Jimmy's Notes
11/11/2025
ကိုယ်မသိတဲ့ကိစ္စတွေကို ၀င်ပြီး မရှုပ်ချင်ပေမယ့် Idiots Band ကိစ္စကြီးက အားလုံးကို စိတ်ထိခိုက်စေရလိမ့်မယ်ထင်ပါတယ်။ ကျနော့် အမြင်နဲ့ ဖြစ်စေချင်တဲ့ ဆန္ဒလေးသက်သက်ပဲဖြစ်စေချင်တာလေးပဲ ပြောချင်တာပါ။ Band နဲ့ ရေမွန့်မိသားစုကြားက ကိစ္စတွေ လုံးလုံးမသိပါ။ ပရိသတ်တယောက်အနေနဲ့ပဲ ပြောချင်တာပါ။
ရေမွန့်မိသားစုဘက်ကလည်း သီချင်းခံစားခွင့်နဲ့ပတ်သက်ပြီး သူ့တို့ချစ်တဲ့ရေမွန်ရဲ့ Band လေးအတွက်လည်း စဉ်းစားပေးဖို့လိုပါတယ်။ သီချင်းတပုဒ်ဖြစ်ဖို့ တည်ဆောက်တဲ့အချိန်မှာတော့ အားလုံးက ဘယ်နားမှာတော့ ဘယ်လိုလေးဖြစ်သင့်တယ်၊ ဘယ်လိုတီးကြမယ်ဆိုတာ စုစည်းဖန်တီးခဲ့ကြရမှာပါ။ အစကနဦး သီချင်းရေးလာသူဟာ ဘယ်သူပဲဖြစ်ဖြစ် သီချင်းတည်ကြတဲ့အခါ အဖွဲ့သားအားလုံးရဲ့ခံစားချက်၊ အတွေ့အကြုံ၊ ဖန်တီးအားတွေ Involve လုပ်ခဲ့ကြရမှာပါ။ ဒါကိုလည်း သီချင်းခံစားခွင့်နဲ့ Copyright ကိစ္စလုပ်နေခဲ့ကြတဲ့ ပညာရှင်တွေက ဘယ်သူ ဘယ်လောက်ရသင့်တယ်လို့ နှစ်ကာလအကြာကြီး အဖြေရှာ ဝေပုံကြသတ်မှတ်ထားတာရှိတယ်လို့ လေ့လာဖူးသလောက်သိရပါတယ်။ ဒါကို လေးစားလိုက်နာကြရင် သိပ်ပြီး အများကြီး ပြဿနာရှိမယ်မထင်ဘူး။
နောက် Band တခုဖြစ်လာဖို့ စုဖွဲ့ရတာခက်သလို၊ နှစ်တွေအကြာကြီးလက်တွဲခဲ့ကြနိုင်ဖို့ဆိုတာလည်း Band Mates တွေရဲ့အကြားက တဦးအပေါ်တဦး သည်းခံနားလည်ချစ်ခင်မှူ အားကြီးမှပါ။ ကာလကြာလေ ရဲဘော်ရဲဘက်၊ ညီအစ်ကိုလို ခံစားစိတ်ဖြစ်လာမှလည်း Band မြဲတာပါ။ အဲ့အထဲ တဦးတလေတိမ်းပါသွားရင် အတူတူဖန်တီးခဲ့ကြတဲ့သီချင်းတွေကို ကျန်ရစ်သူတွေကလည်း ဒါဟာ Band ရဲ့အပိုင်သီချင်းအဖြစ်ခံစားကြမှာမလွဲဘူး။ သို့ပေသိ ကိစ္စရပ်တခုက ခံစားချက်ရှုထောင့်ကကလည်း ကြည့်ဖို့လိုသလို ဥပဒေရှုထောင့်ကလည်း ကြည့်ဖို့လိုတယ်။ ကျန်ရစ်သူမိသားစုမှာလည်း ထိုက်သင့်တဲ့ခံစားခွင့်ရှိနေတာကို Band ဘက်က လေးစားကြရမှာပါ။ ရေမွန်သူ့ဟာသူ မိသားစုနဲ့အခန့်မသင့်လို့ အိမ်ပေါ်ကဆင်းနေသည့်တိုင် အမေနဲ့ နှမအပါ် သိပ်ချစ်တယ်လို့ ပရိသတ်ကအစ သိထားခဲ့ကြပါတယ်။ ဒါကိုလည်း Band Members တွေက ပြန်လည်ထောက်ထားဖို့လို့ပါတယ်။ သီချင်းသွင်းစဉ်က ဘယ်လို ဘယ်ညာတွေ ဟာမိုနီတောင်လာမဆိုခဲ့ဘူး၊ စတာတွေ၊ ပြောပြရေးပြနေတာတွေလည်း ဖတ်ရပေမယ့် မိသားစုဟာ မိသားစုပါပဲ။
အဓိက ဖြစ်စေချင်တာက Band နဲ့ ကျန်ရစ်သူမိသားစုအကြားမှာ ရင်းနှီးနွေးထွေးတဲ့ညှိနှိုင်းမှုတခုနဲ့ ချစ်ချစ်ခင်ခင်ရှိကြစေချင်တယ်။ ဘာလို့လဲဆိုတော့ Idiots Band ကို ဆက်လက်ရှိနေစေချင်လို့ပါ။ ဂီတလောကသားချင်းတွေလည်းဖြစ်နေကြတာကြောင့် ခံစားခွင့်နဲ့ Copyright ကိစ္စတွေလည်း သိပြီးသားတွေပါ။ တဖက်နဲ့ တဖက် Compromise လုပ်စေချင်ပါတယ်။
နောက်ပြီး ဟိုတယောက်ပွဲစီစဉ်သူကတော့ ဒီလောကထဲမှာ နာမည်ပျက်ရှိနေခဲ့တာလည်း အခုဆိုအားလုံးသိနေကြပြီ။ (ကျနော်ကတော့ ဂီတလောကကမဟုတ်ပေမယ့် ရော့ခ်ကာတယောက်ရဲ့မိတ်ဆက်ပေးမှုနဲ့ တွေ့ဖူးတယ်။ စောက်ကြောကြီးလို့ ကိစ္စရှေ့မဆက်ဖြစ်တာ ဘုရားသခင်ကိုကျေးဇူးတင်တယ်။) ဒီနာမည်ပျက်ရှိနေတဲ့လူတယောက်ကြောင့် ချစ်ချစ်ခင်ခင်ဖြစ်နေရမယ့်လူတွေ စိတ်၀မ်းကွဲကြတာဟာ စိတ်မကောင်းစရာပါ။ တခုက Band Members တွေရဲ့ဆုံးဖြတ်ချက်ကလည်း အတန်သင့်ကြွပ်ဆပ်တယ်လို့ ခံစားရတယ်။ ရေမွန်ရဲ့မိသားစုနဲ့ GG နဲ့ကို ရွေးချယ်ကြတဲ့အခါ GG ကိုရွေးချယ်လိုက်ကြတယ်ထင်တယ်။ ဒီလောကထဲမှာနေရင် GG ကိုတော့ ပစ်ပယ်လို့မရဘူးလို့ စဉ်းစားလိုက်ကြတာ ထင်တယ်။ ဒါ ကျနော့်အထင်ပါ။ UG လောကမှာကတည်းကရော S.I.R မှာကတည်းကရော မကင်းခဲ့ကြတာကြောင့်လည်းဖြစ်မယ်။ ဒါပေမယ့်ဗျာ ဒီလောက် နာမည်ပျက်၊ ကတိမတည်တဲ့လူမျိုး လမ်းခွဲသင့်ပါပြီ။ ဒီလောကကြီးထဲမှာ အခုခေတ်လို ကိုယ်ပိုင်သံစဉ်နဲ့ ရော့ခ်၊ မက်တယ်တွေ လက်ခံလာတဲ့ခေတ်ထဲမှာ Producer နဲ့ Event Organizer တွေ အများကြီးပါ။ နာမည်ရပြီးသား ပရိသတ်အင်အားထုနဲ့ထည်နဲ့ရှိနေပြီဖြစ်တဲ့ Idiots တွေကို လက်ကမ်းနေမယ့်သူတွေရှိနေမယ်လို့မျှော်လင့်ပါတယ်။
ပရိသတ်တယောက်နဲ့အနေနဲ့ အမျှော်ရဆုံးက နောက်ထွက်လာမယ့် သီချင်းအယ်ဘမ်ကိုပါပဲ။ Idiots တွေအနေနဲ့ ရေမွန်မဆုံးပါးစဉ်က ဘယ်လိုတွေ ဖန်တီးတီးခတ်သီဆိုထားခဲ့ကြတာကို နားဆင်ဖို့ အဆင့်ပြင်ထားတဲ့ နားတွေ၊ ရင်ဘတ်တွေ အများကြီးပါ။ အဲ့အထဲကမှ ကျနော် ရင်ဘတ်ဖွင့်ပြီး နားစွင့်နေတဲ့ ပရိသတ်တယောက်ပါပဲ။
Idiots တွေကို Idiots တွေအနေနဲ့ပဲ မြင်ချင်ပါတယ်ဗျာ။ အနောက်ကမ္ဘာမှာ Linkin Park မှာ Chester ဆိုရင် ကျနော့်တို့ရဲ့မြန်မာမှာ Idiots မှာ Raymond ပါ။ LP ဟာ လက်ရှိမှာ Vocalist အသစ်နဲ့ ကမ္ဘာကြီးကို လှုပ်ကိုင်နေဆဲဖြစ်သလို ကျနော်တို့ရဲ့မြန်မာမှာလည်း Idiots ကို ပရိသတ်ရဲ့ရင်ဘတ်ကို လှုပ်ကိုင်နေစေချင်သေးတယ်။
ချစ်ခြင်းမေတ္တာများစွာဖြင့်
Jimmy
Image
Credit: Phoe Lone
စောက်ပေါဆယ်လီတွေနဲ့ ငါတို့ကိုထားပြန်ပီလားကွာ
https://www.facebook.com/share/v/12GzZDnXGN9/
04/03/2024
တယောက်တည်းအပီကြဲလာတဲ့ဒေါသအိုးကြီး
Kerry King
Kerry King - Idle Hands (Official Audio) kerrykingofficial.comKERRY KING “Idle Hands” Lyrics:So begins my revolutionViolence spreads my retributionIntegrate, retaliateI can’t believe what I seeWith ...
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
6/389, Min Ye Kyaw Swar Street, Myoma (4) Ward, Dala
Yangon
11261