Pyae Sone - Chauk

Pyae Sone - Chauk

Share

25/02/2026

"ရေနွေးကြမ်း"

ရေနွေးကြမ်း သောက်တာကို မြန်မာနိုင်ငံအပါအဝင် အာရှဒေသတော်တော်များများမှာ တွေ့ရပါတယ်။ ရေနွေးကြမ်းကို အပျင်းပြေ အမောပြေ အနေနဲ့ သောက်ကြသလို စကားဝိုင်းတွေမှာ ဧည့်ခံတဲ့ အနေနဲ့လည်း သောက်ကြပါတယ်။

ရေနွေးကြမ်းကို လက်ဖက်ရည်၊ လက်ဖက်သုပ်၊ အကြော်၊ မုန့်ဟင်းခါး၊ ကောက်ညှင်းပေါင်းစတာတွေနဲ့ တွဲဖက်စားသုံးတာမျိုးလည်း ရှိပါတယ်။

ဒီလို တစ်နေ့တာမှာ တော်တော်များများ သောက်ဖြစ်နေတဲ့ ရေနွေးကြမ်းကို
-ကျန်းမာရေးနဲ့ ညီညွတ်အောင် သောက်ဖြစ်ရဲ့လား!
-ရေနွေးကြမ်းသောက်ရင်း ဒီအမှားတွေများ လုပ်မိနေပြီလား
ဆိုတာကို သိရှိရအောင် ဖော်ပြပေးလိုက်ပါတယ်။

ရေနွေးကြမ်း မသောက်သင့်တဲ့အချိန်က ဘယ်အချိန်၊ ဘယ်လိုတွေ သောက်သင့်တယ်ဆိုတာကို နားလည်သိရှိထားမှ ကျန်းမာရေးကို မထိခိုက်နိုင်စေမှာ ဖြစ်ပါတယ်။

(၁) အစာမရှိပဲ သောက်တာ။

အချို့သူတွေက ကျန်းမာရေးနဲ့ ညီညွတ်အောင်ဆိုပြီး မနက်စောစော အိပ်ယာထထချင်းမှာ ရေနွေးကြမ်းကို သောက်လိုက်တာမျိုး ရှိတတ်ပါတယ်။

တကယ်တော့ ဒီလို နိုးနိုးချင်းမှာ ကိုယ်တွင်းက အဆိ.ပ်အတောက်တွေ ဖယ်ရှားဖို့နဲ့ အူလမ်းကြောင်းထဲက အညစ်အကြေးတွေကို သန့်စင်ဖို့ဆိုရင် ရေကျက်အေး ခပ်နွေးနွေးလေးကို သောက်ပေးတာက အကောင်းဆုံးပါ။

အစာမရှိပဲ ရေနွေးကြမ်း သောက်လိုက်တဲ့အခါ ပါတဲ့ လက်ဖက်ခြောက်မှာtannins က အစာအိမ်မှာရှိတဲ့ အစာခြေအက်ဆစ် ပမာဏကို တိုးစေပြီး မအီမသာဖြစ်တာ၊ ဗိုက်အောင့်တာတွေကို ဖြစ်စေသလို အစာခြေစနစ် ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။

ဒါကြောင့် မနက်ခင်းစောစောမှာ အစာမရှိပဲ ရေနွေးကြမ်း သောက်တာမျိုး မလုပ်သင့်ပါဘူးလို့ဆို​ပြာတယ်။

(၂) အများကြီး သောက်တာ။

ရေနွေးကြမ်း သောက်တာက ကျန်းမာရေးအတွက် ကောင်းတယ် ဆိုပေမယ့် အများကြီး သောက်တာကတော့ မကောင်းပါဘူး။

ရေနွေးကြမ်းကို အများကြီး သောက်တာက ညဘက် အိမ်မပျော်တာ၊ စိုးရိမ်စိတ် များတာ၊ အစာခြေစနစ် ပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။

တစ်နေ့ကို ရေနွေးကြမ်း ၂ ခွက် ကနေ ၃ ခွက် အထိပဲ သောက်ပေးပါ။

(၃) ညဘက်မှာ သောက်တာ။

ရေနွေးကြမ်းက ကျန်းမာရေးနဲ့ ညီညွတ်တယ် ဆိုပေမယ့် ကဖင်း ပါနေတယ်ဆိုတာကို သတိရပါ။ ကဖင်းက အိပ်စက်မှု စက်ဝန်းကို ထိခိုက်စေနိုင်ပါတယ်။

ဒါကြောင့် ညဘက် ကောင်းကောင်း အိပ်ပျော်ချင်တယ်ဆိုရင်တော့ အိပ်ချိန်နဲ့ နီးနီး ရေနွေးကြမ်း သောက်တာကို ရှောင်ပါ။

အိပ်ချိန်နဲ့ အနည်းဆုံး ၂ နာရီ ကနေ ၃ နာရီ အကွာမှာပဲ ရေနွေးကြမ်းကို သောက်ပါ။

(၄) အစားစားပြီးပြီးချင်း သောက်တာ။

အစားစားပြီးပြီးချင်းမှာ ရေနွေးကြမ်း သောက်လိုက်တာက သံဓာတ်စုပ်ယူမှုကို အနှောင့်အယှက် ဖြစ်စေနိုင်ပါတယ်။

ဒီလိုကနေ ရေရှည်မှာ သွေးအားနည်းရောဂါ ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် အစားစားပြီးပြီးချင်းမှာ ရေနွေးကြမ်း သောက်ချတာမျိုး မလုပ်ပါနဲ့။

အစားစားပြီးလို့ အနည်းဆုံး ၁ နာရီ ကြာမှ ရေနွေးကြမ်း သောက်ပါ။

(၅) ရေနွေးဆူဆူနဲ့ လက်ဖက်ခြောက် စိမ်တာ။

ဒါက ရေနွေးကြမ်းသောက်တဲ့သူ တော်တော်များများ လုပ်မိတတ်ပါတယ်။ ရေနွေးဆူဆူထဲကို လက်ဖက်ခြောက် ခတ်တာမျိုး ရှိသလို လက်ဖက်ခြောက်ထည့်ထားတဲ့ ခွက်ထဲကို ရေနွေးဆူဆူ ထည့်တာမျိုးပါ။

လက်ဖက်ခြောက်ကို ရေနွေးဆူဆူနဲ့ ကျိုတာ လက်ဖက်ခြောက်မှာပါတဲ့ အကျိုးပြု ဒြပ်ပေါင်းတွေကို ပျက်ပြယ်စေပြီး အရသာကို ပိုခါးစေပါတယ်။

ရေနွေးကို အပူချိန် နည်းနည်းလျော့သွားမှ လက်ဖက်ခြောက် ခတ်ပေးပါ။

(၆) ဆေးတွေနဲ့ တွဲသောက်တာ။

လက်ဖက်ခြောက်စိမ်ထားတဲ့ ရေနွေးကြမ်းကို သွေးကျဲဆေး၊ စိတ်ကျတာကို သက်သာစေတဲ့ဆေးတွေ၊ သွေးကျဆေးတွေ အပါအဝင် ဆေးတွေနဲ့ တွဲဖက်သောက်တာမျိုး မလုပ်ပါနဲ့။

ဖြစ်နိုင်ရင် ဘာ‌ဆေးကိုမှ ရေနွေးကြမ်းနဲ့ မသောက်ပါနဲ့။ ဆေးတွေကို ရေနွေးကြမ်းနဲ့ သောက်တာက ဆေးအာနိသင်ကို ထိခိုက်စေနိုင်ပါတယ်။

ဆေးသောက်မယ်ဆိုရင် ရိုးရိုးရေနဲ့ သောက်ပါ။ ဒါ့ပြင် ရောဂါအခံ တစ်ခုခုရှိမယ်ဆိုရင် ရေနွေးကြမ်းကို သောက်လို့ ရ၊ မရ။ ဘယ်လောက် ပမာဏ ရမလဲဆိုတာ ဆရာဝန်နဲ့ တိုင်ပင်ပါ။

ရေနွေးကြမ်းက သဘာဝအတိုင်း ကျန်းမာရေး အာနိသင် ကြွယ်ဝတယ်ဆိုပေမယ့် နည်းစနစ်မှန်မှန် သောက်ဖို့ လိုပါမယ်။

ရေနွေးကြမ်းက ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးသလို ဆီးချိုဖြစ်နိုင်ခြေကို နည်းစေပါတယ်။ ဓာတ်တိုးဆန့်ကျင် ပစ္စည်းတွေ ကြွယ်ဝစွာ ပါဝင်နေပြီး ကျန်းမာစေဖို့ ထောက်ကူပေးပါတယ်။

ကိုယ်အလေးချိန်ကို ထိန်းညှိပေးသလို နှလုံးကျန်းမာစေပါတယ်။ Polyphenols ပါဝင်နေတာကြောင့် အသားအရေကို ကျန်းမာစေနိုင်ပါတယ်။

(ရေနွေးကြမ်းသောက်သုံးသူတွေအတွက် ကျန်းမာရေးနဲ့ ညီညွတ်အောင် ဘယ်လိုသောက်သုံးရမလဲဆိုတာ သိစေဖို့ ပြန်လည်မျှဝေပေးခြင်းဖြစ်ပါသည်။

Want your business to be the top-listed Food & Beverage Service in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


8 Mile Junction, Pyay Road, Mayangone Township
Yangon

Opening Hours

Monday 06:00 - 18:00
Tuesday 06:00 - 18:00
Wednesday 06:00 - 18:00
Thursday 06:00 - 18:00
Friday 06:00 - 18:00
Saturday 06:00 - 18:00
Sunday 06:00 - 18:00