Auto Boost Service
23/05/2026
🫶 ဒီတစ်ပတ်ရဲ့ အဖြေမှန်သူလေး ပေါ်ထွက်လာပါဘီခင်ဗျာ…။
လက်ဆောင်လေးအတွက် Phone number လေး Page Messenger ကနေ ပေးပို့ပေးထားပါနော်…။
အဖြေမှန်သူ အများကြီးထဲမှာမှ အမြန်ဆုံး၊ အမှန်ဆုံး စည်းကမ်းချက်တွေ အကိုက်ညီဆုံး ပါဝင်ဖြေဆိုပေးတဲ့အတွက် ကျေးဇူးပါဗျ🫶။
👉🏻Phone bill မရှိတော့ဘူးဆို စိတ်မပူပါနဲ့ခင်ဗျာ..။
👉🏻 အပတ်စဉ် သောကြာနေ့တိုင်း Auto Teamဆီမှာ Phone Bill 3000 ရဖို့
စကားပုံလေးတွေရဲ့ အဖြေကိုဖြေဆိုကြယုံပါဘဲနော်..။
#မြန်မာစကားထာ
23/05/2026
🚨 “အခုနောက်ပိုင်း Boost ရတာ ဈေးတွေအရမ်းကြီးလာပြီ”
တကယ်ပဲ ဈေးတက်သွားတာလား? ဒါမှမဟုတ် ကျွန်တော်တို့တွေ အရင်ကထက် အသုံးစရိတ်တွေကို ပိုဖြုန်းတီးမိနေကြတာလား?
ဒီစကားက အခုတလော လုပ်ငန်းရှင်တွေကြားမှာ တော်တော်လေး အပြောများလာတဲ့ အကြောင်းအရာတစ်ခုပါပဲ။ ပို့စ်တစ်ခုကို Boost လုပ်တယ်၊ ရက်အနည်းငယ် စောင့်ကြည့်တယ်၊ ပြီးရင်တော့...
👉 “Facebook မှာ Boost ရတာ ဈေးတွေကြီးလာပြီ၊ မကိုက်တော့ဘူး” လို့ ပြောတတ်ကြပါတယ်။
တကယ်တမ်း စဉ်းစားကြည့်ရင်လည်း အဲဒီလို ခံစားရတာ မဆန်းပါဘူးဗျ။ ဒါပေမဲ့ သေချာအသေးစိတ် လေ့လာကြည့်လိုက်ရင် ပြဿနာက Boost တဲ့ဈေးနှုန်း တက်လာတာထက် “ဈေးကွက်ထဲမှာ ပြိုင်ဆိုင်မှုတွေ ပိုပြင်းထန်လာတာ” ကြောင့် ဖြစ်ဖို့ များပါတယ်။
အဓိကကတော့ ဈေးကွက်က ပြောင်းလဲသွားပြီ၊ ဒါပေမဲ့ ကျွန်တော်တို့ကတော့ အရင်ပုံစံအတိုင်းပဲ Boost နေကြတုန်းမို့လို့ပါပဲ။
● လွန်ခဲ့တဲ့ နှစ်အနည်းငယ်က: ဘယ်လိုပို့စ်မျိုးကိုပဲ Boost လုပ်လုပ် လူတွေရဲ့ အာရုံစိုက်မှုကို အလွယ်တကူ ရနိုင်ခဲ့ပါတယ်။
● အခုအချိန်မှာတော့: လူတွေက ပိုမြန်မြန် Scroll ဆွဲလာကြတယ်၊ လုပ်ငန်းတွေကလည်း အပြိုင်အဆိုင် များလာတယ်၊ ဝယ်သူတွေကလည်း ပိုပြီး ရွေးချယ်စိစစ်လာကြပါတယ်ဗျာ။
ဒါကြောင့်မို့လို့ ပုံမှန်အတိုင်း Boost တာမျိုးက အခုအချိန်မှာ မလုံလောက်တော့တာပါ။ လုပ်ငန်းရှင်အချို့ ပိုက်ဆံတွေ ပိုကုန်လာပေမဲ့ ရလဒ်မထွက်ဘဲ ဖြစ်နေရတာဟာ Boost တဲ့စနစ် ပျက်သွားလို့မဟုတ်ဘဲ ကျွန်တော်တို့ရဲ့ Strategy (ဗျူဟာ) က ဈေးကွက်နဲ့အညီ ပြောင်းလဲမလာသေးလို့ပဲ ဖြစ်ပါတယ်။
အခုခေတ်မှာ ဒီအချက်လေးတွေကို အရင်ကထက် ပိုဂရုစိုက်ဖို့ လိုလာပါပြီ။
● ဘယ်လို Content မျိုးက လူတွေကို ချက်ချင်း စိတ်ဝင်စားသွားစေမလဲ။
● ဘယ်လိုစကားလုံးတွေက လူတွေကို Scroll ဆွဲနေရာကနေ ရပ်ပြီး ဖတ်ကြည့်အောင် လုပ်နိုင်မလဲ။
● ဘယ်လို လူအုပ်စု (Audience) က ကိုယ့်ပစ္စည်းကို တကယ်ဝယ်ဖို့ အလားအလာ အရှိဆုံးလဲ။
● Post ဖတ်ပြီးတာနဲ့ ဝယ်သူက ဘာဆက်လုပ်ရမလဲ ဆိုတာကို ဘယ်လိုလမ်းညွှန်မလဲ။
အပြင်ပန်းကကြည့်ရင်တော့ Content ရွေးမယ် → Budget သတ်မှတ်မယ် → Boost နှိပ်မယ် ဆိုတဲ့ ရိုးရှင်းတဲ့ အဆင့်လေးတွေပါပဲ။ ဒါပေမဲ့ အောင်မြင်နေတဲ့ Boost တွေရဲ့ နောက်ကွယ်မှာတော့ ကျွန်တော်တို့ ထင်ထားတာထက်ပိုတဲ့ သေချာပြင်ဆင်မှုတွေ ရှိနေတတ်ပါတယ်ဗျ။
💡 အခု မြန်မာ့ဒီဂျစ်တယ်ဈေးကွက်မှာ... ရလဒ်အကောင်းဆုံး ရနေတဲ့ လုပ်ငန်းတွေဟာ ပိုက်ဆံ အများဆုံးသုံးတဲ့ သူတွေမဟုတ်ပါဘူး။ သူတို့က Boost တဲ့အခါမှာ “ရည်ရွယ်ချက်ရှိရှိနဲ့ သေချာပြင်ဆင်ပြီးမှ လုပ်ကြတဲ့သူတွေ” ဖြစ်ပါတယ်ခင်ဗျာ။
📌 ဒီအချက်လေးကို နောက်ထပ် Campaign တွေအတွက် သိမ်းထားလိုက်ပါဦး။
အခုနောက်ပိုင်း Boost ရတာ ပိုဈေးကြီးလာသလို ခံစားနေရပြီဆိုရင်... အဲဒါ Budget ပြဿနာတစ်ခုတည်းကြောင့် မဟုတ်ဘဲ ပြောင်းလဲလာတဲ့ ဈေးကွက်အခြေအနေပေါ် မူတည်ပြီး ကိုယ့်ဘက်က နည်းဗျူဟာတွေ ပြောင်းလဲဖို့ လိုအပ်နေပြီဆိုတဲ့ အချက်ပြချက်လည်း ဖြစ်နိုင်ပါတယ်ဗျာ။
"Like တွေထောင်နေချီရနေပေမဲ့/
အရောင်းက (သုံည)ဖြစ်နေတာ ဘာကြောင့်လဲ "?
Page adminကလေးချစ်တတ်လား…..🤭
ကိုယ့်ပြိုင်ဘက်တွေက ပိုသာနေတယ်လို့
ခံစားဖူးလား..⁉️
ရုံးမှာ အချင်းချင်း အဆင်ပြေအောင်နေရမည်ဟုမှာထားသောအခါ 💑🤭
HAIR SALONကို လူသိများအောင် ဘာတွေလုပ်ရမလဲ..
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
Zawtika Housing, Thingangyun
Yangon
11111
Opening Hours
| Monday | 10:00 - 18:00 |
| Tuesday | 10:00 - 18:00 |
| Wednesday | 10:00 - 18:00 |
| Thursday | 10:00 - 18:00 |
| Friday | 10:00 - 18:00 |
| Saturday | 10:00 - 18:00 |