Level Up Marketing Group
Their approach crafts cohesive brand experiences across SEO, social media, and digital channels.
11/06/2026
စျေးကွက်ထဲမှာ အောင်မြင်ဖို့ဆိုတာ အမြဲတမ်း လှုပ်ရှားရုန်းကန်နေဖို့ထက် အခွင့်အရေးကောင်းကို စောင့်တတ်ဖို့က ပိုအရေးကြီးပါတယ်။ 💡
ကိုယ့်လုပ်ငန်းအတွက် အကောင်းဆုံးရလဒ်ရဖို့ဆိုရင်
✅စျေးကွက်ရဲ့ အခြေအနေကို သေချာစောင့်ကြည့်တယ်၊
✅Customer တွေရဲ့ လိုအပ်ချက်ကို လေ့လာတယ်၊
✅ပြီးမှ အချိန်ကိုက် တိတိကျကျ လုပ်ဆောင်တတ်ကြပါတယ်။
ကိုယ့်လုပ်ငန်းရဲ့ ဘတ်ဂျက်နဲ့ အချိန်တွေ မဖြုန်းတီးရအောင် စနစ်ကျတဲ့ အချက်အလက်တွေနဲ့ အခွင့်အရေးကို ဖော်ဆောင်ချင်တယ်ဆိုရင်တော့ Level UPက အသင့်ရှိနေပါတယ်ခင်ဗျာ။
အချိန်အခါမဟုတ်ဘဲ အော်ဟစ်နေတာထက် အချိန်တန်ရင် တစ်ချက်တည်းနဲ့ အောင်မြင်အောင် လုပ်ဆောင်တာကမှ စစ်မှန်တဲ့ Marketing ပါ။
စနစ်ကျတဲ့ စောင့်ကြည့်မှု၊ တိကျတဲ့ လုပ်ဆောင်မှုနဲ့အတူ အနိုင်ယူဖို့ ကျွန်တော်တို့နဲ့ အတူ ပြင်ဆင်လိုက်ပါ။ 🚀
ချစ်ရသော Client တွေ ပြောနေကြ စကားလေးတစ်ခွန်း 🥺😂
07/06/2026
လူတိုင်းလုပ်နေကြတဲ့လမ်းနောက်ကိုပဲ လိုက်နေမယ်ဆိုရင် ကိုယ့်လုပ်ငန်းက လူအများကြားထဲမှာပဲ ပျောက်ကွယ်နေပါလိမ့်မယ်။ 💡
နည်းစနစ်ကျတဲ့ လုပ်ငန်းရှင်တွေက အများလုပ်သလို လိုက်လုပ်လေ့မရှိပါဘူး။ စျေးကွက်ကို သေချာသုံးသပ်ပြီး တခြားသူတွေမမြင်နိုင်တဲ့ ရှုထောင့်အသစ်ကနေ စနစ်ကျတဲ့ Strategy တစ်ခုကို ချမှတ်တတ်ကြပါတယ်။ အများနဲ့မတူဘဲ ထင်ပေါ်နေဖို့ဆိုတာ မှန်ကန်တဲ့ အတွေးနဲ့ ဆုံးဖြတ်ချက်အပေါ်မှာပဲ မူတည်ပါတယ်။
ကျွန်တော်တို့ Level UP မှာတော့ ကိုယ့်လုပ်ငန်းရဲ့ အားသာချက်တွေကို ရှာဖွေဖော်ထုတ်ပေးပြီး ခိုင်မာတဲ့ ရလဒ်တွေရရှိအောင် အမြင်သစ်တွေနဲ့ ဝန်ဆောင်မှုပေးနေပါတယ်။
လူအများနောက်လိုက်နေတာကို ရပ်တန့်ပြီး ရှေ့ကနေ ဦးဆောင်သူဖြစ်ဖို့ ကျွန်တော်တို့နဲ့အတူ ပြင်ဆင်ချင်တယ်ဆိုရင်တော့ အခုပဲ dmကနေတစ်ဆင့် ဆက်သွယ်လိုက်ပါတော့ခင်ဗျာ။🚀
25/05/2026
Happy Birthday Our Boss Stephen!!🎂🎉
Level UPကို စပြီး တည်ထောင်ကတည်းက အခုချိန်ထိ Teamနဲ့အတူ အားသွန်ခွန်စိုက် အလုပ်ကြိုးစားပေးနေတဲ့ ကျွန်တော်တို့ရဲ့ CGO Ko Stephen Kyaw ရဲ့ မွေးနေ့လေးမှာ ပျော်ရွှင်စရာကောင်းတဲ့ အချိန်တွေကို မိသားစုနဲ့အတူ ပိုင်ဆိုင်နိုင်ပါစေဗျာ။
ဘဝမှာ အောင်မြင်မှုတွေ၊ စိတ်လှုပ်ရှားစရာတွေနဲ့ ပျော်ရွှင်မှုတွေ ပိုမိုတိုးပွားလာပါစေလို့လဲ ကျွန်တော်တို့ Level UP တစ်ဖွဲ့သားလုံးက ဆုတောင်းပေးလိုက်ပါတယ်ဗျ။
Level UP team ရဲ့ ထောက်တိုင်တစ်ခုအဖြစ်ရှိနေပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ဗျ၊ Team နဲ့အတူ Clientတွေရဲ့ Complainတွေကို အတူဖြေရှင်းပေးပါဦးလို့ပြောရင်း Happy Birthday Our Gemini Boss.!!🥳♊️
17/05/2026
Marketing ဆိုတာက လူတွေကို သင့်ဆီလာဖို့ ဖိတ်ခေါ်တာဖြစ်ပြီး၊ Branding ဆိုတာကတော့ သူတို့တွေကို သင့်ဆီမှာပဲ အမြဲရှိနေအောင် ဆွဲဆောင်ထားတဲ့ အကြောင်းပြချက်ပဲ ဖြစ်ပါတယ်။ 🤝
လုပ်ငန်းရှင်တော်တော်များများက "ဘာပစ္စည်းရောင်းမလဲ" ဆိုတာကိုပဲ အာရုံစိုက်တတ်ကြပေမဲ့၊ "ဘာကြောင့် ကိုယ့်brandဆီကပဲ ဝယ်သင့်တာလဲ" ဆိုတဲ့ အချက်ကို ပိုပြီး အလေးထားဖို့ မေ့နေတတ်ကြပါတယ်။
လူတွေရဲ့ ၈၀% ဟာ သူတို့မှတ်မိတဲ့ Brand တွေကိုပဲ ဦးစားပေး ရွေးချယ်တတ်ကြပါတယ်။အဲ့ထဲမှာမှ ၅၀%လောက်က သူတို့ယုံကြည်ရတဲ့ Brand တစ်ခုအတွက်ဆိုရင် ဈေးနှုန်းပိုပေးဖို့ ဝန်မလေးကြပါဘူး။
Branding ဆိုတာ ဒီလိုယုံကြည်မှုကို တည်ဆောက်တဲ့ ဖြတ်လမ်းတစ်ခု၊တံတားတစ်ခုပါပဲ။သင့်လုပ်ငန်းကို လူတိုင်း ရွေးချယ်ချင်တဲ့ Brand တစ်ခုအဖြစ် ပြောင်းလဲဖို့ အသင့်ဖြစ်နေပြီဆိုရင်တော့ ကျွန်တော်တို့ Level Up ရဲ့ Message Box မှာ အခုပဲ လာရောက်ဆွေးနွေးလိုက်တော့နော်။✉️🚀
Click here to claim your Sponsored Listing.
Category
Contact the business
Website
Address
Myay Nu Street
Yangon
11111