Taiwan EduLab by Aung
30/06/2026
#ထိုင်ဝမ် 🇹🇼 ရောက် မြန်မာကျောင်းသားကျောင်းသူများအတွက်သတင်းကောင်းလေးပါးလိုက်ပါတယ် 📢
လာမယ့် (၇) လပိုင်းကစပြီး ထိုင်ဝမ်မှာရှိပြီး ကျောင်းတက်နေကြတဲ့ ကျောင်းသူ၊ ကျောင်းသားတွေထဲက PV ကိုင်ဆောင်ထားသူတွေကို ဟောင်ကောင်-မြန်မာကောင်စစ်ဝန်ရုံးကတစ်ဆင့် PE ပတ်စပို့ အဖြစ် ပြောင်းလဲလျှောက်ထားနိုင်ဖို့နဲ့သက်တမ်းတိုးနိုင်ဖို့အတွက် အဆင်ပြေအောင် စီစဉ်ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်။
ကိုယ့်ဖက်ကနေ အောက်အချက် ၃ ချက်ရှိရင် အကိုအောင်ကိုလာဆက်သွယ်လို့ရပြီနော်
1️⃣ ပတ်စပို့ သက်တမ်းသည် (၆) လအောက် သာ ကျန်ရှိတော့သူ
2️⃣ ထိုင်ဝမ်မှာ အထက်တန်း ၊ ကောလိပ် ၊ တက္ကသိုလ် တက်နေသောသူ (Language School မပါဝင်ပါ ⛔️)
3️⃣ မြန်မာနိုင်ငံသားသာရှိသောသူ ( အနီမှတခြားမရပါ ⛔️ )
မြန်မာနိုင်ငံသားတစ်ဦးတည်း (တစ်ခုတည်းသော နိုင်ငံသား) ဖြစ်သူများသာ သက်ဆိုင်ပါသည်။
🌟 အပေါ်က ၃ ချက်ရှိပြီဆို ဈေးနှုန်းသက်သက်သာသာနဲ့ သက်တမ်းတိုးဖို့ အကိုအောင်ဆီကို လာလို့ရပြီနော်
(မှတ်ချက်။ ။ အမှန်တကယ် လျှောက်ထားပိုင်ခွင့်၊ လက်ခံမှုနှင့် ပတ်စပို့ ရမရများသည် မြန်မာ၏ကောင်စစ်ဝန်ရုံး၏ သတ်မှတ်ပြဋ္ဌာန်းချက်များအတိုင်းသာ ဖြစ်ပါသည်။)
အသေးစိတ်ဝန်ဆောင်မှုပုံစံ၊ ကုန်ကျစရိတ်နှင့် လုပ်ငန်းစဉ်များကို သိရှိလိုပါက Page Direct Message (သို့မဟုတ်) အစ်ကိုအောင်၏ အကောင့်ဖြစ်သော [Aung Nyein Chan] သို့ ဟု တိုက်ရိုက်ဆက်သွယ် မေးမြန်းစုံစမ်းနိုင်ပါပြီခင်ဗျာ။
📩 အကယ်၍ကိုယ် က Language School နဲ့ 2026 September/December Intake အတွက် လျှောက်ထားချင်တဲ့သူဆိုရင်တော့ လိုအပ်သောစာရွက်စာတမ်းများ ပြင်ဆင်ပြီး #အကိုအောင် (Taiwan EduLab by Aung) ဆီသို့ ပေးပို့နိုင်ပါသည်။ စာရွက်စာတမ်းအဆင်ပြေပါက ကျောင်းလျှောက်ပြီး ၁ ပတ်အတွင်း ကျောင်းခေါ်စာ (Admission Letter) ကိုလည်းရရှိနိုင်ပါတယ်နော် ။
📬 Facebook – fb.me/taiwanedulab
💬 Messenger – m.me/taiwanedulab
✨ Taiwan မှာ ပညာသင်ယူပြီး အနာဂတ်အခွင့်အလမ်းများကို ဖွင့်လှစ်လိုက်ပါ။
© Taiwan EduLab by Aung
20/04/2026
16/04/2026
အကိုအောင်ရေ ၊ Language School နဲ့ လာချင်လို့ ဘယ်ကျောင်းတွေကို လျှောက်ပေးပါလဲဆိုတာကို အခုလက်တလော ကျောင်းသားတွေကလာလာမေးနေလို့ တင်ပေးလိုက်ပါတယ် ။
အဓိကအားဖြင့် ထိုင်ဝမ် Language School အတွက် မြို့ကြီး ၄ မြို့မှာရှိကြတဲ့ ဒီကျောင်း 4 ကျောင်းလျှောက်ပေးနေပါတယ်📚
လက်ရှိမှာ ကျွန်တော်တို့မှ Language School (Chinese Language Program) များအတွက် အောက်ပါကျောင်းတွေမှာ လျှောက်ထားပေးနေပါပြီ ✨
📍 လျှောက်ထားနိုင်သော မြို့များနှင့် Fees များ
1️⃣🏙 Taipei (台北) - National Taiwan Normal University
💰 School Fees – 9,000 NTD / month (တလကို ၁၂ သိန်းလောက်)
📄 Application Fees – 100 USD
ထိုင်ပေကတော့ ပြောစရာမလိုပါဘူး ၊ မြန်မာနဲ့ယှဥ်ရင် ရန်ကုန်လိုပေါ့ ၊ မြို့လည်းကြီးသလို အလုပ်အကိုင်လည်းပေါပါတယ် ၊ မြန်မာအသိုင်းအဝိုင်းလည်းရှိကြတာဆိုတော့ တော်တော်များများကတော့ ထိုင်ပေကိုပဲရွေးကြပါတယ် ။
2️⃣🏙 Taichung (台中) - Chaoyang University of Technology
💰 School Fees – 6,000 NTD / month (~၈ သိန်း)
📄 Application Fees – 50 USD (Summer) / 100 USD (Fall)
ထိုင်ချုံးကတော့ အားလုံးထဲမှာ ဈေးအသက်သာဆုံးလို့ပြောလို့ရတယ် ၊ ယှဥ်ပြရမယ်ဆိုရင် မန္တလေးနဲ့ ဆင်တယ် ၊ ရာသီဥတုကလည်း ထိုင်ဝမ်မှာ အကောင်းဆုံး (နေ့တိုင်းနေသာလို့ ) ။
3️⃣🏙 Tainan (台南) - National Cheng Kung University
💰 School Fees – 10,000 NTD / month (~ ၁၃ သိန်းခွဲ )
📄 Application Fees – 100 USD
ထိုင်နန်က ထိုင်ဝမ်တောင်ပိုင်းမှာရှိတယ် ၊ မြို့ကတော့ ထိုင်ပေ ၊ ထိုင်ချုံးလောက်အရမ်းမကြီးပေမယ့် အေးအေးဆေးလေးနေပြီး အစားအသောက်ကောင်းကောင်းစား ၊ အလုပ်လည်းပေါတဲ့ မြို့လေးပါ ၊ ယှဥ်ပြောရမယ်ဆိုရင်တော့ တောင်ကြီးနဲ့ နည်းနည်းဆင်တယ် (ပူတာကလွဲလို့)
🏙 Kaohsiung (高雄) - Wenzao Ursuline University of Languages
💰 School Fees – 10,800 NTD / month (~ ၁၄ သိန်း)
📄 Application Fees – 100 USD
ကောင်းရှုံကလည်း ထိုင်နန်နဲ့ဆို ၁ နာရီလောက်ပဲကွာတာပါ ၊ တောင်ပိုင်းမှာပဲရှိတယ် ၊ ထိုင်ဝမ်ရဲ့ တတိယအကြီးဆုံးမြို့ ။ အမြဲတမ်း နွေရာသီဆိုတော့ ကမ်းခြေတွေမှာ ကောင်မလေးချောချောလေးတွေကို အမြဲတမ်းမြင်နေရမယ့်နေရာလေးနော် 👀
______________________________________
📌 ဘာကြောင့် Taiwan Language School လျှောက်သင့်လဲ?
✔️ Chinese Language ကို Native environment မှာ လေ့လာနိုင်ခြင်း
✔️ University-based Language Center တွင် သင်ယူနိုင်ခြင်း > အဲ့ဒီကျောင်းမှာပဲ အကယ်၍တက္ကသိုလ်ဆက်တက်ချင်တယ်ဆိုလည်း လျှောက်လို့ရတယ်ဆိုတဲ့သဘော
✔️ ရေရှည် ဗီဇာ ဖြင့် တရားဝင် နေထိုင်နိုင်ခြင်း ( Tourist Visa မဟုတ်တာမို့ ၂ နှစ်အထိ သက်တမ်းတိုးနိုင် ၊ Overstay နေစရာလည်းမလိုတော့)
✔️ အဝေးသင်ပြီးထားသူများအတွက် LS ပြီးရင် University Program ဆက်တက်နိုင်ခြင်း
______________________________________
📌 ဘယ်သူတွေ လျှောက်လို့ရလဲ?
• Chinese Language စတင်သင်ယူချင်သူများ
• Taiwan မှာ ပညာရေးဆက်လက်တက်လိုသူများ
• နိုင်ငံခြားအတွေ့အကြုံ ရယူချင်သူများ
______________________________________
📩 အသေးစိတ်သိရှိလိုပါက Chat Box မှာ လာရောက်မေးမြန်းနိုင်ပါတယ်။
📩 Language School နဲ့ 2026 June / September Intake အတွက် လျှောက်ထားချင်သူများ
လိုအပ်သောစာရွက်စာတမ်းများ ပြင်ဆင်ပြီး
#အကိုအောင် (Taiwan EduLab by Aung) ဆီသို့ ပေးပို့နိုင်ပါသည်။
စာရွက်စာတမ်းအဆင်ပြေပါက ကျောင်းလျှောက်ပြီး ၁ ပတ်အတွင်း ကျောင်းခေါ်စာ (Admission Letter) ရရှိနိုင်ပါသည်။
အကယ်၍ရန်ကုန်ရုံးကိုလာရောက်စုံစမ်းချင်ရှိလည်း Booking ယူပြီးလာရောက်စုံစမ်းလို့ရပါတယ်နော် ။
Disclaimer : လက်ရှိငွေဈေးဖြင့်တွက်ထားသည် (ထိုင်ပိ-မြန်မာကျပ် ငွေလွှဲနှုန်း ၁:၁၃၅ )
📬 Facebook – fb.me/taiwanedulab
💬 Messenger – m.me/taiwanedulab
✨ Taiwan မှာ ပညာသင်ယူပြီး အနာဂတ်အခွင့်အလမ်းများကို ဖွင့်လှစ်လိုက်ပါ။
© Taiwan EduLab by Aung
၁၇/၀၄/၂၀၂၆
Click here to claim your Sponsored Listing.
Category
Contact the school
Website
Address
62A, 5th Floor, Yawmingyi Road , Dagon Township
Yangon
11191