My Note

My Note

Share

22/05/2022

တချို့သောသူတွေက အရမ်းကြောက်ဖို့ကောင်းတယ်
အပေါ်ယံဟန်ဆောင်ကောင်းပြီး
နောက်ကွယ်ရာမှာကြ သူတို့မဟုတ်သလို
ဟန်ဆောင်သိပ်ကောင်းကြတယ်။

ကိုယ့်ရှေ့မှာသူတို့မဟုတ်သလို အပြုံးတုတွေပေးတတ်ကြပီ
ကိုယ့်နောက်ကွယ်ကြ
လူပီသ သလိုနေတတ်ကြတယ်။

တချို့သောသူတွေက သကြားနဲ့ဆားလိုပါပဲ
ဖြူတာချင်းတူပေမယ့်
အတွင်းကောက်တွေ။

အပေါ်ယံဟန်ဆောင်တတ်တဲ့သူတွေကြားမှာ
ကိုယ့်ဘက်ကရိုးသားစွာနေလိုက်ပါ
ရိုးသားမှုဆိုတာ အရမ်းစျေးကြီးတဲ့
အရာတစ်ခုဖြစ်တယ်။


ွေးရသစာစုလေးများ
19.5.2022

Credit to Owner🙏

Photos from My Note's post 18/05/2022

စိတ်ညစ်တာကို အစားနဲ့ဘဲအပန်းဖြေတယ်🍧🍨🥧🍰🍩🍿🍜🥙🥐🍳

Crd_photo

16/05/2022

👌

Photo Crd

Photos from My Note's post 15/05/2022

🤭

Crd_photo

14/05/2022

စကားပြောနည်း
--------------------

အရေးကြီးသည့်ကိစ္စ - ရှင်းရှင်းလင်းလင်းပြောပါ။
အရေးမကြီးသည့်ကိစ္စ - ဟာသနှော၍ ပြောပါ။

မပိုင်နိုင်သောကိစ္စ - ဆင်ဆင်ခြင်ခြင် ပြောပါ။
ပိုင်နိုင်သောကိစ္စ - အကိုးအကားနှင့် ပြောပါ။

ပျော်ရွှင်ဖွယ်ကိစ္စ - အချိန်နှင့် အခါကို ကြည့်ပြောပါ။
မပျော်ရွှင်ဖွယ်ကိစ္စ - လူနှင့် နေရာကို ကြည့်ပြောပါ။

သူတစ်ပါးကိစ္စ - သတိထားပြီးပြောပါ။
ကိုယ့်ကိစ္စ - သူများပြောတာနားထောင်ပါ။

မဖြစ်ပျက်သေးသည့်ကိစ္စ - လက်လွတ်စပယ်မပြောသင့်။
မလုပ်နိုင်သေးသည့်ကိစ္စ - ကတိလွယ်လွယ်မပေးသင့်။
အကျိုးယုတ်မည့်ကိစ္စ - လုံးဝမပြောသင့်။

မသိနိုင်သည့်ကိစ္စ - လစ်လျူရှုပါ။
မဖြစ်နိုင်သည့်ကိစ္စ - လစ်လျူရှုပါ။

မကူနိုင်သည့်ကိစ္စ - လမ်းပြပါ။
မတတ်နိုင်သည့်ကိစ္စ - အရှုံးပေးပါ။

သူတစ်ပါးစကားမှားသော် - ဖော့ပေးပါ။
မိမိစကားမှားသော် - ထောက်ခိုင်းပါ။

သူတစ်ပါးစကားလမ်းလွဲသော် - ပြန်တည့်ပေးပါ။
မိမိစကားလမ်းလွဲသော် - တောင်းပန်ပါ။

မပြောမှီစဉ်းစား.....စဉ်းစားပီးမှပြော......
ပြောပီးစကား.........ပြန်စဉ်းစား..........
အမှားတကာ..အမှားထဲ...စကားမှားခြင်းက.....
ချစ်ခင်မှု...အရာရာပျက်ပြားစေပါတယ်.........

တစ်ပါးသူနားမခံသာ...
စိတ်ထိအောင်မပြောရ....ကိုယ့်စကားကြောင့်....
တပါးသူအကျိုးရှိစေက....မဖြစ်မနေပြောပါ.......

အမှန်စကားခါးသည်....သို့သော်...ချိုသာသော....
မုသားသုံးပြောဆိုပါက.....တရားပါသည်။
မသိသောစကား..နှုတ်ဆိတ်နေခြင်းက......
မင်္ဂလာ တရားနှင့်ညီပါသည်........

ငါသာသိ...ငါသာတတ်..ဟူ၍...မပြောပါနှင့်...
စကားကိုမျှပါ...စကားကိုလု မပြောပါနှင့်.......
သူစကားဆုံးပီးမှ..ကိုယ်စကားစပြောပါ.........

စကားသည်အမှားပါတတ်၍....ထိမ်းပြောခြင်း.....
ဖြင့်...လိုသလောက်သာပြောပါ......
သူတပါးသည်....ကိုယ့်စကားနားမဝင်ပုံထောက်....
လျှင်အပြောရပ်၍..လမ်းကြောင်းလွှဲကာ..နှုတ်ဆက်ပါ..

စကားကြောင့်ပြုံး....စကားကြောင့်မုန်း။
တတ်သောကြောင့်..ချိုသာစွာပြောတတ်ပါစေ...

ဆရာ လယ်တွင်းသားစောချစ်

#𝐓𝐘𝐃𝐍𝐇𝐌𝐘𝐀𝐍𝐌𝐀𝐑
#မူရင်းPost ပိုင်ရှင်အားCreditပေးပါသည်။

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Category

Culinary Team

Attire

Website

Address


Yangon