Myanmar Animals Rescue

Myanmar Animals Rescue

Share

17/08/2025

▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️

ယနေ့တော့ လမ်းဘေးခွေးလေးတွေအကြောင်းပြောချင်ပါတယ်။ ကျနော်တို့သိရသလောက် လမ်းဘေးခွေးလေးတွေမှာ လူတွေလိုခွေးဆိုးခွေးကောင်းရှိပါတယ်။ များသောအားဖြင့်ခွေးလေးတွေလိုက်ကိုက်တယ်ဆိုတာ ရည်ရွယ်ချက်၂ခုရှိပါတယ် ။သခင်ကိုကာကွယ်ချင်တာ ၊သူတို့ရဲ့နေရာလမ်းရပ်ကွက်ကိုကာကွယ်ချင်တာ သို့မဟုတ် ဗီဇကိုကဆိုးတာပါ။

အဓိကကတော့ ကလေးတွေမိဘကိုပြောချင်တာက ကလေးတွေကိုတယောက်ထဲလွှတ်မထားပါနဲ့ ။ ကလေးတွေတိလေးတွေကိုရိုက်တာ ထုတာကိုလည်းစောင့်ကြည့်ပြီးမလုပ်ရန်သင်ပေးစေချင်ပါတယ် ခွေးလေးတင်မကတခြားတိလေးတွေကိုပါမလုပ်စေရန်ပါ လိုအပ်လို့ဖြစ်ပါတယ်။ အရင်ကျနော်တို့ကိုင်တဲ့caseဆို ကလေးကခွေးကိုလိုက်ရိုက်ခွေးကပြန်ကိုက်တော့ ခွေးကိုကလေးအဖေကဓားနဲ့လည်ပင်းခုတ်ပါတယ် ခွေးလေးကတော့သေသွားပါတယ် လမ်းဘေးခွေးပါ။ ကလေးလည်းအန္တရာယ်များခဲ့သလို ခွေးလေးကတော့ကြောက်လန့်စွာသေသွားခဲ့ပါတယ်။ ခွေးလေးတွေက တခါတလေသူတို့ကိုသူတို့ခုခံချင်လို့လဲကိုက်တတ်ပါတယ်။

မိဘတွေအနေနဲ့ ခွေးကိုက်ရင် အရမ်းအန္တရာယ်များတာကိုသိစေချင်တာပါ ။ကိုယ့်ကလေးကိုခွေးကိုက်ရင်ကာကွယ်ဆေးပြေးထိုးပါ၊ ခွေးရူးဆိုပိုတောင်အန္တရာယ်များပါတယ်။ ကိုယ့်ရပ်ကွက်ကခွေးကဆိုးရင် မုန့်ကျွေးပြီးယဉ်အောင်လုပ်ပေးနိုင်သလို နည်းများစွာရှိပါတယ်။ ခွေးတကောင်ကိုက်တိုင်း ခွေးတိုင်းခွေးဆိုးမဟုတ်တာ သိစေချင်ပါတယ်။

လူတွေမသိတာက သူတို့အတွက်က နေ့ရက်တိုင်းက ငရဲပါ။ ဆိုးတဲ့ခွေးရှိသလို ကောင်းတဲ့ခွေးလည်းရှိပါတယ်။ လမ်းဘေးချီးပါတာ ကားခြစ်မိတာနဲ့ အဆိပ်ချရန်ပြောနေသူတွေရှိလို့ပါ ။သူတို့ရဲ့အသိစိတ်မရှိတဲ့ အမှားသေးသေးလေးအတွက် အဆိပ်ချသတ်ဖို့အထိလိုလားလို့ တွေးစေချင်ပါတယ်။ ဘဝကံမကောင်းလို့ တိဖြစ်နေတာပါ ကိုယ်ချင်းစာပေးပါ။သတ္တဝါတိုင်း တန်ဖိုးရှိပါတယ် ။🙏

07/04/2025

ငလျင်အခြေအနေကြောင့် မန္တလေးတွင် အပျက်အစီးများထဲမှ တိချစ်သူများကြောင့် တိလေးများအများစုမှာ ရေ အစားအစာမခက်ခဲပါ။ စစ်ကိုင်း နေပြည်တော်မြို့ရှိ တိလေးတွေအခြေအနေတော့ ကျနော်တို့မသိရသေးပါ။ အများစုမှာ ပျောက်ဆုံးနေကြောင်းသိရပါသည်။ ထို့ကြောင့် ယခင်က ကျနော်တ်ု့ MAR firstly suggest လု

ပ်ထားသော #ခွေးပျောက် #ကြောင်တွေ့ #မြို့ အပြင် ထပ်တိုးကာ ပျောက်သွားသောလမ်း ပါထည့်ပေးပါရန် ( ဥပမာ #16လမ်း ) ၊ တွေ့ရှိသော နေရာ (ဥပမာ #မြောက်ပြင် ) ကိုလည်း ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

ထို့အပြင် ထပ်တိုးတောင်းဆိုချင်တာကတော့ အိမ်တိုင်းရှေ့မှာ ရေခွက် စားကျွင်းစားကျန်အပြင် betadine ဆေးကို လမ်းမှာတွေ့သော တိလေးများကိုဆေးကုပေးရန်ဆောင်ထားစေချင်ပါတယ်။ လူတွေအပြင်တိလေးတွေပါခက်ခဲနေကြလို့ပါ ကူညီကယ်ပေးသော တိချစ်သူများအားလုံးကို ကျေးဇူးတင်ပါသည်။ လိုင်းမကောင်းသောကြောင့် နောက်ကျမှတင်ရခြင်းကို နားလည်ပေးကြပါရန် ၊ စစ်ကိုင်း နေပြည်တော်ကတိချစ်သူများလည်း အခြေအနေကိုလိုင်းပေါ် သိုမဟုတ် MAR ကိုမန့်ပေးခြင်းဖြင့် ကူညီပေးကြပါ ကျနော်တို့တိချစ်သူအများစုကစိတ်ပူနေကြပါတယ်။

We MAR Ths u all for your kindness 🙏🏻

Want your organization to be the top-listed Non Profit Organization in Yangon?
Click here to claim your Sponsored Listing.

Website

Address


Yangon

Opening Hours

Monday 09:00 - 18:00
Tuesday 09:00 - 18:00
Wednesday 09:00 - 18:00
Thursday 09:00 - 18:00
Friday 09:00 - 18:00
Saturday 09:00 - 18:00
Sunday 09:00 - 18:00