U Naing
07/08/2021
ကိုဗစ်ကိစ္စမပေါ့သင့်
လူအများစုက ကိုယ့်ကိုယ်ကို ကိုဗစ်ဖြစ်မဖြစ်
ဆိုတာကို အနံ့ပျောက်မပျောက်နဲ ့တိုင်းတာ
ကြတာများပါတယ်။
အနံ့ပြန်ရလာတော့လည်း ကိုယ်ဗစ်ပျောက်ပြီလို့
ယူဆကြပြန်ပါတယ်။
ကျွန်တော့်လူနာ တချို့ဆိုရင် အနံ့ပြန်ရလာတာ
နဲ့ဆေးရုံကဆင်းပြီး အိမ်ပြန်ချင်ကြတာများတာက
အပြစ်မဟုတ်ပေမယ့် ဆေးသောက်ဖို့မလိုတော့ဘူး
လို့ တယူသန်ကြတာ အရမ်းပြောရခက်ပါတယ်။
ကိုဗစ်က နှာခေါင်းရောဂါမဟုတ်ပါဘူးခများ
ကိုဗစ်က အဆုတ်ကိုတိုက်ခိုက်တဲ့ပိုးဖြစ်ပါတယ်။
တိတိကျကျပြောရရင် Angiotensin Converting Enzyme (ACE)
ကိုတိုက္ခိုက္တာပါ။
အသက်ရှူ လေပြွန်ကတဆင့် ခန္ဓာကိုယ်ထဲက
သွေးနဲ့အောက်ဆီဂျင် ပမာဏကို ညီမျှအောင်
ပြောင်းလဲပေးတဲ့(ACE) စနစ်ကို ကမောက်ကမ
ဖြစ်အောင်တိုက်ခိုက်ပါတယ်။
ဒီလိုတိုက်ခိုက်တဲ့နေရာမှာ
အဆုတ်၊အသဲ၊နှလုံး၊ သရက်ရွက်၊ကျောက်ကပ် တို့ပါ ကိုဗစ်ရဲ့ဒဏ်ကို ခံကြရပါတယ်။.
ပထမ Sinuses တွေကိုတိုက်ခိုက်တယ်။
ဒါကြောင့် နှာခေါင်းပိတ်တာ၊ အနံ့ပျောက်တာ
တွေဖြစ်တာပါ။
အဲ့ဒီကတဆင့် လျှာနဲ့ လည်ချောင်းကိုတိုက်ခိုက်
ပါတယ်။လည်ချောင်းနာတာ၊ အရသာပျက်
ခံတွင်းပျက်တာတွေဖြစ်ပါတယ်။
၂ ပါတ်အတွင်းမှာ ဒီပိုးကို နိုင်နင်းအောင်မကုသ
ရင် အသက်ရှူလေပြွန်ဝ ကိုစတင်တိုက်ခိုက်လာပြီ
ဖြစ်လို့ ချောင်းဆိုတာ စတင်လာတတ်ပါတယ်.
လူတချို့က (၂)ပါတ်လောက် ဖျား၊အနံ့ပျောက်
တာ ပြန်ရလာရင် ကိုဗစ်ပျောက်ပြီလို့ ထင်ကြတာ
အရမ်းစိုးရိမ်စရာပါ။
ချောင်းဆိုးလာရင် ကျွန်တော်ပြောခဲ့သလို အမြန်
ဆုံးပျောက်အောင် ကုသကြဖို့ပါ။ကျွန်တော်ကတော့ Augmentin-625 mg ကို
ပေးပါတယ်။
အနံ့ပြန်ရလာပြီးချောင်းဆိုးလည်းပျောက်လွိုဆို
ပြီးမပေါ့ကြစေချင်ပါဘူး။
ကိုဗစ်ပိုးဟာ အဆုပ်ထဲ ရောက်သွားရင် အသက်
ရှူကြပ်တာတွေ၊ အောက်ဆီဂျင်ကျတာတွေ ဖြစ်
လာမှာပါ။
ကိုဗစ်ပိုးကြောင့် အဆုတ်ဟာ လေရှူအိတ်လို
ပျော့ပျော့ပြောင်းပြောင်း မဖြစ်တော့ဘဲ မာခဲ
လာပြီး အသက်ဆုံးကြတာပါ။
တချို့ကတော့ အသက်ရှူလေပြွန်ထဲမှာရှိတဲ့
Mucus တွေပြစ်ခဲပြီး အသက်ရှူရပ်သွားကြရ
တာပါ။
ကိုဗစ်ခံစားရပြီးရင် လူဟာအတော်ကိုပင်ပမ်းပါ
တယ်။တိုက်ခိုက်ခံရတဲ့ organ တွေ
အလုပ်ကောင်းကောင်း
ပြန်လုပ်နိုင်ဖို့ဆိုရင်
လူငယ် ၃ လ
လူကြီး ၄ လအထိ အနားယူရပါမယ်။
ဒီကြားထဲချောင်းဆိုလာရင် အသက်ရှူကြပ်လာရင်
ဆေးရုံကိုသွားတာအကောင်းဆုံးပါ။
ဒေါက်တာစိုးဝင်းကျော် (Cardiologist) M.B.Bs. M.Med.Sc. M.R.C.P (UK)
F.R.C.S. Dr. Med.Sc (Cardiology)
Public Hospital Suprintendent
06/08/2021
#ယောဆရာတော်ဘုရားကြီး၏
#မေတ္တာပို့ဆုတောင်း
ကိုဗစ်မလာ၊ လူများစွာ၊
ရောဂါ အမြဲ ကင်းပါစေ။
ကိုဗစ်ရောက်လာ၊ လူများစွာ၊
ရောဂါ အမြန်ပျောက်ပါစေ။
ကျန်းမာသူမှာ၊ ပိုကျန်းမာ၊
လျင်စွာ ကုသိုလ်ပြုနိုင်စေ။
ချမ်းသာသူမှာ၊ ပိုချမ်းသာ၊
လျင်စွာ ကုသိုလ်ရပါစေ။
(တိပိဋကယောဆရာတော်)
Click here to claim your Sponsored Listing.
Category
Website
Address
Sanpya 5th Street
Yangon
11071