Grammar Corner

Grammar Corner

Share

20/05/2026

သင့်ကလေးက English လို ပြောနေပေမယ့် Subject/ Verb မခွဲနိုင် တာမျိုး၊ Tense တွေကို သေချာ မသိနေတာမျိုး ကြုံနေရပြီလား။

​ဘာကြောင့်လဲဆိုတော့
🧏🏻 ပုံသေနည်း (Rules) တွေကိုပဲ အလွတ်ကျက်မှတ်နေရခြင်း၊
🧏🏻 Grammar terms တွေကို လက်တွေ့နဲ့ ချိတ်ဆက်နိုင်ခြင်း မရှိဘဲ ကလေးအတွက် ဝေဝေဝါးဝါး ဖြစ်နေခြင်း၊
🧏🏻 မှန်ကန်ပြီး လုံလောက်တဲ့လေ့ကျင့်မှု မရှိခြင်း တို့ကြောင့် ပဲဖြစ်ပါတယ်။

​Grammar Corner မှာတော့ ပုံမှန် လောက် စာသင်၊ Memorize လုပ်၊ Exercises ဖြေတာနဲ့သာ ပြီးသွားတာမျိုးမဟုတ်ဘဲ၊ ကလေးစိတ်ထဲ စွဲစွဲမြဲမြဲရှိနေအောင် သဘောတရားကို နားလည်ပြီး လက်တွေ့နဲ့ချိတ်ဆက်နိုင်မယ့် “Grammar in Action” တွေနဲ့ စနစ်တကျ ပြုစုပျိုးထောင် ပေးလျက်ရှိပါတယ်ခင်ဗျာ။

​အခု Video ထဲမှာဆိုရင်လည်း Present Continuous Tense ရဲ့ အသုံးအနှုန်းတွေကို စာအုပ်ကြီးအတိုင်း မဟုတ်ဘဲ ခန္ဓာကိုယ်လှုပ်ရှားမှု Action လေးတွေနဲ့ ပျော်ပျော်ရွှင်ရွှင် တွဲဖက်မှတ်သားနေတဲ့ ချစ်စဖွယ် သမီးလေး Sweety ရဲ့ တိုးတက်မှုကို မြင်တွေ့ရမှာ ဖြစ်ပါတယ် ခင်ဗျာ။ 🎥💁🏻❤️

Photos from Grammar Corner's post 19/05/2026

Reading တိုးတက်စေဖို့ စာဖတ်ကြရအောင် 📚

Short Reading: Intermediate Level

အင်္ဂလိပ်စာ ဖတ်ချင်တဲ့သူလေးတွေအတွက် GC ကအပတ်စဥ် အစဥ်အမြဲတင်ပေးနေကြ Reading လေးတွေကို တင်ပေးလိုက်ပါတယ်ခင်ဗျ။

စာဖတ်ခြင်းအားဖြင့် 📖🌟

✅ ဉာဏ်ရည်တိုးစေတယ်၊ မှတ်ဉာဏ် ကောင်းစေတယ်
✅ Vocabulary အသစ်တွေသိရတယ်
✅ ဗဟုသုတ ရတယ်
✅ Sentence တည်ဆောက်ပုံတွေ၊ Grammar အသုံးလေးတွေ လေ့လာနိုင်တယ်
✅ လက်တွေ့အပြင်မှာ ပြန်အသုံးချလို့ရတယ်
✅ Writing & Speaking အတွက် Idea တွေရစေတယ်

စသဖြင့် အကျိုးကျေးဇူး တွေအများကြီး ရရှိစေတာဖြစ်လို့ ဖတ်ဖြစ်အောင် ဖတ်ကြည့်နော် 😍🌟

အခုလို Reading လေးတွေကို အပတ်စဥ်တိုင်း တင်ပေးသွားမှာဖြစ်လို့ ပုံမှန် ဖတ်ရှူလေ့လာဖို့ မမေ့နဲ့နော် 😉❤

17/05/2026

'Great' ဆိုတဲ့ စကားလုံးတစ်ခုတည်းကိုပဲ ခဏခဏ သုံးနေမိသလား? ✍

ဒါဆိုရင်တော့ ဒီစကားလုံးလေး (၅) မျိုးနဲ့ ပြောင်းလဲသုံးကြည့်ရအောင် 💁‍♂

​Essay ရေးတဲ့အခါဖြစ်ဖြစ်၊ စကားပြောတဲ့အခါဖြစ်ဖြစ် 'Great' ဆိုတဲ့ စကားလုံးကိုပဲ ထပ်ခါတလဲလဲ သုံးမိနေရင် သင့်ရဲ့ အင်္ဂလိပ်စာ အရည်အသွေးက သာမန်အဆင့် (Basic Level) မှာပဲ ရှိနေပါလိမ့်မယ်။

ဒါ့ကြောင့် ​သင့်ရဲ့ Vocabulary ကို ပိုပြီး Professional ဆန်သွားစေမည့် အဆင့်မြင့် စကားလုံး (၅) လုံးကို ဥပမာများနှင့်တကွ လေ့လာကြည့်လိုက်ရအောင်။ 👇

​1⃣ Stupendous (အံ့ဩမှင်သက်စရာ ကောင်းလောက်အောင် ကောင်းမွန်သော)

​Example: That was a stupendous meal - the best I've ever tasted!

​2⃣ Stunning (အလွန်လှပ/ဆွဲဆောင်မှုရှိသော)

​Example: Have you seen Simone's artwork? It's absolutely stunning.

​3⃣ Awesome (အလွန်လန်းသော/အထင်ကြီးစရာကောင်းသော)

​Example: Where did you get your t-shirt? It's awesome.

​4⃣ Superb (ထူးကဲကောင်းမွန်သော/အလွန်အဆင့်မြင့်သော)

​Example: I watched a superb documentary last night.

​5⃣ Tremendous (အလွန်ကြီးကျယ်ကောင်းမွန်သော/ တအားကောင်းသော)

​Example: That is a tremendous song. Play it again!

​ဒီနေ့ကစပြီး 'Great' နေရာမှာ ဒီစကားလုံးလေးတွေကို အခြေအနေအလိုက် အစားထိုး သုံးစွဲကြည့်ပါ။ သင့်ရဲ့ Writing က ချက်ချင်း Level Up ဖြစ်သွားတာကို တွေ့ရပါလိမ့်မယ်။

11/05/2026

Strength does not come from what you can do. It comes from overcoming the things you once thought you couldn't.

အစွမ်းအစဆိုတာ သင်လုပ်နိုင်တဲ့အရာတွေဆီက လာတာမဟုတ်ပါဘူး။ သင်တစ်ချိန်က မလုပ်နိုင်ဘူးလို့ ထင်ခဲ့တဲ့အရာတွေကို ကျော်ဖြတ်နိုင်ခြင်းကနေ လာတာပါ။

04/05/2026

The expert was once a beginner who refused to quit.

ကျွမ်းကျင်ပညာရှင်ဆိုတာ တစ်ချိန်က အရှုံးမပေးဘဲ ဆက်လက်ကြိုးစားခဲ့တဲ့ အတွေ့အကြုံမရှိသေးသူတစ်ဦးသာ ဖြစ်ပါတယ်။

Want your school to be the top-listed School/college in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


Yangon