Inkspot creative

Inkspot creative

Share

24/10/2024

Logo ဖန်တီးရာမှာ အသုံးဝင်တဲ့ Website ၅ခု📌

Graphic designer တွေအနေနဲ့ Logo တစ်ခုဖန်တီးတော့မယ်ဆိုရင် Project အတွက်အထောက်အကူဖြစ်စေမယ့် Website ၅ ခုကို ရှာဖွေဖော်ပြပေးလိုက်ပါတယ်📝

1.Milanote💥
https://milanote.com/

Website လေးကတော့ Logo project မှမဟုတ်ပါဘူး အခြား Design project တွေအတွက်လည်း အသုံးပြုသင့်နဲ့ website လေးတစ်ခုပါ။ အသုံးပြုရလွယ်ကူပြီး Design Project တွေအတွက် Moodboard တွေဖန်တီးရာမှာ အသုံးဝင်တဲ့ Website တစ်ခုဖြစ်ပါတယ်။ အကြိုက်ဆုံး အချက်ကတော့ Moodboard ကို PNG,pdf export လုပ်လို့ရတာပါပဲ Client ကို ပြတဲ့အခါမှာလည်း အဆင်ပြေတာပေါ့။

2.Fontinlogo💥
https://www.fontinlogo.com/

Website ကတော့ နာမည်ကြီး Brand,တွေcompany တွေရဲ့Logoတွေမှာဘယ်လို Font အမျိုးအစားတွေကို ဘယ်လိုသုံးထားလဲဆိုတာလေ့လာလို့ရနိုင်မယ့် Website ပါပဲ။

3.Brandmark💥
https://brandmark.io/

Website ကတော့ Logo က color/contrastတေအဆင်ပြေရဲ့လား? Shape တွေ Simple ဖြစ်ရဲ့လား? အနီးကြည့်အဝေးကြည့် အဆင်ပြေလား? စသဖြင့် Ai နဲ့ rating ပြပေးတဲ့ Website ပဲဖြစ်ပါတယ်။ နောက်ပြီး Ai နဲ့ Reference ယူစရာ Logo အလွယ်တကူဖန်တီးလို့ရသလို Color, Font တွေလည်း Ai generate နဲ့ ရွေးချယ်လို့ရပါသေးတယ်။

4. Colormind💥
http://colormind.io/bootstrap/

Website ကတော့ Ai generate နဲ့ Color Palette တွေအလွယ်တကူဖန်တီးလို့ရတယ်။ Base color တစ်ခုသတ်မှတ်ပြီး သူနဲ့လိုက်ဖက်တဲ့ Color Palette တွေက်ို Ai generate နဲ့ ဖန်တီးနိုင်မှာဖြစ်ပါတယ်။Ui Ux သမားတွေအတွက်လည်း အသုံးဝင်တဲ့ Website တစ်ခုဖြစ်ပါပဲ။

5. Logo design love💥
https://www.logodesignlove.com

Website ကတော့ Trend ဖြစ်တဲ့ Logo Design တွေကို Inspire ယူလို့ကောင်းတဲ့ Website တစ်ခုပါ။ ဒီ Website လေးကို ကြိုက်တဲ့အချက်က အသုံးပြုရတာရှင်းလင်းပြီး Logo Design တွေကို ဖန်တီးတဲ့ Graphic Designer တွေ Agency တွေရဲ့ Name တွေနဲ့ Link တွေတစ်ခါထဲပါလို့ အသုံးပြုရချော့မွေ့တဲ့ Website ပါပဲ။

ကျွန်တော်တို့ Inkspot Creative မှာလည်း လူကြီးမင်းတို့ရဲ့ လုပ်ငန်းတွေ Brand တွေနဲ့ ကိုက်ညီပြီး Dynamic ဖြစ်တဲ့ Logo Design တွေ ဖန်တီးပေးဖို့ အသင့်ရှ်ိနေပါတယ်✍️

Contact us:
📞 09 98 406 9075
✉️ [email protected]

Want your business to be the top-listed Advertising & Marketing Company in Yangon?
Click here to claim your Sponsored Listing.

Telephone

Website

Address


Ocean Tarmwe
Yangon
11011

Opening Hours

Monday 07:30 - 20:30
Tuesday 07:30 - 20:30
Wednesday 07:30 - 20:30
Thursday 07:30 - 20:30
Friday 07:30 - 20:30
Saturday 07:30 - 20:30
Sunday 07:30 - 20:30