CK Beauty Collection
CK Beauty ဆိုင်အား
22-5-2026 (သောကြာနေ့)မှ 27-5-2026 (ဗုဒ္ဓဟူးနေ့) ထိ ခေတ္တဆိုင်ပိတ်ထားပါသည်ရှင့်
28-5-2026 (ကြာသာပတေး )နေ့တွင် ပြန်လညိဖွင်
့လှစ်ပါမည် ရှင့် 🥰
MPC lipstick full size များ လက်လီရောလက္ကားပါ ရပါတယ်နော်
Price 👉🏻 38000ks
Tiktok link : http://tiktok.com/
💄အိမ်အရောက် Delivery လဲရှိလို့ Ph ဆက်ပြီးလဲ မှာယူနိုင်ပါတယ်
ဆိုင်အမှတ် G(106),
(48)လမ်း အလယ်ဘလောက် ၊
(9)ရပ်ကွက်၊ ဗိုလ်တထောင်မြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး။
📱09799990617
📱09799990621
16/05/2026
ကိုယ့်မျက်နှာပေါ်မှာ ဆဲလ်သေတွေ စုပုံနေပြီ၊
ချွေးပေါက်တွေ ပိတ်နေပြီဆိုရင်တော့ ကိုယ်လိမ်းတဲ့
Skincare တွေက အသားထဲ စိမ့်ဝင်မှု အားနည်းပြီး
လိမ်းရကျိုး မနပ်မှာ အသေအချာပါပဲ🥹
အဲလိုမဖြစ်ရအောင် ဆဲလ်သေနဲ့ အညစ်အကြေးတွေ
ပုံမှန်ဖယ်ရှားပေးတဲ့ exfoliating step ကို တစ်ပတ်
တစ်ခါ or နှစ်ခါ လုပ်သင့်ပါတယ်နော်။
exfoliating step ထည့်ပေးခြင်းဖြင့်
တစ်ပတ်တာလုံးလိမ်းထားတဲ့ ကိုယ်မျက်နှာပေါ်က Skincare residue တွေ၊ ဖုန်မှုန့်နဲ့ အညစ်အကြေးတွေ၊ ဆဲလ်သေတွေ ဖယ်ရှားပြီးသားဖြစ်သွားစေမှာပါ။
ဒါ့အပြင် သူတို့က ချွေးပေါက်အတွင်းပိုင်းထိ သန့်စင်ပေးတာဖြစ်လို့ ချွေးပေါက်ကျယ်တာ သက်သာစေသလို အဆီဖုနဲ့ ဆားဝက်ခြံမဖြစ်အောင်လည်း ကာကွယ်ပြီးသားဖြစ်စေပါတယ်။
Exfoliating step အတွက် GG Mugwort Heating Packလေး ရှိပါမယ်နော်။
အားလုံးနီးပါး သိပြီးသားဖြစ်တဲ့ Graymelin Mugwort Heating Pack လေးကတော့
အဆီပြန် ဝက်ခြံအဆီဖုသမားတွေ အထူးကြိုက်ကြပါတယ်။ သူက ပေါင်းတင်တာထက် ပိုပါတယ်နော်။
သူက အဆီပြန်တာ သိသိသာသာ သက်သာစေသလို
ချွေးပေါက်အတွင်းပိုင်းအထိ အပူငွေ့လေးနဲ့
ဖျော်ပေးတာဖြစ်လို့ မြုံနေတာတွေ အကုန်ပျော်ကျပြီး အဆီဖုနဲ့ ဆားဝက်ခြံပါ သက်သာစေပါတယ်။ ချွေးပေါက်ကျယ်တာကို သိသိသာသာ သက်သာစေပြီး အသားဖြူကြည်စေပါတယ်။
Skincare လုပ်ရတာ ပိုသိသာထိရောက်စေဖို့ ပိတ်ရက်တိုင်းမှာ ပေါင်းတင် ကြေးချွတ်လုပ်ပေးဖို့ မမေ့ပါနဲ့နော်။
Price - 42000 ( 100 ml )
03/05/2026
ဘိုတထောင် 48လမ်း(လယ်)ck beauty မှာinstock ရပါပီ🪷
ဒီ cosrx ရဲ့ salicylic acid daily gentle cleanser ကညတိုင်းသစ်လို့ရတဲ့ night cleanser ပါ။
ဘယ်ကဘယ်လိုအသိမှားကြသလဲမသိပေမယ့်ညတိုင်းသစ်မရဘူး၊ ရက်ခြားပဲသစ်ကြတယ်ဆိုပြီးတွေ့နေကြလို့ညတိုင်းသစ်လို့အဆင်ပြေပါတယ်။ ဒီမျက်နှာသစ်ဆေးမှာက gentle ပြောပေမယ့်မ gentle ပဲတအားပြောင်ပြီး pH level 9 လောက်ရှိနေတာကသာအားနည်းချက်ပါ။ ဒါကိုကညဘက်မှာ moisturizer သေချာပြန်လိမ်းနိုင်ရင်အဆင်ပြေပါတယ်။
ပါတဲ့ BHA (salicylic acid) ကလဲ 0.5% ထဲမလို့ cleanser တစ်ခုအနေနဲ့မပြောပတဲ့ပမာဏပါ။ 1-2 မိနစ်လောက်သစ်ပြီးရေဆေးချရတာမလို့စိတ်ပူဖို့လုံးဝမလိုပါဘူး။ မလုပ်သင့်တာကတော့အရမ်းပြောင်လို့မနက်ခင်း morning cleanser အနေနဲ့သာမသုံးသင့်တာပါ။ မနက်မှာကညကလိမ်းတဲ့ skincare အကြွင်းအကျန်နဲ့အဆီအနည်းငယ်အပြင်ဘာမှသိပ်မရှိလို့ pH balanced morning cleanser လေးတွေနဲ့ဆိုရပါပြီ။
မနက်ခင်းကိုအရမ်းပြောင် pH level အရမ်းမြင့်ပြီးတအားခြောက်တဲ့မျက်နှာသစ်ဆေးနဲ့သစ်ရင် အဆီပိုထွက်စေလို့အဆီပိုပြန်တာ၊ oil နဲ့ water balanced မဖြစ်တော့ပဲအသားခြောက်တင်းတာကနေနောက်ဆက်တွဲတွေဖြစ်တဲ့ ဆားဝက်ခြံ၊ အဆီဖု၊ အဆီခဲ၊ အဆီမျှင်၊ ဝက်ခြံမျိုးစုံ၊ ချွေးပေါက်ကျယ်တာနဲ့ dehydrated skin ဖြစ်တာမျိုးတွေဖြစ်လို့ပါ။ ဒီ cosrx ရဲ့ cleanser ရဲအသေးစိတ်ကတော့ dan" ရေးဖူးလို့ဖတ်ချင်ရင်ရှာဖတ်လို့ရပါတယ်၊ ဒါက short touch လေးမလို့ပါ။
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
G51/No (100 ) 48TH Street(middle Block) 9 Ward Botahtaung Township
Yangon
1162