Noble Insurance Free Services

Noble Insurance Free Services

Share

05/07/2021

Credit ကိုတင်
လက်ရှိ ‌ကားအာမခံ (အလုံးစုံမော်တော်ယာဉ်အာမခံ) သိထားသင့်တဲ့ အခြေအနေ။

📌 အာမခံလျော်ကြေးငွေ တောင်းရင် ကြာလား။

အာမခံက ချိတ်ဆက်ထားတဲ့ ၀ပ်ရှော့မှာ ပြင်ဆင်မယ်ဆိုရင်တော့ မိမိစိတ်ကြိုက် ၀ပ်ရှော့မှာထက် အချိန်နည်းနည်း ပိုပေးရနိုင်ပါတယ်။

ကိုယ့်စိတ်ကြိုက်၀ပ်ရှော့မှာ ပြင်ပြီး
ဘောက်ချာနဲ့ လျော်ကြေးငွေ ပြန်တင်တောင်းမယ်ဆိုရင်တော့

အာမခံဆိုရင်
ဘောက်ချာတင်သည့်နေ့မှစ၍ အနည်းဆုံး (၂) လ။
ဖုန်းခဏခဏ မဆက်ရင်အချိန် မခန့်မှန်းနိုင်။ ကြာနိုင်ပါတယ်။
ငွေသား ထုတ်မပေးပါ။
ဘဏ်အကောင့်ဖြင့်သာ ပေးချေပါသည်။


ဘောက်ချာတင်ပြီး အာမခံလျော်ကြေး (၄၀) ရက်ခန့် အများဆုံးကြာနိုင်ပါသည်။ ဖုန်းတော့
ခဏ ခဏ ဆက်ပါ။
ဘဏ်အကောင့်ဖြင့် ပေးချေပါတယ်။

insurance
ဘောက်ချာတင်ပြီး (၁) လခန့် ကြာနိုင်ပါတယ်။
အာမခံထဲမှာ လက်ရှိလျော်ကြေး အမြန်ဆုံးလို့ ပြောနိုင်ပါတယ်။
ဖုန်းခဏခဏ ဆက်ရန်မှာ မိမိတာ၀န်ဖြစ်ကြောင်း မှတ်ယူထားပါ။
နောင် ဘယ်လို ဖြစ်လာမလဲ မသိပါ။

#ရဲစခန်းထောက်ခံစာ
အာမခံများအ‌နေဖြင့် တစ်ဖက်ယာဉ်နှင့် လျော်ကြေးကိစ္စ ပေါ်ပေါက်လျင်သော်လည်းကောင်း၊
ကား/ကားပစ္စည်း အခိုးခံရလျင်သော်လည်းကောင်း၊
သူတစ်ပါးဖျက်ဆီးခြင်းခံရလျင်သော်လည်းကောင်း၊
မိမိယာဉ်တစ်စီးတည်းဖြစ်သော်လည်း ပျက်စီးမှု များရင်သော်လည်းကောင်း၊
မိမိကားအား တိုက်ပြီး ထွက်ပြေးသွားခဲ့လျင်သော်လည်းကောင်း
သက်ဆိုင်ရာ ရဲစခန်း၏ ထောက်ခံစာကို အာမခံထားသူမှ ယူပေးမှသာ လျော်ကြေးကိစ္စများ အဆင်ပြေချောမွေ့မည် ဖြစ်ပါသည်။

ခြွင်းချက်အနေဖြင့် အခြေအနေပေါ်မူတည်ကာ ရဲစခန်းထောက်ခံစာ မတောင်းသည်များလည်း ရှိပါသည်။

ယာဉ်လိုင်စင်များနှင့် ပတ်သက်၍
လက်ရှိ ကညန မှ ထုတ်ပြန်ထားသည့်
ကင်းလွတ်ခွင့် ကာလအတိုင်းသာ
အာမခံ လျော်ကြေး အကျုံး၀င်မည် ဖြစ်ပါသည်။

ယာဉ်မောင်လိုင်စင်များအနေဖြင့်လည်း ကညနများ စတင်ပိတ်သည့် ကာလအတွင်း သက်တမ်းကျော်ခဲ့သူများသာ အဆင်ပြေပါသည်။

ဘတ္တရီ ပျောက်ဆုံးခြင်းများအတွက်
GGI အာမခံမှ တန်ဘိုး၏ ၇၀% ပေးလျော်ပါသည်။
FNI အာမခံသည် YBS ယာဉ်အချို့ကို
ဘတ္တရီ အာမခံ မပေးပါ။
GGI FNI အာမခံများတွင် လက်ရှိအခြေအနေ၌ စစ်ဘေး အကာအကွယ် ၀ယ်ယူ၍ မရပါ။
#သိသလောက်_Young_တွင်_ရပါသည်။

အချို့ မိတ်ဆွေတို့၏ အမေးအများဆုံး မေးခွန်းတွေဖြစ်တဲ့

လက်ရှိအခြေအနေမှာ
📌သွားရင်း လာရင်း မတော်တဆ ဗုံးကွဲရင်
📌ရပ်ထားတဲ့နား ဗုံးခွဲခံရရင်
📌 အစုအဖွဲ့ တခုခုက အကြမ်းဖက်
ဖျက်ဆီးခံရလျင်
📌သေနတ်ဖြင့် အပစ်ခံရရင်
အာမခံက အလျော်ရပါသလား။

မိမိအနေဖြင့် အဆိုပါမေးခွန်းများကို
အာမခံလုပ်ငန်း တာ၀န်ရှိသူများထံ မေးမြန်းခဲ့သော်လည်း တိကျလုံလောက်သည့် အဖြေမျိုး မရရှိပါ။ ဖြစ်စဉ်အပေါ် မူတည်၍သာ လျော်ကြေးပေးချေမှုကို စဉ်းစားဆုံးဖြတ်မည်ဖြစ်ကြောင်း ယေဘူယျဆန်ဆန်အဖြေမျိုးသာ ရရှိခဲ့ပါသည်။

အာမခံ ထားထားပြီး အကာအကွယ်အစုံ ၀ယ်ထားသူများအဖို့ လျော်ကြေးရရန် ရာနှုန်းပြည့် မကျိန်းသေ သော်လည်း များသောအားဖြင့်
အာမခံများက အဆင်ပြေအောင် ဆောင်ရွက်ပေးလိမ့်မည်ဟု ယူဆရပါသည်။

မိမိအနေဖြင့်
အာမခံထားတာ ကောင်းလား ထားသင့်လားလို့ မေးလာခဲ့ရင်။
မထားတာထက်စာရင် အာမခံ ထားထားတာကောင်းပါသည်။

မည်သည့် စီးပွားရေးမဆို ခိုင်မာမှု ရှိခြင်း/မရှိခြင်း သည် တိုင်းပြည်တစ်ပြည်၏ တည်ငြိမ်အေးချမ်းမှုနှင့် တရားဥပဒေစိုးမိုးမှု အပေါ်တွင် ရာနှုန်းပြည့် တည်မှီပါသည်။

ထို့ကြောင့် လက်ရှိအချိန် မိမိတို့ အခြေအနေပေါ်မူတည်ပြီး ယခင်ထက်ပိုမိုစဉ်းစားချင့်ချိန်ကာ ဆောင်ရွက်ဘို့လည်း အကြံပြုပါရစေ။

Credit ကိုတင် #အာမခံ ကိုယ်စားလှယ်
Copy from BEST Insurance Service Group

21/01/2021

Credit #

AYA SOMPO အာမခံ၏ အာမခံကိုယ်စားလှယ်သင်တန်း ဖွင့်လှစ်ကြောင်း ကြေငြာခြင်း

အာမခံဆိုင်ရာ အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးခြင်း၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လုပ်ဆောင်ချက်များနှင့် အာမခံဆိုင်ရာအသိပညာမျှဝေခြင်းများကို AYA SOMPO အာမခံကုမ္ပဏီ အနေဖြင့် အစဥ်တစိုက်ဆောင်ရွက်လျက်ရှိသည်နှင့်အညီ ယခုအခါ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၊ ငွေရေးကြေးရေး ကြီးကြပ်ဦးစီးရေးအဖွဲ့၏ ခွင့်ပြုချက်ဖြင့် AYA SOMPO Agent Training Center ကို (၂၀.၁.၂၀၂၁) ရက်နေ့မှ စတင်ဖွင့်လှစ်ခဲ့ပါတယ်။

AYA SOMPO Agent Training Center ကို သင်တန်းကျောင်း တည်ထောင်ဖွင့်လှစ်ခြင်းဆိုင်ရာ စံနှုန်းသတ်မှတ်ချက်များ နှင့်အညီ ဖွင့်လှစ်သွားမည်ဖြစ်ပြီး အာမခံဆိုင်ရာ အသိပညာများ မျှဝေသွားမှာ ဖြစ်ပါတယ်။

အသေးစိတ်သိရှိလိုသည်များကို Call center - 09 777 100 555 သို့ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

AYA SOMPO Insurance - Your Partner for Life

Want your business to be the top-listed Finance Company in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Address


Hlaing Thar Yar Township
Yangon