Areng Pui

Areng Pui

Share

21/10/2025

Edupolitics ဆိုတာဘာလဲ?
______________________

▪️Edupolitics ဆိုတဲ့စကားလုံးနဲ့တော့ တချိုးသူတွေက ရင်းနှီးချင်မှ ရင်းနှီးကြလိမ့်မယ်၊ သူက တိုက်ရိုက် အဓိပ္ပါယ်ဖွင့်ဆိုထားတဲ့ဟာမျိုးမဟုတ်ဘဲ၊ Education နဲ့ Politics ကို ပေါင်းစပ်ထားတဲ့အသုံးနှုန်း ဖြစ်ပါတယ်။ ဆိုလိုချင်တာ နိုင်ငံရေးကို အသားပေးထားတဲ့ ပညာရေးလို့ ဆိုရမှာဖြစ်ပါတယ်။

▪️မြန်မာနိုင်ငံရဲ့ ပညာရေးကို ကြည့်ရင် ဝတ်ကျေတန်းကျေ သင်ပေးလိုက်တဲ့စနစ် နဲ့အနေသားကျနေပြီးလို့ ဆိုရမယ်။ သို့သော် ဒီတော်လှန်ရေးကာလမှာ Edupolitics တွေ တစ်ဖြည့်ဖြည့် ပေါ်ပေါက်လာတာက ဝမ်းသာစရာပါ။ ဥပမာ ပြည်သူ့အုပ်ချုပ်ရေး( Public Administration )၊ Public Policy,Constitutional law, Minority Affair၊ Politcs and Governane တို့၊ Federalism and Good governance အစရှိတဲ့ နိုင်ငံရေး နည်းနာ၊ အစီအမံ၊ စနစ်တွေကို အသားပေးပြီး သင်ကြားတဲ့ပညာရေးတွေအားလုံးကို Edupoliticsလို့ သုံးနှုန်း ထားတာဖြစ်ပါတယ်။

▪️အဲအတွက် ကျနော်တို့ နိုင်ငံလို အသွင်ကူးပြောင်းရေးကိုသွားနေကြတဲ့ ကာလမှာ Edupolitics ကိုလည်း မြင့်တင်ဖို့လိုအပ်တာဖြစ်ပါတယ်။ နိုင်ငံရေးနယ်ပယ်မှာ ဝင်ရောက်ကြမယ့် လူငယ်တွေ၊ နိုင်ငံရေး ခေါင်းဆောင်တွေကို နိုင်ငံရေးအကြောင်းနားလည်အောင် ပညာပေးမြင့်တင်ကြဖို့လိုအပ် တာဖြစ်ပါတယ်။ အဲမှသာ ကျနော်တို့ လိုချင်တဲ့ပန်းတိုင်ကို ဖြောင်းဖြောင်းတန်းတန်း သွားနိုင်မှာ ဖြစ်သလို နည်းမှန် လမ်းမှန်နဲ့ သွားနိုင်မှာဖြစ်ပါတယ်။

Areng Pui
21/10/2025

21/10/2025

22/08/2025

[ချင်းဓလေ့ထုံးတမ်းဥပဒေ တည်ဆောက်ခြင်း]
_____________________________________

▪️ဥပဒေလို့ ပြောလိုက်ရင် အများစုက စာအုပ်၊ စာပေမှာ ပြဌာန်းထားပြီးအသက်သွင်း ကျင့်သုံးကြတဲ့ ဥပဒေတွေကို မြင်ယောင်ကြပါလိမ့်မယ်။ ဥပဒေ ဆိုတဲ့နေရာမှာ ရေးဆွဲပြဌာန်းတဲ့ဥပဒေ (writing Law) နှင့် ရေးဆွဲပြဌာန်းခြင်းမဟုတ်ဘဲ နုတ်စကားပေါ်မှာ လက်ခံကျင့်သုံးနေကြတဲ့ ဥပဒေ( unwriting Law) ဆိုပြီး အမျိုးအစား (၂) မျိုးရှိတာဖြစ်တယ်။

▪️၂၀၂၁ခုနှစ်၊ အာဏာသိမ်းပြီးနောက်မှာ ချင်းတော်လှန်ရေး အင်အားစုတွေမှာ အခက်ခဲ့တွေ့တဲ့အရာက တရားစီရင်ရေးကဏ္ဠာ(ဥပဒေ)ဖြစ်ပါတယ်။ နယ်မြေတွေ အတိုင်းအတာ တစ်ခုထိ ထိန်းချုပ်လာတဲ့ နောက်ပိုင်းမှာ တရားရင်စီရင်အခန်းကဏ္ဌာကို တစ်ဖြည့်ဖြည့် အသွင်ကူးပြောင်း အားစိုက် အကောင် ထည်ဖော်လာ ကြတဲ့အခါ တရားစီရင်ရေးအပိုင်းတွေမှာ ဘယ်ဥပဒေကို ကျင့်သုံးကြမလဲ ဆိုတာ မေးခွန်းတစ်ခုဖြစ်လာတာဖြစ်တယ်။ အဲသည် အပေါ်မှာ တစ်ချိုးကတော့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ သာ ဖျက်သိမ်းတာဖြစ်လို့၊ ကျန်တဲ့ တည်ဆဲ ဥပဒေတွေ အားလုံးအသုံးပြုလို့ရတယ်၊ တစ်ချိုးက ဒါတွေက ငါတို့ ချင်းလူမျိုးတွေနဲ့ မကိုက်ညီဘူး၊ ဗမာလူမျိုးတွေရဲ့ ယဉ်ကျေးမှု ဓလေ့တွေအပေါ် အခြေခံ ရေးဆွဲထားတာဖြစ်လို့ ငါတို့ ချင်းလူမှုပုံစံနဲ့ မကိုက်ညီဘူး၊ တစ်ချိုး က ငါတို့ ဘိုးဘွားတွေ ကျင့်သုံးခဲ့ကြတဲ့ ချင်းဓလေ့ထုံးတမ်းဥပဒေ ကိုပြန်ပြီး အသုံးပြုကြမယ် အစရှိသည်ဖြင့် ဆွေးနွေး ငြင်းခုန်နေကြတွေရှိတာဖြစ်ပါတယ်။

▪️အဲသည်အပြင် ချင်းဓလေ့ထုံးတမ်းဥပဒေ (Unwriting Law) ကို ဘ​ယ်လို ပုံဖော်ကျင့်သုံးကြမလဲ ဆိုတာ လည်းထပ် စဉ်းစားစရာဖြစ်လာတာဖြစ်တယ်။ ချင်းလူမျိုးမှာ မျိုးနွယ်စုတွေ၊ မြို့နယ်အလိုက် ဥပဒေကျင့်သုံးပုံစံတွေက အနည်းငယ် ကွားခြားတဲ့အပိုင်းတွေရှိတာဖြစ်တယ်။ တချို့မျိုးနွယ်တွေမှာ လူသတ်မှုကို ကျူးလွန်ရင်ကျူးလွန်တဲ့သူ ဒါမှမဟုတ် ကျူးလွန်တဲ့ ဆွေမျိုး,၊မိသားစုဝင် တစ်ယောက်ယောက်က ပြန်ပြီး အသက်ကို ရင်းပြီး ပေးဆပ်ကြရတာရှိသလို တစ်ချို့း မျိုးနွယ်စု တွေမှာဆိုရင် အသတ်ခံရတဲ့ လူတစ်ယောက်အတွက် ကျေးရွာလူကြီးတွေက သတ်မှတ်ပေး တဲ့ လျော်ကြေးကို ပေးကြရဖြစ်တယ်။ သည်လိုမျိုး မတူညီတဲ့ ဓလေ့တွေ ရှိတာ သတိချပ်ရမှာဖြစ်ပါတယ်။ ဒီလိုမတူညီတဲ့ ကျင့်သုံးပုံတွေကို ကိုင်တွယ်ဖြေရှင်းဖို့ဆိုရင် Writing Law က မဖြစ်မနေ လိုအပ် နောတဖြစ်ပါတယ်။

▪️ကျနော်ကိုယ်တိုင်၌ကလည်း တော်လှန်ရေးအင်အာစုတွေ ပြုလုပ်တဲ့ တရားစီရင်ရေး ဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲတွေမှာ တတ်ရောက် ဆွေးနွေးဖူးပါတယ်။ ချင်းဓလေ့ထုံးတမ်းဥပဒေ လို့ ပြောလိုက်ရင် အတော်လေးကို အကြောင်းချင်းအရာပြဿနာတွေ များပါတယ်။ အထူးသဖြင့် စာအုပ်စာပေ၊ ကိုးကား စရာ စီရင်ထုံးတွေလိုမျိုး ရှိနေတာမျိုး မဟုတ်ဘဲ Unwriting law ပဲရှိတဲ့အတွက် အငြင်းပွားဖွယ်ရာတွေ ပိုများတာဖြစ်ပါတယ်။ ဘိုးဘွားတွေ အသုံးပြုကြတဲ့ ဥပဒေဆိုတာလည်း စကားတစ်ခွန်အပေါ်မှာ သစ္စာတရားနဲ့ စောင့်သိပြီး ကျင့်သုံးလာခဲ့ကြတာသာဖြစ်ပါတယ်။ ကျနော်ထင်တယ် ဘိုးဘွားတွေလို စကားတစ်ခွန်း၊ ဂတိတစ်ခုနဲ့ သစ္စာတရားကို စောင့်ထိန်းကြဖို့ဆိုတာလည်း ဒီခေတ်ဒီအခါနဲ့ မလွယ်ကူ လောက်ဘူးထင်ပါတယ်။ အဲအတွက် ကြောင့် writing Law မရှိဘဲ ချင်းဓလေ့ ထုံးတမ်း ဥပဒေဆိုပြီး အလျင်စလို လုပ်ဖို့ မသင့်တော်အကြောင့်တွေကို ဆွေးနွေးခဲ့ဖူးပါတယ်။

▪️သည်လိုဆိုရင် Unwriting Law ကနေ Writing Law ဖြစ်လာအောင်ဘယ်လိုလုပ်ကြမလဲ။ လွယ်ပါတယ်။ သို့သော် ခက်ခဲ့ပါတယ်။ Unwriting Law ကနေ writing Law ဖြစ်အောင် လုပ်ဖို့ လွယ်ပါတယ်။ ခက်တာ သည် ချင်းဘိုးဘွာတွေ အသုံးပြုတဲ့ ရိုးရာဓလေ့တွေသည် ချင်းတစ်မျိုးသားလုံးက တညီတညွတ် လက်ခံကျင့်သုံးတဲ့ ဥပဒေမဟုတ်ဘဲ မြို့နယ် တစ်ခုနဲ့ တစ်ခု၊ မျိုးနွယ်စုတစ်ခုအပေါ် အခြေခံပြီး ကျင့်သုံးလာကြတဲ့ ဥပဒေ သာဖြစ်တဲ့အတွက် ချင်းတစ်မျိုးသားလုံးကို လွမ်းခြုံဖို့ဆိုတာအခက်ရှိတာ ဖြစ်ပါတယ်။ ဒါပေမယ့် ကျနော်တို့တွေ လိုချင်တယ်ဆိုရင် ဖန်တီးလုပ်ယူကြရမှာဖြစ်ပါတယ်။ ချင်းမျိုးနွယ်စုတွေရဲ့ ဓလေ့တွေကို လေ့လာပြီးတူရာတူရာတွေကို စုစည်းကြရမှာဖြစ်ပါတယ်။ ဥပမာ တူညီတဲ့ အချက်တစ်ခုကို ပြောရရင် ချင်းလူမျိုးမှာ အမျိုးသမီး၊ (သမီး) တွေဟာ မိဘရဲ့ အမွေဆက်ခံပိုင်ခွင့် မရှိတာဖြစ်ပါတယ်။ ချင်းမျိုးနွယ်စု၊ မြို့နယ် အားလုံးမှာ တူညီတဲ့ အချက်ဖြစ် ပါတယ်။ ဆိုလိုချင်တာသည် ဒီလိုတူညီတဲ့ အချက်တွေကိုအခြေခံပြီး ကနဦး စုစည်းကြဖို့လိုအပ် တာဖြစ်ပါတယ်။

▪️သည်လို Writing law မရှိဘဲ ကိုယ့်မြို့နယ်တစ်ခုတည်း သို့မဟုတ် မျိုးနွယ်စုတစ်ခုရဲ့ ရိုးရာဓလေ့တွေသာ အခြေခံ တရားစီရင်ရေးကို သွားကြမယ်ဆိုရင် မြို့နယ်တစ်ခုနဲ့ တစ်ခု၊ မတူညီတဲ့ မျိုးနွယ်စုကြားက ပြဿနာတွေကို ကိုင်တွယ်ဖြေရှင်းမယ့်အခြေအနေတွေမှာ ဥပဒေအကြောင်းချင်းရာပြဿနာ( legal conflict) အများကြီးရှိလာနိုင်တာဖြစ်ပါတယ်။ အဲသည်အတွက် ချင်းဓလေ့ထုံးတမ်းဥပဒေကို Writing Law ဖြစ်အောင် အရင်ဦးဆုံး လုပ်ဆောင်ကြဖို့ လိုအပ်တာဖြစ်ပါတယ်။ ဒီလိုနည်းနဲ့ ကိုယ့်နည်းကိုယ့်ဟန် ချင်းလူမျိုးနဲ့ ကိုက်ညီတဲ့ ဥပဒေတစ်ရပ်ကို ဖြည့်ဖြည့်ချင်း တည်ဆောက်ယူကြရမှာဖြစ်ပါတယ်။ ဒီလိုမှ မဟုတ်ရင် ခုလက်ရှိမြန်မာနိုင်ငံမှာ ကျင့်သုံးနေတဲ့ တည်ဆဲ ဥပဒေတွေကိုသာ ကိုးကားအသုံးပြု ကြရမှမှာဖြစ်ပါတယ်။

Areng Pui
22nd, August,2025

28/07/2025

▫️ကိုယ့်ရဲ့ တန်ဖိုးတွေကိုပြောဆိုကြတဲ့အခါ
အတန်းပညာ၊ ဘွဲ့ဒီကရီတွေကိုအခြေခံပြီး ပြောဆိုတာထက်
လူ့ကျင့်ဝတ်လို့ ခေါ်တဲ့ လူကို လူလိုမြင်နိုင်စွမ်း ဘယ်လောက်ရှိတယ်ဆိုတဲ့ အပေါ်မှာ
အခြေခံပြီး တန်ဖိုးကိုသတ်မှတ်ကြရလိမ့်မယ်။

▫️သစ္စာရှိတရားလို့ ပြောကြတဲ့အခါ ငွေကြေးအကျိုးအမြတ်ကို အခြေခံပြီး
သစ္စာစောင့်ထိန်းမှုထက် ကိုယ်ဖြစ်ချင်တဲ့ပုံစံ၊ ကိုယ်လုပ်ချင်တဲ့ အလုပ်ကို
ငွေးကြေးအပေါ် အခြေမခံဘဲ သစ္စာမပြတ်ဘယ်လောက်ထိလုပ်နိုင်စွမ်းရှိလဲ ဆိုတဲ့ စိတ်ဓာတ်အပေါ်အခြေခံပြီး သစ္စာတရားရဲ့စံကို သတ်မှတ်ကြရလိမ့်မယ်။

▫️လူဖြစ်ခြင်းရဲ့ သတ်မှတ်ချက်တွေကို တိုင်းတာ ကြတဲ့အခါပေတံမျိုးစံနဲ့တိုင်းတာဖို့ လူတွေအားစိုက်ကြတယ်။ တကယ်တော့လူဖြစ်ခြင်းကို တိုင်းတာကြတဲ့အခါ ဘာ ပေတံမှ မလိုဘဲ လူဖြစ်ခြင်းဆိုတဲ့ ပေတံနဲ့တင် တိုင်းတာကြရလိမ့်မယ်။

Areng Pui
July,28

Want your public figure to be the top-listed Public Figure in Yangon?
Click here to claim your Sponsored Listing.

Category

Website

Address


Yangon