနှင့် ကျောင်းသား/သူများ တက်ရောက်ဂုဏ်ပြုချီးမြှင့်ခဲ့ပါသည်။ အခမ်းအနားတွင် EDF-Myanmar မှ Managing Director U Zin Zaw Zaw Maung မှ အဆင့်မြင့်သန့်စင်ခန်းတည်ဆောက်ပေးရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး ကျောင်းအုပ်ဆရာမကြီးမှလည်း အဆင့်မြင့်သန့်စင်ခန်းဆောက်လုပ်လှူဒါန်းပေးမှူအပေါ် ဂျပန်အလှူရှင်များနှင့် EDF-Myanmar မှ တာဝန်ရှိလူကြီးမင်းများအား ကျေးဇူးတင်ရှိကြောင်းပြောကြားခဲ့သည်။
အခမ်းအနားတွင် အဆင့်မြင့်သန့်စင်ခန်းအား EDF-Myanmar မှ Managing Director U Zin Zaw Zaw Maung၊ ကျောင်းအုပ်ဆရာမကြီးနှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပါသည်။ တာဝန်ရှိလူကြီးများနှင့်ကျောင်းသား/သူများမှလည်း အဆင့်မြင့်သန့်စင်ခန်းအားလှည့်လည်ကြည့်ရှုခြင်း နှင့် အမှတ်တရဓာတ်ပုံများရိုက်ကူးခြင်းဖြင့် အခမ်းအနားကို အောင်မြင်စွာကျင်းပပြုလုပ်နိုင်ခဲ့ပါသည်။
★ http://edfmyanmar.org/
# EDF-MyanmarAddress အမှတ် (၅၂) ပထမထပ်၊ ဈေးကြီးလမ်း၊ ဈေးကြီးအရှေ့ရပ်ကွက်၊ ကြည့်မြင်တိုင်မြို့နယ်၊ ရန်ကုန်မြို့။
Contact📞09893687700, 09664357853 ✉[email protected] ✉[email protected]
22/11/2022
Tokyo Lions Club Foundation မှ မြန်မာနိုင်ငံ ရန်ကုန်မြို့ ထန်းတပင်မြို့နယ် ရိုးဂွအခြေခံပညာအထက်တန်းကျောင်းခွဲရှိ ကွန်ပျူတာစာသင်ခန်းအားပြန်လည်ပြူပြင်မွမ်းမံပေးခဲ့ပါသည်။ ၂၀၂၂ အောက်တိုဘာလ ၂၆ရက်နေ့တွင် ပြန်လည်မွမ်းမံထားသေကွန်ပျူတာစာသင်ခန်းအသစ်လွဲပြောင်းပေးအပ်ပွဲအခမ်းအနားသို့ Tokyo Lions Club Foundation ကိုယ်စား EDF-Myanmar မှ တာဝန်ရှိလူကြီးမင်းများမှ အခမ်းအနားသို့တက်ရောက်ခဲ့ပါသည်။ အခမ်းအနားတွင် YoeGwa ကျောင်းအုပ် ဒေါ်ယဉ်မိုးဦးမှ Tokyo Lions Club Foundation နှင့် EDF-Myanmar မှ တာဝန်ရှိသူများအား ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့ပါသည်။ ပံ့ပိုးပေးထားသော ပစ္စည်းများကို အကောင်းဆုံးအသုံးပြုရန်လည်း ကတိပြုခဲ့ပါသည်။
★ http://edfmyanmar.org/
# EDF-Myanmar
Address
အမှတ် (၅၂) ပထမထပ်၊ ဈေးကြီးလမ်း၊ ဈေးကြီးအရှေ့ရပ်ကွက်၊ ကြည့်မြင်တိုင်မြို့နယ်၊ ရန်ကုန်မြို့။
Contact
📞09893687700, 09664357853
✉[email protected]
✉[email protected]
Click here to claim your Sponsored Listing.
Category
Contact the organization
Telephone
Website
Address
No. 52(1F) Zay Gyee Street, Kyeemyindaing Township
Yangon
Opening Hours
| Monday | 09:00 - 17:00 |
| Tuesday | 09:00 - 17:00 |
| Wednesday | 09:00 - 17:00 |
| Thursday | 09:00 - 17:00 |
| Friday | 09:00 - 17:00 |