Healthy Land

Healthy Land

Share

16/10/2022

{ဆေးဘက်ဝင်မှန်းတော့သိတယ် အဲလောက်
အကျိုးကျေးဇူးကြီးမှန်းမသိခဲ့}
အဆိပ်အမျိုးမျိုးနှင့် ရောဂါ (၁၈) ပါး ကို ပျောက်ကင်းနိုင်သော ကြောင်လျှာသီး
ကြောင်လျှာရွက် ကြောင်လျှာပွင့်
👍👍👍👍👍👍👍👍👍👍👍👍👍👍
ကြောင်လျှာပင် (Indian Trumpet Flower , Raw Material , Oroxylum indicun Vent ,
Bignoniaceae)။ မြန်မာ့တိုင်ရင်းဆေးပညာ အသစ် တဖန် ပြန်လည်
ထွန်းကားပါစေသော်။ ကြောင်လေးပင် မြွေနှင့် အဆိပ်မျိုးမျိုး နိုင်နင်းသော ဆေး
ဖော်စပ်ရာ၌ အသုံးပြု ကြောင် တစ်ကောင် ခေါ်သည့် ကြောင်လျှာရွက်

(က) ကြောင်လျှာအခေါက်အမှုန့်ပြု ၍ ချင်း(ဂျင်း)ရည် ၊ ပျားရည်တို့နှင့် ရောစပ်လျက်
သောက်သော် ပန်းနာ ချောင်းဆိုးရောဂါ ပျောက်၏

(ခ) အခေါက်မှုန့်ကို ရေနွေးတွင် ၂ နာရီခန့်စိမ်၍ စစ်ပြီး နံနက် ည သောက်သော်
အစာမကြေရောဂါ ပျောက်၏

(ဂ) ကြောင်လျှာခေါက် ကို ရေစိမ်၍ ၎င်းရေနှင့် ပလုတ်ကျင်း ပေးသော် ခံတွင်း ခြောက်
ကွဲနာ ပျောက်ပါတယ်

(ဃ) သားဖွားပြီး နာကျင်ကိုက်ခဲသည့်ရောဂါ ၊ ခေါင်းတစ်ခြမ်း
ကိုက်ရောဂါများအတွက်လည်း ကြောင်လျှာခေါက်ကို သုံးနိုင်သေးသည်။

(င) အမြစ်ခေါက်ကို အဆစ်အမျက်ရောဂါဖျားရောဂါ ၊ ၀မ်းဖော ၊ ၀မ်းရောင် ၊
၀မ်းကိုက်ရောဂါများအတွက် အသုံးပြု၏

(စ) ကြောင်လျှာရွက် ညှစ်ရေကို သောက်သော် ဘိန်းဆိပ်သင့် ခြင်း ပျောက်၏

(ဆ) ကြောင်လျှာရွက်ပြုတ်တို့စားက ၀မ်းမီးကောင်း၏။ နားအူ နားကိုက်ကောင်း၏

(ဇ) ကြောင်လျှာ အသီးကို ပြုတ်၍ လည်းကောင်း ၊ ဖုတ်၍ လည်းကောင်းစားခြင်းဖြင့်
အစာမကြေရောဂါ ၊ လည်ပင်းကြီးရောဂါ ၊ သရိုက်ရောဂါ ပျောက်၏။ သုပ်စားခြင်းဖြင့်
လည်ချောင်းတွင်း အပူဖုပေါက်သောရောဂါ ပျောက်သည်။

(စျ) ကြောင်လျှာသီး နှင့် ကြက်သား ရော ချက်စားပါက ပန်းနာရင်ကြပ်ရောဂါ ပျောက်၏

(ည) ကြောင်လျှာသီး နှင့် ငါးရံ့ဖြင့်ချက်စားပါက ကာလ၀မ်းရောဂါပျောက်၏ ။ အားကို
ဖြစ်စေပြီး အစာမကြေရောဂါ ၀မ်းပျက်ရောဂါပျောက်၏။

(ဋ) ကြောင်လျှာသီး နှင့် ပုစွန် ချက်စားက နှလုံးလေရိုက်ရောဂါ ၊ နှလုံးတုန် ၊ ရင်တုန်ရောဂါ
ပျောက်၏။

(ဌ) ကြောင်လျှာသီး နှင့် ငါးသလောက် ချက်စားက အဖောရောဂါကို ကျစေ၍ လူကို
၀ဖြိုးစေပြီး နှလုံးအားနည်းခြင်း ကို ပျောက်စေသည်။

(ဍ) ကြောင်လျှာသီး နှင့် ငါးမြွေထိုး ချက်စားက ဒူလာသွေး၀မ်း မီးယပ်သွေး၀မ်း နှင့်
မြင်းသရိုက် ရောဂါတို့ကို ပျောက်ကင်းစေ၏။

(ဎ) ကြောင်လျှာ အမြစ်ကိုသွေး၍ လိမ်းပေးခြင်းဖြင့် အနာ၀င် မန်းလိုက်ခြင်း
ပျောက်ကင်းသည်

(ဏ) ကြောင်လျှာသီးကို (၇) ရက် နှစ်ခါ စားသော် သုတ်ခွန်အား တိုးပွားစေ၏၊
ဒေါသသုံးပါးကို ငြိမ်းစေ၏

(တ) ကြောင်လျှာ အခေါက်အမြစ် တို့ကို သွေးလိမ်းသော် လေဖြတ်လေငန်း တခြမ်းသေ၊
တပိုင်းသေ၊ သွေးမလျှောက် လေမလျှောက်၊ ထုံနာကျင်နာ၊ ချိနဲ့သောသူများ
သက်သာပျောက်ကင်း၏။

(ထ) ကြောင်လျှာခေါက် ၆ ရွေးသား၊ ချင်းခြောက် ၆ ဆရွးသား၊ ထန်းလျက် ၁၂
ရွေးသားတို့ကိုရော၍ အလုံး သုံးလုံးရအောင် လုံး၍ နံနက် နေ့ ည ဒသမှုပြုတ်ရည်နှင့်
သောက်သော် သားဖွားမီးယပ်ရောဂါဖြစ်သည့် အမျိုး သမီးများသားဖွားပြီးနောက် ၄-၅-၆
ရက်တိုင်အောင် ကြောက်မက်ဖွယ်ကောင်းသည့် ကိုက်ခဲနာကျင်ခြင်းတို့ကို
အံ့သြဖွယ်ကောင်းအောင် ပျောက်ကင်းသည်။

(ဒ) ကြောင်လျှာခေါက်ကို အမှုန့်ပြု၍ ချင်း (ဂျင်း)သတ္ထုရည်နှင့်လည်းကောင်း၊ ပျားရည်နှင့်
လည်းကောင်း၊ ရောစပ်၍ လျက်စားသော် ပန်းနာချောင်းဆိုးရောဂါသည် ပျောက်ကင်း၏။

(ဓ) ကြောင်လျှာခေါက်ရေနှင့် စပ်၍ နွားနို့၊ ပဲစင်းငုံရွက် သတ္ထုရည်ရောပြီး ရှူပေးခဲ့သော်
ခေါင်းတစ်ခြမ်းကိုက်ရောဂါ ပျောက်ကင်း၏

(န) ကြောင်လျှာ အခေါက်မှုန့်ကို ရေနွေးတွင် နှစ်နာရီကြာမျှ စိမ်၍စစ်ပြီးနောက်
တစ်ကြိမ်လျှင် ၁ ကျပ်သားမျှ နံနက်ည သောက်ခဲ့သော် ၀မ်းမီးနုံ့ခြင်းကြောင့်ဖြစ်သော
အစာမကြေရောဂါ ပျောက်ကင်း၏

(ပ) ကြောင်လျှာရွက် သတ္ထုရည်ကို တိုက်သော်ဘိန်းဆိပ်သင့်သူများ
သက်သာပျောက်ကင်းသည်

(ဖ) ကြောင်လျှာရွက်ကို သို့မဟုတ် ကြောင်လျှာခေါက်ကို ရေနှင့်စိမ်၍ ၎င်းရေကို
ပလုတ်ကျင်းပေးခဲ့သော် ခံတွင်းခြောက်ကွဲနာ ပျောက်ကင်း၏။

(ဗ) ကြောင်လျှာပွင့်ကို သုတ်စားခြင်း၊ ရေနွေးဖျြော်ပီး တို့ပြုတ်စားခြင်း ဖြင့် နှုတ်မမြိန်နာ
အတွက် ပျောက်ကင်း ၏

🕊❤️ညာဏ်ကြွယ်🕊crd

Photos from Healthy Land's post 09/10/2022

ကဲ ဟာနုမာန်ကလည်းစပြီနော် 🥳

ကိုယ်တိုင်သုံးဖို့အတွက် 💁
မိဘဆရာသမားများကန်တော့ဖို့အတွက်💁
လက်ဆောင်ပေးဖို့အတွက်💁
သီတင်းကျွတ် အတွဲလိုက် အထူးပရိုစျေးလေး

အခွင့်အရေးကောင်းလေးရှိတုန်း ဆေးကပ်ခွါ လိမ်းဆေး၂မျိုးလုံးအသင့်မို့ အမိအရယူပါ🤩💖

Photos from Healthy Land's post 20/09/2022

Hanuman Brand Products များ၏ လက်လီ/လက်ကား ဈေးနှုန်းပြောင်းလှဲ သတ်မှတ်ခြင်း❗❗❗
***********************************************

✅ Prorich Company သည် ငွေကြေးများမတည်ငြိမ်သော်လည်း

Customers များအတွက်အဆင်ပြေစေရန်

Company တွင်ရှိထားသောStock များအားလုံးကို ( 2 ) လတိတိ

ယခင်ဈေးနှုန်းအတိုင်း မပြောင်းလဲပဲ ရောင်းချပေးခဲ့ပါသည်။

သို့သော် ယခုအချိန်တွင် လုပ်ငန်းလည်ပတ်နိုင်ရန်

ဆက်လက်ထိန်းထား၍ မဖြစ်နိုင်သဖြင့် ဈေးနှုန်းအား

အနည်းငယ်တိုးမြင့်လိုက်ရပါသည်။

✅ လက်လီအရောင်း ဈေးနှုန်းတိုးမြင့်ရာတွင်လည်း

ငွေလဲလှယ်မှုပေါက်ဈေးအတိုင်း တိုးမြင့်ထားခြင်းမဟုတ်ပဲ

Company နှင့် အရောင်းကိုယ်စားလှယ်များမှ

မိမိ၏အမြတ်ငွေကိုလျော့ပြီး Customers များအတွက်

အသုံးပြု/ဝယ်ယူရာတွင် အဆင်ပြေဆုံးဖြစ်စေမည့်

ဈေးကိုသတ်မှတ်လိုက်ရခြင်းဖြစ်သည်။

မင်မင်မေအိတို့ဆီမှာ ဆေးကပ်ခွါလက်ဟောင်းအထုပ်
နှင့် ဆေးကပ်ခွါဘူးသစ် ၂မျိုးလုံးကို မှာယူနိုင်ပါတယ်ရှင့် ဆေးကပ်ခွါရဲ့ပါဝင်ပစ္စည်း အာနိသင်ပြောင်းလဲမှုမရှိဘဲ စျေးနှုန်းနှင့် ဆေးထုပ်အရေအတွက် ကွာခြားချက်ကို ပုံမှာပြထားပါတယ်ရှင် 🤍🍀

✅ Hanuman Products တိုင်းကိုစဥ်ဆက်မမြတ် အမြဲဝယ်ယူအားပေးမှုအတွက် Hanuman Brand မိသားစုမှ အထူးကျေးဇူးတင်ရှိပါတယ်ရှင့်.....🙏🙏🙏

17/09/2022

အမေကို ဒူးနာအတွက်သုံးပေးတာသက်သာတော့

နောက်လိမ်းဆေး 2 ဗူးထပ်ပို့ပေးလို့ရမလားတဲ့

သုံးပြီးဝေဒနာသက်သာလာတာကြားရတော့ပီတိမိပါတယ်ရှင့်

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


South Dagon Township
Yangon