Simple Mechanic
"Pistons Rings and Connecting Rod installation to The Engine Block"
အင်ဂျင် block(ဘလောက်) နဲ့ ကောနက်တင်းရော့(connecting rod) ချိတ်ပုံအဆင့်ဆင့်ကို detail ကျကြီးတော့ မရိုက်လိုက်ရပေမယ့် ထည့်ပုံထည့်နည်း အဆင့်ဆင့်ကို ဗဟုသုတ အနေနဲ့မျှ ဝေပေးလိုက်ပါတယ်။
12/07/2022
" Inspection And Micrometer"
ဒီတခါမှာတော့ ရပ်ထားတာ ကြာပြီဖြစ်တဲ့ ဒီ sharing ကို ပြန်လည်စတင်တော့မာ ဖြစ်ပါတယ်။ပြန်စတဲ့အနေတဲ့ Engine ပြန်လည်ပြုပြင်ခြင်း အပိုင်းမာ အရေးပါဆုံး ဖြစ်တဲ့ တိုင်းထွာခြင်းအကြောင်းကို အနည်းငယ်ပြောပြချင်ပါတယ်။တိုင်းထွာတယ်တာ ပြန်သုံးလို့ ရမရ ဆုံးဖြတ်မယ့်သဘောဖြစ်ပါတယ်။တိုင်းတာမှုအနေနဲ့ Engine block(Housing),Piston, Crankshaft စသည်သဖြင့် တိုင်းထွာရပါတယ်။ဘာကို တိုင်းတာသလဲဆိုတာကို အကျယ်တဖွင့်ရှင်းပြရရင် လုံးပတ်ကို တိုင်းတာဖြစ်ပါတယ်။ဥပမာ Connecting rod နဲ့ Crankshaft ဆက်တဲ့နေရာမာ အသုံးပြုပါများလေလေ ပွတ်တိုက်မှုကြောင့် ပုံစံပျက်လာတာ ပါးလာတာတွေရှိတတ်ပါတယ်။ဒါ့ကြောင့် Crankshaft ရဲ့ Piston နဲ့ချိတ်ဆက်တဲ့နေရာကို standard size အတိုင်းရှိမရှိ စစ်ဆေးပေးရပါတယ်။ကျန်တဲ့လိုအပ်တဲ့နေရာတွေကိုလည်း ထို့အတူစစ်ဆေးရမာဖြစ်ပါတယ်။ စစ်ဆေးရာမာ ကျွန်တော်တို့ micrometers တွေကို အသုံးပြုကြပါတယ်။အသုံးပြုတဲ့ micrometers အချို့ကို ပြပေးထားပါတယ်။ထို micrometer တွေရဲ့ အသေးစိတ်ကိုတော့ နောက်မှ ထပ်ရှင်းပြပါအုံးမယ်။
နောက်လည်း Mechanical နဲ့ဆိုင်တာတွေ ထပ်မံမျှဝေသွားပါအုံးမယ်။
Photo source from internet
13/12/2021
ဒီတခါမှာတော့ Mitsubishi ဂျပန်မီးစက်တစ်လုံး နှိုးမရတော့လို့သွားရောက်စစ်ဆေးခဲ့ပါတယ်။ အဖြေကတော့ engine head ရေလိုင်း Gasket ပေါက်ပြီး ရေလိုင်းကနေ Chamber ထဲရော နေရာစုံ ရေတွေဝင်သွားတာပါဖြစ်ပါတယ်။Typic တွေလည်း တော်တော်ဟနေတာဖြစ်လို့ အပေါ်ခြမ်းကိုင်ပြီး ပြန်လည်တပ်ဆင်ပေးခဲ့ပါတယ် ။ပြောပြချင်တာကတော့ engine တလုံးကို စစ်ရင်' ဆီ လေ မီး' ဆိုတာကို အဓိက ထားပြီး တဆင့်ချင်းဆီ အဖြေကို ရောက်အောင် သွားတာဘဲ ဖြစ်ပါတယ်။(ဥပမာ ဆီဆို ဆီနဲ့ပက်သက်တာတွေ oil pump oil filter etc , လေဆို air cleaner , မီးဆို heat plug အဲ့လိုမျိုး စစ်သွားပြီး အဖြေကိုရှာကြရပါတယ်)။
22/09/2021
Piston Rings And Rings Compressor
Combustion Chamber ထဲမာ pistonက လေကို ကျစ်တဲ့အခါ ပိုမို လုံပြီး ကျစ်အားကောင်းစေဖို့အတွက် ကဏ္ဠမာ rings တွေက ပါဝင်လာပါတယ်။ ပုံမှန် အနေနဲ့ piston တလုံးမာ rings ၃ကွင်းပါရှိပြီး ပထမဆုံး piston head နဲ့အကပ်ဆုံး rings ကို Compression ring လို့ခေါ်ပါတယ်။ ကျစ်နေတဲ့အချိန် ring ဟာ ကျယ်လာပြီး Engine Sleeve နဲ့ piston ကြား clearence နည်းအောင်လုပ်ပေးခြင်းဖြင့် ကျစ်အားပိုကောင်းအောင် ပံ့ပိုးပေးပါတယ်။ တတိယ ring ကို oil ring လို့ခေါ်ပြီး အင်ဂျင်ဝုင်တွေကို chamber ထဲမရောက်အောင် ကာပေးတာ ဖြစ်ပါတယ်။ ဒုတိယring ကတော့ ၂ဖက်လုံးအတွက် အရံဖြစ်ပါတယ်။ ဆီခြစ်လို့လည်းခေါ်ကြပါတယ်။ fisrt ring မလုံတော့ရင် Second ring အလုပ်လုပ်ပေးပြီး တတိယ ring က ကျွံလာတဲ့ ဆီတွေကို ခြစ်ချပေးပါတယ်။Rings ကဏ္ဠက အရေးပါပြီး ring တွေတပ်ရင် ring plier ကို အသုံးပြုကြပါတယ်။ကျိုးသွားရင် တစ်ချောင်းထဲ ပြန်ဝယ်မရဘဲ အစုံလိုက်တစုံလုံးပြန်ဝယ်ရတဲ့အတွက် သတိထားကိုင်တွယ်ဖို့တော့လိုအပ်ပါတယ်။Ringထည့်ပြီးသား piston ကို engine sleeve ထဲထည့်မယ့်ချိန်ကျရင်တော့ Ring Compressor ဆိုတဲ့ ကရိယာကို အသုံးပြုကြပါတယ်။ Rings တွေ ကဏ္ဠဟာလည်း အရေးကြီးပြီး rings တွေပျက်တယ်ဆိုရင်တော့ ပြင်ပ လက္ခဏာတွေအနေနဲ့ မီးခိုး အဖြူရောင်ထွက်တာတို့ speed ကျသွားတာတို့ ဖြစ်လာတတ်ပါတယ်။အင်ဂျင်ဝိုင်တွေ Chamber ထဲမာ လိုက်ပေါက်ကွဲကုန်တာကြောင့်ပါ။ဒါကတော့ rings တွေအကြောင်း အကျဥ်းချုပ်ဖြစ်ပါတယ်။
နောက်လဲ mechanical နဲ့ပက်သက်တဲ့ သိသင့်တာတွေ ဝေမျှသွားပါအုံးမယ်။
Photo source from internet
Click here to claim your Sponsored Listing.
Category
Website
Address
Yangon