Mo Ko'Z
07/07/2021
ပုဝါပိုင်းနဲ့ မျက်နှာကို ဘာလို့မသုတ်သင့်တာလဲ
ဖတ်ရန်ကြာချိန် ၁မိနစ်၃၃စက္ကန့်
၁။ Skin barrier
ကိုယ်သုတ်ပုဝါနဲ့မျက်နှာကိုမသုတ်သင့်ပါဘူး ပုဝါပိုင်းတွေမှာပါတဲ့အစအနလေးတွေကကြမ်းရှရှလေးဖြစ်တဲ့အတွက် skin barrier ကိုထိခိုက်လွယ်ပါတယ် barrier ထိခိုက်တဲ့အသားအရေဟာ ဝက်ခြံထွက်လွယ်ခြင်း နီမြန်းလွယ်ခြင်း အဆီပြန်လွယ်ခြင်း အရေးအကြောင်းဖြစ်ပေါ်လွယ်ခြင်း စတဲ့အသားအရေအဖြစ်ပြောင်းလဲသွားတဲ့အတွက် သင်skincare ဘယ်လောက်အသုံးပြုပြုသိသိသာသာ မထိရောက်တော့ပါဘူး skin barrier ကိုကာကွယ်တဲ့အနေနဲ့လဲပုဝါပိုင်းတွေနဲ့မျက်နှာသုတ်ခြင်းမပြုလုပ်သင့်ပါဘူး
၂။ ဘတ်တီးရီးယား
ပုဝါပိုင်းအများစုကခန္ဓာကိုယ်ပေါ်မှာသုတ်ပြီးမှမျက်နှာမှာသုတ်တဲ့အတွက် အစိုဓာတ်တွေကရှိနေမြဲပါ "ဘတ်တီးရီးယားတို့ပျော်ရာ အစိုဓာတ်မှာ"လို့ သဲကတော့ ကိုယ်ပိုင်စာပိုဒ်လေးထုတ်ထားပါတယ် နေရောင်သေချာမရတဲ့အခန်းထဲမှာထားတဲ့ ပုဝါဟာအစိုဓာတ်အမြဲရှိနေပြီး ဘတ်တီးရီးယားတွေပျော်ပျော်ကြီးပေါက်ဖွားနေလို့ ဝက်ခြံ၊အဆီဖု အမြဲထွက်မြဲထွက်နေမှာ ဖြစ်လို့ အကယ်၍ပုဝါပိုင်းသုံးရင်လဲ နေခြစ်ခြစ်ပူမှာလှန်းသင့်ပါတယ် နေဝင်ရင်တော့ပြန်ရုတ်ပေးပါ ညဖက်ဖုန်အညစ်အကြေးကပ်ပြီး ပိုညစ်ပတ်လွယ်လို့ပါ ဖြစ်နိုင်ရင်တော့ပုဝါပိုင်းမသုံးတာအကောင်းဆုံးပါ
ပုဝါမသုံးဘဲ မျက်နှာကို ဘယ်လိုအခြောက်ခံမလဲ
မျက်နှာကို ပုဝါနဲ့ အခြောက်ခံမည့်အစား လေနဲ့သဘာဝအတိုင်းအခြောက်ခံခြင်း (ဝါ) မျက်နှာသုတ်တဲ့ cotton လေးတွေအသုံးပြုပြီးအခြောက်ခံလို့ရပါတယ်
မျက်နှာကိုအခြောက်ခံပြီးတိုင်း toner သို့မဟုတ် skin mistတို့အသုံးပြုခြင်းဖြင့်မျက်နှာရဲ့အတွင်းပိုင်းထဲက PH level ကိုထိန်းညှိပြီးနှုးညံ့မှု့ရယူလိုက်ပါ။
သဲကတော့မျက်နှာကို ပုံထဲမှာပြထားတဲ့ မျက်နှာသုတ်Cotton ကိုအသုံးပြုပြီးအခြောက်ခံပါတယ် မျက်နှာခြောက်သွားရင်တော့ HA ပါတဲ့ Hanskin essence လေးကိုအစိုဓာတ်ထိန်းတဲ့အနေနဲ့အမြဲအသုံးပြုပေးဖြစ်ပါတယ်
Click here to claim your Sponsored Listing.
Category
Website
Address
Yangon