Min Galar Par

Min Galar Par

Share

24/12/2025

Chainsaw Man – The Movie: Reze Arc (2025)
------------------------------------------------------
IMDB - 8.5/10, MyAnimeList - 9.1/10

ဒီကောင်ကတော့ Demon Slayer:Infinity Castle ရုံတင်ပြီး ၂ လအကြာမှ ရုံတင်တာဖြစ်ပေမဲ့ Digital Release ကတော့ သူများထက်စောပြီး ထွက်ရှိလာခဲ့ပါပြီ။ အဲဒါကြောင့် ပရိသတ်တွေအတွက် အမြန်ဆုံးတင်ဆက်ပေးလိုက်ရပါတယ်။ ဇာတ်လမ်းကတော့ Standalone မဟုတ်ပဲ Season 1 အပြီး တိုက်ရိုက်ဆက်ထားတာကြောင့် S1 မကြည့်ရသေးရင် အရင်ကြည့်ပြီးမှ ဒါကို ကြည့်စေချင်ပါတယ်။ (Season 1 ကိုလည်းတင်ဆက်ပေးပြီးသားပါ) ကဲ ဒီတော့ Katana Man ဖြစ်ရပ်တွေအပြီးမှာ မောင် Denji တစ်ယောက် Gun နတ်ဆိုးကောင်ကို လိုက်ရှာဖို့ ငါးမန်းမိစ္ဆာတစ်ကောင်နဲ့ အတူတူတွဲလုပ်ရမယ်ဆိုပြီး အီးမှန်နေတဲ့အချိန် Makima ကနေ ဒီနွားကလေးတော့ ထိန်းရတော့မယ်ဆိုပြီး သူနဲ့အလုပ်တူတူတွဲလုပ် ငါ နင်နဲ့ ဒိတ်ပေးမယ်ဆိုပြီး အိပ်မက်တွေပေးလိုက်ပြီး တကယ်လည်း ဒိတ်ပေးခဲ့လိုက်ပါတယ်။ အဲဒီမှာ ဘဝတလျှောက် ကြုံခဲ့သမျှ မိန်းကလေးတွေဆို သူ့ကို သတ်ချင်တဲ့လူတွေပဲဖြစ်နေလို့ စိတ်ပျက်နေတဲ့ Denji အတွက် Makima-san လေးကို သူမှလွဲ၍တခြားမရှိဆိုသလို နတ်ဘုရားမအဖြစ် ကိုးကွယ်ချစ်ကြည်နူးနေတဲ့အချိန် မိုးထဲလေထဲတစ်ရက် ဖုန်းရုံလေးထဲ ဝင်ခိုနားတုန်း ကော်ဖီဆိုင်မှာ အလုပ်လုပ်ပြီး ချစ်စဖွယ်အကျင့်စရိုက်လေးနဲ့ Reze ဆိုတဲ့ကောင်မလေးက သူ့ရင်ထဲ ဝင်ရောက်လာတဲ့အချိန်မှာတော့... စကီလေးနှစ်ယောက်နဲ့ ဗျာများတော့မယ့် Denji တစ်ကောင် ဘာတွေဆက်ဖြစ်မလဲဆိုတာ ကြည့်ရမှာဖြစ်ပါတယ်။ ဇာတ်လမ်းအစပိုင်း နာရီဝက်လောက် ဇာတ်လမ်းကိုပျိုးနေလို့ စကားပြောခန်းတွေနဲ့ Romance ဆန်ဆန်လေး ခံစားရမယ်ဆိုပေမဲ့ ပြီးသွားတာနဲ့ ဇာတ်ကားပြီးတဲ့ထိ တောက်လျှောက်ရှယ်ကြုံးရှယ်ဖိုက်တာကို အသက်ရှုဖို့မေ့ရလောက်အောင်ပါ ကြည့်ရမှာပါ။ Rating တွေလည်းရှယ်ပဲ.... နောက်ပြီး Chainsaw Man ဆိုတော့ တအားလည်း ညွန်းမနေချင်တော့ဘူး၊ ရုံမှာ မကြည့်ခဲ့လိုက်ရဘူးဆိုရင်တော့ သူများထက်ဦးအောင်အပြေးသာကြည့်လိုက်ကြပါတော့လို့...။

(Anime ကားဆိုပြီး ကလေးကြည့်မထင်ပါနဲ့နော် R-Rated ဖြစ်တာကြောင့် သတိထားပြီး ကြည့်ရှူစေလိုပါကြောင်း
Duration…. 1h 40m
Genre ..... Anime, Action, Fantasy
... channal myanmar

19/12/2025

Tharae The Exorcist (2025)
====================
လူတိုင်းမှာ ယုံကြည်ရာကိုယ်စီရှိကြသလိုပဲ ဒီထရယ့်ရွာကတော့ ဘိုးဘေးသရဲတွေကို သက်ဝင်ယုံကြည်ကြပါတယ် ထရယ့်ရွာမှာ တစ္ဆေဆိုးတကောင်ဟာ လူကိုယ်ထဲဝင်ပူးပြီး ဘေးပတ်ဝန်းကျင်ကသူတွေကို ဖုတ်သဖွယ် လိုက်လံစားသုံးပါတယ် ဒါကြောင့် ဖာသာပေါင်လိုက မိစ္ဆာနှင်ဖို့ ဒီရွာကို ရောက်လာပါတော့တယ် ဒါပေမယ့် မိစ္ဆာက တော်တော်ကိုမှ အကောင်ကြီးနေပါပြီ။ ရွာခံ နတ်ဆရာမ မယ်တော်ဆိုဖာကလည်း သူ့ရဲ့တတ်ကျွမ်းတဲ့ပညာနဲ့ နှင်ဖို့ကြိုးစားနေတာကြောင့် ဖာသာပေါင်လိုနဲ့ မယ်တော်ဆိုဖာတို ပူးပေါင်းမိခဲ့ရာမှာတော့ ဒီမိစ္ဆာဆိုးကြီးကို နှိမ်နင်းနိုင်သွားပါ့မလားဆိုတာ စိတ်ဝင်တစားကြည့်ရှုရမဲ့ သရဲကားကောင်းလေး တကားပါ။
Duration…. 01:53:00
... channal myanmar

17/12/2025

The Running Man (2025)
====================
IMDb Rating (6.7) / Rotten Tomatoes (64%)

Stephen King ရဲ့ ဝတ္ထုတွေကိုအခြေခံပြီး ရိုက်ကူးတဲ့ရုပ်ရှင်တွေထဲကမှ သရုပ်ဆောင် Glen Powell ရဲ့ The Running Man ကားအသစ်ထွက်လာပါပြီ။

သားနို့စ်သရုပ်ဆောင် Josh Brolinနဲ့ A list သရုပ်ဆောင်တွေအများကြီးပါဝင်ထားတာပါ။ ဒါရိုက်တာကလည်း Baby Driver နဲ့ Last Night in Soho တို့ကို ရိုက်ကူးတင်ဆက်ထားတဲ့ Edgar Wrightဖြစ်တဲ့အတွက် ပေါ့ပေါ့ပါးပါး ခပ်မြူးမြူးနဲ့ Non stop actionတွေဘက်ကိုသွားထားတာပါ။

The Running Man စာအုပ်ကို အခြေခံထားတဲ့ ဒီရုပ်ရှင်မှာလည်း ပိုက်ဆံလိုနေတဲ့ လူတစ်ယောက်က The Running Man လို့ခေါ်တဲ့ TV အစီအစဥ်မှာ ဝင်ပါတယ်။ ရက် ၃၀ ကြာမယ့် ဒီပြိုင်ပွဲမှာ ရက်ကြာကြာ အသက်ရှင်လေလေ ငွေသားဆုကြေး ကြီးကြီးရလေပဲ။

ဒီရက် ၃၀ အတွင်းမှာတော့ သူနဲ့ တခြားပြိုင်ပွဲဝင်တွေကို Hunters လို့ခေါ်တဲ့ မုဆိုးတွေကရက် ၃၀ မခံအောင် ဝိုင်းရှင်းကြတာမျိုးပေါ့။ ဒါပေမဲ့ ဘန်ရစ်ချတ်ဆိုတဲ့လူကတော့ ဒီမုဆိုးတွေကိုပြန်ဖြုတ်ရင်း သားကောင်ကနေ မုဆိုးဖြစ်ကာ ပရိတ်သတ်အကြိုက်ဆုံး Reality Show ဇာတ်ကောင်ဖြစ်လာတယ်။

ကြည့်ရတဲ့ ပရိတ်သတ်အတွက် တီဗီအစီအစဉ်ဆိုပေမဲ့ အထဲမှာပါတဲ့လူတွေအတွက်တော့ တကယ့် Survival ငရဲတွင်းကြီးပါပဲ။ ရစ်ချတ်တစ်ယောက်ဂိမ်းရဲ့စည်းမျဉ်းတွေကိုဖောက်ထွက်ပြီး ဘယ်လိုအောင်မြင်အောင်ဆော့ပြသွားမလဲဆိုတာကတော့ အတော်လေးစိတ်ဝင်စားဖို့ကောင်းတဲ့ကားပါ။
Duration... 2hr16min
Genre…. Action,Science Fiction,Thriller
... channal myanmar

10/12/2025

Jingle Bell Heist (2025)
==================
IMDb Rating (5.8) / Rotten Tomatoes (60%)

ခရစ်စမတ်အရသာအပြည့်ရမယ့် ဟာသအက်ရှင်စုံထောက် Netlflix ကားလေး ထွက်လာပါတယ်။
မင်းသားကလည်း S*x Education ထဲက Connor Swindells ပါ။

ခရစ်စမတ်ပစ္စည်းတွေရောင်းပြီး သန်းကြွယ်သူဌေးဖြစ်နေတဲ့ မက်စ်ဝဲစတာလင်ဆိုတဲ့ သူဌေးကြီးရဲ့ မီးခံသေတ္တာအခန်းကို သူ့လုံခြုံရေး ဝန်ထမ်းနဲ့ အရောင်းစာရေးမလေး နစ်ခ်နဲ့ ဆိုဖီယာတို့ပေါင်းပြီး ရတနာတွေခိုးဖို့ ကြိုးစားကြတဲ့ ဇာတ်လမ်းဖြစ်ပါတယ်။

ဒါပေမဲ့ စတာလင်ဆိုတာ အများထင်သလို မြို့မျက်နှာဖုံးသူဌေးကြီးမဟုတ်ဘဲ နောက်ကွယ်မှာ မကောင်းမှုလျှို့ဝှက်ချက်တွေရှိနေတဲ့ အရေခြုံတစ်ယောက်ဖြစ်ကြောင်းကို
နစ်ခ်နဲ့ ဆိုဖီယာတို့သိရှိသွားတဲ့အချိန်မှာတော့ စတာလင်ရဲ့ ရတနာတွေကိုခိုးယူပြီး သူ့အကြောင်းကိုပါ ဖော်ထုတ်ဖို့ ကြိုးစားကြပါတော့တယ်။
Genre…. Comedy, Romance
Duration...1hr36min
... channal myanmar

03/12/2025

Nobody (2025)
============
2D Animation ကားကောင်းလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်....ဒီကားလေးကတော့ Journey to The West ကိုကိုးကားပြီး
ဖန်တီးထားတဲ့ လန်လန်တောင်ကမိစ္ဆာလေးတွေရဲ့ ဟာသဇာတ်လမ်းလေးပဲဖြစ်ပါတယ်။ကောင်းကင်ကိုထိုးဖောက်နိုင်တဲ့
အစွမ်းမရှိလဲ ကျမ်းစာကိုပင့်ဆောင်ဖို့ ခရီးကိုစတင်နိုင်မလား...ဇာတ်လမ်းလေးကတော့

အညတရတောဝက်မိစ္ဆာလေးက မိစ္ဆာမင်းကြီးတွေရဲ့ဖိနှိပ်မှုကြောင့် လန်လန်တောင်ကနေထွက်သွားဖို့ဆုံးဖြတ်လိုက်ပါတယ်
ဒီလိုဆုံးဖြတ်ပြီးတဲ့နောက်မှာတော့ ဖားမိစ္ဆာ၊ ဖျံမိစ္ဆာနဲ့ မျောက်ဝံမိစ္ဆာတို့ကိုစုစည်းပြီးတော့ အနောက်အရပ်ကိုကျမ်းစာသွားပင့်မယ့်
ထန်စန်းနဲ့တပည့်တို့ အဖွဲ့အယောင်ပြီး အနောက်အရပ်ကို အကြံအဖန်ခရီးစဉ်စတင်ပါတော့တယ်
အနောက်အရပ်ကိုသွားတဲ့ဒီခရီးမှာ စွန်းဝူခုန်းတို့လိုအစွမ်းကြီးတွေမရှိတဲ့ ဒီမိစ္ဆာငယ်လေး(၄)ကောင်က
ဘယ်လိုစမ်းသပ်မှုတွေနဲ့ တွေ့ကြုံရမလဲ......အနောက်အရပ်ကိုသွားတဲ့ခရီးမှာ ဘယ်လိုအခက်အခဲတွေရှိလာမလဲ
ဘယ်လိုအသိတရားတွေရလာပြီးတော့ နောက်ဆုံးမှာတော့ သူတို့ရှင်သန်ချင်တဲ့ ဘဝပုံစံအတိုင်း ရှင်သန်သွားနိုင်မလားဆိုတာ...
Genres : Animation, Adventure, Fantasy, Comedy
Runtime : 1h 58 min
... channal myanmar

Want your establishment to be the top-listed Arts & Entertainment in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


Min
Yangon

Opening Hours

Monday 09:00 - 19:30
Tuesday 09:00 - 19:30
Wednesday 09:00 - 19:30
Thursday 09:00 - 19:30
Friday 09:00 - 19:30
Saturday 09:00 - 19:30
Sunday 09:00 - 19:30