SMART Japanese Language Center
22/09/2022
💖မင်း လုပ်နိုင်ပါတယ်💖
💪ဘဝ ရဲ့ အဆင်မပြေမှုတွေကြား ပိတ်မိနေလားစိတ်ဓာတ် မကျလိုက်ပါနဲ့။💪
🌟 တချို့အရာတွေက ဖောက်ထွက်ဖို့ အချိန်လိုသလို။
🌟 တချို့အရာတွေက ကိုယ့်ရဲ့ သည်းခံစိတ်ရှည်မှုကို စမ်းသပ် လိုက်တာလည်း ဖြစ်နေတတ်တယ်။
အားတင်းထားပါ။ 💖မင်း လုပ်နိူင်ပါတယ်💖
💘ကိုယ် အရမ်းမြတ်နိူးရတဲ့
လူ တစ်ယောက်ကို သေကွဲ ၊ ရှင်ကွဲ ခွဲလိုက်ရလို့ အရမ်းခံစားနေရလား
ဘဝကို အရှုံးမပေးလိုက်ပါနဲ့
ရေစက်ဆိုတာ တစ်ဖက်တည်းက
တန်ဖိုးထားရုံနဲ့
တည်မြဲနေတတ်တာ မဟုတ်သလို။
အရာအားလုံးက သူ မထားခဲ့လည်း အချိန်တန်ရင် ကိုယ်က ထားခဲ့ရမှာချည်းပါပဲ ဖြေသိမ့်ပါ။💘
💖မင်း လုပ်နိူင်ပါတယ်💖
💁ကိုယ့်ဘဝကို စိတ်ပျက်နေလား
စိတ်မပျက် လိုက်ပါနဲ့။
ဖိနပ် မရှိတိုင်း ငိုနေရင် ခြေထောက် မရှိတော့တဲ့ သူတွေကို အားနာလိုက်ပါ။
အထီးကျန်လွန်းလို့ စိတ်ဓာတ်ကျနေမိရင်
မိဘမဲ့ ကလေးငယ်တွေကို အားနာလိုက်ပါ။
ခံစား ရလွန်းလို့ မခံစားနိူင်ဘဲ ဖြစ်နေရင် မသန်စွမ်းသူတွေရဲ့ ဘဝကို မျက်နှာပူလိုက်ပါ။
ကိုယ့်ဘဝကို ကိုယ်ပိုင်ချင်ရင်ကိုယ့်ရဲ့ ဘဝကို ကိုယ်ကိုယ်တိုင်ပဲ အကောင်းဆုံး ရုန်းထရပါလိမ့်မယ်။ ကြိုးစားပါ။💁
💖 မင်း လုပ်နိူင်ပါတယ်။💖
💝လောကမှာ ကြီးမားလွန်းတဲ့ အရှက်ကွဲမှုကြောင့်
လူတောမတိုးရဲသလို ဖြစ်နေလား။
လူဆိုတာ အမှားအယွင်း အပြစ် ကင်းစင်သူ ဆိုတာ အရမ်းရှားပါတယ်။ အပြစ် အနာ /အဆာ
အနည်းနဲ့အများပဲ ကွာခြားတာပါ။
ကိုယ့်ရဲ့ အားနည်းချက်ကို အမြဲတွေးပြီး ကိုယ့်ကိုယ်ကို ယုံကြည်မှု ကင်းမဲ့နေတာကကိုယ့်ဘဝကို အရှုံးပေးနေရုံတင်မကဘဲကိုယ့်ရဲ ့ကျေးဇူးရှင် မိဘနှစ်ပါးကိုယ့်ကြောင့်ကြီးမားစွာထိခိုက်သွားစေနိူင်ပါတယ်။💝
💗ကိုယ့်ရဲ့စိတ်ကို
အမြဲ အကျဉ်းချနေမယ့်အစား ကိုယ့်ရဲ ့မိဘမျက်နှာကို ထောက်ထားရင်
ရုန်းထွက်ဖို့ ကြိုးစားလိုက်ပါတော့။
လူ့ဘဝမှာ အရှက် သိက္ခာဆိုတာ အသက်ထက် အရေးကြီးတယ်ဆိုပေမယ့်။
ရှင်လျက်နဲ့ ဘဝသေနေတာက အရှက်ကွဲလိုက်တာထက်
ပိုဆိုးနေတတ်ပါတယ်။
ဖြစ်နိူင်ရင် မြန်မြန်ရုန်းထပြီး ကိုယ့်အတွက် မဟုတ်ရင်တောင်မှ ကိုယ့်မိသားစု / ကိုယ်နိုင်ငံ အတွက် ကိုယ့်ရဲ့ ရှင်သန်မှုကို အကျိုးရှိရှိ အသုံးချပါ။💗
💖 မင်း လုပ်နိူင်ပါတယ်။💖
🌹 သူငယ်ချင်း ဘာကိုပဲလုပ်လုပ် / ဘာတွေပဲဖြစ်ဖြစ်
ဘယ်လို အရာတွေပဲကြုံကြုံ
ဘယ်လို စိတ်ဖိစီးမှုတွေပဲ ခံစားနေရပါစေ။
💖 "ငါ လုပ်နိူင်ပါတယ်💖လို့ စိတ်ထဲက ခိုင်ခိုင်မာမာခံယူပြီး ကြိုးစားပါ။🌹
💐💐 မင်း ဘဝက .....
တစ်ရက်ပြီးတစ်ရက် /တစ်နှစ်ပြီးတစ်နှစ်
အများက အားကျ လေးစားလောက်တဲ့
ဘဝတစ်ခုကို ပိုင်ဆိုင်နိူင်တယ်ဆိုတာ ဗေဒင် မေးစရာမလိုအောင် မှန်နေပါလိမ့်မယ်💐💐
💖သူငယ်ချင်း မင်းလုပ်နိုင်ပါတယ်💖
အခုလိုအချိန်ပေးဖတ်ရှုပေးတဲ့အတွက် အထူးကျေးဇူးတင်ပါတယ်။
Crd
18/09/2022
🎀ယနေ့ လူငယ်များအတွက် ဖတ်စေချင်🎀
---------------------------
🌺အသုံးမကျတဲ့လူ မဖြစ်စေနဲ့🌺
---------------------
🔴အသက် ၃၅ နှစ် ပြည့်တဲ့အချိန်ထိ ခင်ဗျားဟာ တီဗီလေး ကက်ဆက်လေး တစ်လုံးတောင် မပိုင်သေး တဲ့အခါ ဘယ်သူမှ ခင်ဗျားကို သနားနေလိမ့်မယ် မထင်နဲ့။
🔴စျေးကွက်ထဲ ယှဉ်ပြိုင်မှုကြောင့် ခင်ဗျား ကျရှုံးခဲ့တဲ့ အခါမှာလည်း ဘယ်ပြိုင်ဘက်ကမှ ခင်ဗျားကို ကိုယ်ချင်းစာတယ် ဆိုပြီးတော့ ရှော်ပေးလိမ့်မယ် မထင်နဲ့။ ကလေးကွက်နင်းနေတဲ့လူ စီးပွားရေး လောကမှာ တစ်ယောက်မှ မပါဘူး။
🔴ကိုယ့်ချစ်သူက ပိုက်ဆံမရှိလို့ လမ်းခွဲသွားတဲ့အခါရော။ ဘယ်သူကမှ ခင်ဗျားကို စာနာလို့့ ဆိုပြီးတော့ ကြယ်ငါးပွင့် ဟော်တယ်မှာ မင်္ဂလာဆောင်ပေးမယ် မထင်နဲ့။
🔴မိဘတွေကို ဆေးရုံဆေးခန်း ကောင်းကောင်းမှာ ဆေးကုချင်တယ်။ ဘယ်သူကမှ ခင်ဗျားကို ချစ်လို့ ဆိုပြီးတော့ ခင်ဗျားမိဘကို အကောင်းစား ဆေးရုံ ပို့ပေးမယ် မထင်နဲ့။
🔴မိသားစု ဆင်းရဲလို့ မချမ်းသာလာတာပေါ့။ ဟုတ်သလား။ အသိပညာ မဆင်းရဲ စမ်းပါနဲ့။ ဆင်ခြေတွေ အလီလီပေးနိုင်တဲ့ အတွက် ဘယ်သူကများ တော်လွန်းလို့ ဆိုပြီးတော့ ပိုက်ဆံလာပေးတုန်း။ မပေးဘူးနော်။
🔴ကိုယ်လုပ်တဲ့အလုပ်ရဲ့ ရလဒ်ကို ကြိုမမြင်နိုင်တဲ့လူ ဆင်းရဲမှာပဲ။
Crd
အခုလိုအချိန်ပေးဖတ်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။
လူသားအားလုံး ဘဝခရီးအဆင်ပြေချော့မွေ့ကြပါစေ။
Click here to claim your Sponsored Listing.
Category
Website
Address
Yangon
31/07/2025