Yadanar May Book Store

Yadanar May Book Store

Share

10/07/2026

“အသက်ကြီးတဲ့လူတွေ ဘာကြောင့်
စောစောနိုးကြသလဲ သိလား၊
တစ်ရက် တစ်ရက်ကို အချိန်ပိုပြီး
နေရအောင်လို့များလားကွနော်”

အသက်အရွယ်အရ လူ့အသိုင်းအဝိုင်းက
ဖယ်ကြဉ်တဲ့ဒဏ်ကိုခံရတဲ့ အဘိုးအိုရဲ့
အတွေးစကား တစ်ခွန်းပေါ့။
ကမ္ဘာကျော် ပင်လယ်ပြာနှင့်တံငါအို
စာအုပ်ထဲက ကျွန်တော်ကောက်နုတ်ထားတာပါ။

စာအုပ်ထဲမှာ...
ဇာတ်ဆောင်အဘိုးအို ဆန်တီယာဂိုက
ငါးကြီးကြီးတစ်ကောင်လောက် ဖမ်းပြပြီး
သူ့ကိုအထင်သေးနေတဲ့ ရွာသားတွေကို
'တစ်ခုခုလုပ်ပြလိုက်ချင်တဲ့စိတ်' ရှိနေတာပါ။

မြန်မာစကားပုံနဲ့ပြောရရင်
'ငါမအိုသေး....' ဆိုသလိုပေါ့။
ငယ်ငယ်တုန်းက ခေသူမဟုတ်ခဲ့လေတော့
အသက်ကြီးလာပေမဲ့ မာန်မချချင်သေးတဲ့
သဘောနေမှာပေါ့လေ။

သူ့ကို တလေးတစားနဲ့ ဂရုစိုက်တာဆိုလို့
မာနိုလင်း ဆိုတဲ့ လူငယ်လေးပဲ ရှိတာကိုး...။

အသက်ကြီးလာလို့
လုပ်ကိုင်နိုင်စွမ်းတွေ ကျသွားတဲ့အခါ
အရင်ကလို လူရာဝင်ချင်တဲ့စိတ်၊
လေးစားခံချင်တဲ့စိတ်မျိုး
ကျွန်တော်တို့မှာလဲ ဖြစ်လာမယ်ထင်ပါရဲ့။

အဘိုးအို ဆန်တီယာဂိုရဲ့
အဲဒီ 'တစ်ခုခု လုပ်ပြချင်တဲ့စိတ်' က
ကြီးမားကျယ်ပြောလှတဲ့ ပင်လယ်ထဲမှာ
ဂုဏ်သိက္ခာတစ်ခုအတွက်
ငါးကြီးနဲ့ သူတင်ကိုယ်တင်
ယှဉ်ချဖို့ ခွန်အားဖြစ်ခဲ့ပါတယ်။

အသက်ရှင်ဖို့တောင်
မသေချာတဲ့အခြေအနေမှာ
အရှုံးမပေး လက်မလျှော့ဘဲ
သိက္ခာအတွက်...
သူရဲ့ လုပ်ပြချင်စိတ်အတွက်...
ကြိုးစားခဲ့တာကို ဖတ်ရတဲ့အခါ
ကျွန်တော်ကတော့ ကြက်သီးထတယ်။

ပြီးတော့ ဒီဇာတ်လမ်းက
တကယ်ရှိတာတဲ့ဗျ။

တွေးကြည့်စမ်းပါ...
အဖိုးကြီးတစ်ယောက်ရဲ့ ခွန်အားကို
အဓိက မောင်းနှင်သွားတာ
'စိတ်ဓာတ်'ပဲမလား။

နောက်ပြီးတော့...အဖိုးအိုက
သူလုပ်ပြချင်တဲ့အရာတစ်ခုကို
စိတ်ရှည်ရှည်စောင့်တယ်၊
အခွင့်အရေးရတဲ့အခါ
အမိအရ ဆုပ်ကိုင်ပြီး
ရေကုန်ရေခန်း ကြိုးစားတယ်၊
အဆုံးသတ်အထိ
သူလက်မလျှော့ခဲ့ဘူး။

ကြိုတင်တွက်ဆ စီစဉ်မှု
အားနည်းခဲ့ပေမဲ့လို့ပေါ့လေ...

ဆိုတော့...
စာဖတ်ချစ်သူတွေအနေနဲ့လဲ
ကိုယ့်မှာ တစ်ယောက်ယောက်ကို
တစ်ခုခု လုပ်ပြချင်တဲ့စိတ် ရှိလား?

▪️ စိတ်ရှည်ရှည်နဲ့ စောင့်ပါ
▪️ အခွင့်အရေးရလာရင် သိက္ခာရှိရှိ
အသေအကျေ ကြိုးစားပါ
▪️ အဆုံးသတ်မဟုတ်မချင်း လက်မလျှော့ပါနဲ့

အားလုံးပဲ အဆုံးသတ်လှတဲ့
နေ့ရက်တွေကို ပိုင်ဆိုင်နိုင်ကြပါစေ။

တကမ္ဘာလုံးက စာဖတ်ပရိသတ်တွေကို
စိတ်ခွန်အားအကောင်းဆုံးပေးနိုင်ခဲ့တဲ့
ကမ္ဘာကျော် 'ပင်လယ်ပြာနှင့်တံငါအို' စာအုပ်ကို မှာယူနိုင်ပါပြီရှင့် 🥰


#ပင်လယ်ပြာနှင့်တံငါအို
#မောင်ဆုရှင်

10/07/2026

လက်ရှိဘဝအခြေအနေ၊ လက်ရှိလုပ်နေရတာတွေကို မကြိုက်ဘူး၊ ပြောင်းပစ်ချင်တယ်၊ ပိုတိုးတက်ချင်တယ်ဆိုရင် မိမိကိုယ်ကို အစကနေ ပြန်လည်တည်ဆောက်လို့ရပါတယ်။

ကိုယ့်ကိုယ်ကိုယ်ပြန်လည်တည်ဆောက်တာက အလုပ်အကိုင် Career အတွက်ဖြစ်နိုင်သလို အချစ်ရေး၊ အိမ်ထောင်ရေး Relationship ၊ ကျန်းမာရေး၊ စိတ်ပိုင်းဆိုင်ရာထိခိုက်ခဲ့တာတွေကို ပြန်လည်ကုသဖို့လည်း ဖြစ်နိုင်ပါတယ်။

မိမိကိုယ်ကို ပြန်လည်တည်ဆောက်ဖို့ ပထမအရေးကြီးဆုံးက မိမိကိုယ်ကိုယုံကြည်မှုရှိဖို့ပါ။ အသက်ငယ်မှ ကြီးမှ မဟုတ်ပါဘူး။ တချို့တွေက အသက် ၅၀၊ ၆၀ မှ ဘဝမှာ ပြောင်းလဲချင်လို့ လုပ်ကြတဲ့သူတွေလည်း ရှိပါတယ်။ မိမိကိုယ်ကို အစကနေ ပြန်စဖို့၊ ပြောင်းလဲဖို့ တချို့က လပိုင်းပဲကြာမြင့်ပေမဲ့တချို့က နှစ်နဲ့ချီ ကြာမြင့်နိုင်ပါတယ်။ စိတ်ရှည်ပြီး ဇွဲရှိဖို့က အရေးကြီးဆုံးအချက်ပါ။

စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုရှိခဲ့တဲ့သူတွေဆိုရင် မိမိကိုယ်ကို ဂရုစိုက်ပြီး Self-care Practice လုပ်ဖို့၊ မိမိစိတ်ပျော်ရွှင်တာတွေလုပ်ဖို့၊ နားလည်တတ်ကျွမ်းတဲ့ Professional တွေ၊ ယုံကြည်ရတဲ့ သူငယ်ချင်းမိတ်ဆွေတွေ၊ Support Group တွေလိုပါတယ်။ တိုးတက်ပြောင်းလဲချင်တဲ့သူတွေကတော့ သင်ယူမှုအသစ်တွေ ပြုလုပ်ရပြီးအမူအကျင့်ဟောင်းတွေဖျောက်ဖို့ လိုပါလိမ့်မယ်။ အောင်မြင်တဲ့သူတွေအကြောင်း ဖတ်ပါ။ Podcast တွေနားထောင်ပါ။ Seminar တွေတက်ပြီး Inspire ယူပါ။

ပြောင်းလဲမှုတွေလုပ်တဲ့အခါမှာ အားပေးစကားပြောပေးတတ်တဲ့၊ နားလည်မှုရှိတဲ့ ပတ်ဝန်းကျင်၊ အောင်မြင်မှုရလာတဲ့အခါ လက်ခုပ်တီးအားပေးတတ်တဲ့ သူငယ်ချင်းမိတ်ဆွေမျိုး၊ အခက်အခဲတွေ့တဲ့ အခါ နှစ်သိမ့်ပေးတဲ့ မိသားစုဝင်၊ အကြံဉာဏ်ကောင်းပေးနိုင်ပြီး လမ်းညွှန်ပြသပေးနိုင်တဲ့ Mentor ကောင်း၊ တိုးတက်ပြောင်းလဲချင်လို့ အတူတူကြိုးစားကြမယ့် စိတ်တူကိုယ်တူ Like-minded Peopleတွေ လိုအပ်ပါတယ်။

မိမိကိုယ်ကို ပြန်လည်တည်ဆောက်တာက လွယ်ကူတဲ့ ပြောင်းလဲမှုတော့ မဟုတ်ပေမဲ့ ကျန်ရှိတဲ့ ဘဝအစိတ်အပိုင်းမှာ၊ မိမိနေချင်တဲ့ဘဝမှာ စိတ်ချမ်းချမ်းသာသာနဲ့ ဖြတ်သန်းသွားချင်ရင်တော့ ပြုပြင်ပြောင်းလဲဖို့လိုပါတယ်။

“ကိုယ့်ကိုယ်ကိုယ် ပြန်လည်တည်ဆောက်ခြင်း” စာစုကနေ ကောက်နုတ်ထားတာဖြစ်ပါတယ်။ ဒီစာအုပ်မှာ Personal Development နဲ့ Career Development အပါအဝင် ကိုယ့်ကိုယ်ကိုယ် ပြန်လည်တည်ဆောက်ဖို့၊ ကိုယ့်ရဲ့ ဘ၀နဲ့ အလုပ်နဲ့ ငွေကြေးမှာ နောက်တစ်ဆင့်မြှင့်တင်ဖို့အတွက် အတွေးအမြင်နဲ့ ဇာတ်လမ်းတွေကို ဖတ်ရှုရမှာဖြစ်ပါတယ်။

#ကိုယ့်ကိုယ်ကိုယ်ပြန်လည်တည်ဆောက်ခြင်း
.MOE


မြန်မာနိုင်ငံအနှံ့ နယ်မြို့များဆီသို့ မြန်ဆန်တိကျစွာ သက်သာသောနှုန်းထားဖြင့် ပို့ဆောင်ပေးပါတယ်ရှင့် 🥰

ပြည်ပရောက် စာပေချစ်သူများအတွက်လည်း စာဖတ်သူလက်ထဲ လွယ်ကူလျင်မြန်စွာ ရောက်ရှိဖို့စိတ်တိုင်းကျ ဝန်ဆောင်မှုပေးဖို့ အဆင်သင့်ရှိနေပါတယ်နော် 🤍

စာအုပ်‌လေးတွေ မှာယူလိုပါက -
Page ရဲ့ messenger မှတဆင့် မှာယူနိုင်ပါတယ် 🍀

#မြန်မာစာအုပ်ဆိုင် #စာအုပ် #စာအုပ်ဆိုင်

10/07/2026

ယခုစာအုပ်သည် ယခင်ထွက်ရှိပြီး အတွဲသုံးသုံးတွဲကို ပေါင်းကာ ဖြုတ်ပယ်ခဲ့သောအခန်းများကို ပြန်လည်ဖြည့်စွက်ရေးသားထားသည့် စာအုပ်ဖြစ်သည်။ဗုဒ္ဓဝါဒအခြေခံသဘောတရားများကို ခေတ်မီအမြင်ဖြင့် ချည်းကပ်လေ့လာထားသည့် စာအုပ်ဖြစ်ပါတယ်။

ဗုဒ္ဓဟောကြားတော်မူသော ပိဋကတ်တော်လာ ဗုဒ္ဓဒေသနာများအတိုင်းလေ့လာစူးစမ်းမှုပြုကာ ခိုင်မာသောမူရင်းပိဋကတ်ကျမ်းဂန်များနှင့်နိုင်ငံခြားသုတေသီပညာရှင်များစွာတို့၏ကျမ်းအသီးသီးကို မှီငြမ်းပြု၍ ဗုဒ္ဓနှင့်ဗုဒ္ဓဝါဒအကြောင်းကို အကျယ်တဝင့် ရေးသားတင်ပြထားပါတယ်။

မြန်မာဗုဒ္ဓစာပေ၌တွေ့ရခဲသော ဗုဒ္ဓ၏အကြောင်းအရာများ၊ ဗုဒ္ဓအား အနောက်တိုင်းအသိပညာရှင်တို့ကကြည်ညိုလေးစားကြပုံ၊အနတ္တတရားနှင့် ခေတ်ပညာရှင်တို့၏ အမြင်ကိုက်ညီနေပုံ၊ ရဟန်းသံဃာ၊မဟာယာနဗုဒ္ဓဘာသာ၊ဂျပန်နိုင်ငံမှ ဇင်ဝိပဿနာစသည်များ ဖော်ပြထားသည်..။

ဗုဒ္ဓနှင့်ဗုဒ္ဓဝါဒအပေါ် သမိုင်း၊ ဒဿန၊ ဝေါဟာရ ရှုထောင့်အမြင်ပေါင်းစုံတို့ဖြင့် ရေးသားထားရာ ခေတ်သစ် ဗုဒ္ဓစာပေသမိုင်းတွင် အလွန်ထူးခြားသော ကျမ်းစာတစ်စောင်ဖြစ်သည်ဟု စာအုပ်အမှာစာလေးမှာ ဆိုထားပါတယ်…။

#ဗုဒ္ဓနှင့်ဗုဒ္ဓဝါဒ
#ဦးအေးမောင်


မြန်မာနိုင်ငံအနှံ့ နယ်မြို့များဆီသို့ မြန်ဆန်တိကျစွာ သက်သာသောနှုန်းထားဖြင့် ပို့ဆောင်ပေးပါတယ်ရှင့် 🥰

ပြည်ပရောက် စာပေချစ်သူများအတွက်လည်း စာဖတ်သူလက်ထဲ လွယ်ကူလျင်မြန်စွာ ရောက်ရှိဖို့စိတ်တိုင်းကျ ဝန်ဆောင်မှုပေးဖို့ အဆင်သင့်ရှိနေပါတယ်နော် 🤍

စာအုပ်‌လေးတွေ မှာယူလိုပါက -
Page ရဲ့ messenger မှတဆင့် မှာယူနိုင်ပါတယ် 🍀

#မြန်မာစာအုပ်ဆိုင် #စာအုပ် #စာအုပ်ဆိုင်

Want your business to be the top-listed Shop in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


Kyauktatar Tsp
Yangon
11221

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00