Student Rights Watch
16/03/2024
Jahangirnagar University နယ်မြေအတွင်းဖြစ်ပွားခဲ့သော အဓမ္မ ပြုကျင့်ခံရတဲ့ကိစ္စအတွက် တရားမျှတမှုရရှိအောင် တောင်းဆိုတဲ့အနေနဲ့ "အဓမ္မပြုကျင့်ခြင်းနှင့် ဖိနှိပ်အုပ်ချုပ်မှုမှလွတ်မြောက်ရေး" ဆိုတဲ့စာသားကို နံရံပေါ်မှာ ရေးသားခဲ့တဲ့ ဘင်္ဂလားဒေ့ရှ် ကျောင်းသားများသမဂ္ဂရဲ့ ဥက္ကဌ Amartya Roy နှင့် အထွေထွေအတွင်းရေးမှူး Riddha Anindya Ganguly တို့ကို မတရားသဖြင့် တနှစ်တာစာသင်ခွင့်ရပ်နားလိုက်တဲ့အပေါ် ဗကသက စိတ်ပူမိပါတယ်။ ဒီကိစ္စမှာ ဗကသအနေနဲ့ ဘင်္ဂလားဒေ့ရှ်ကျောင်းသားများသမဂ္ဂရဲ့ ရဲဘော်တွေနဲ့အတူ ခိုင်မာသောသွေးစည်းညီညွတ်ရေးနဲ့ ရပ်တည်ပါတယ်။
Jahangirnagar University အုပ်ချုပ်ရေးအဖွဲ့ရဲ့ အခုလို ကျောင်းသားခေါင်းဆောင်တွေကို စာသင်နှစ်တနှစ်ကြာ မတရားကျောင်းထုတ်မှုနှင့် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုကိစ္စတွင် မမျှတစွာ ဆုံးဖြတ်တဲ့ လုပ်ရပ်မျိုးတွေဟာ ဗကသရဲ့အဓိကမူဝါဒတွေထဲကတချက်ဖြစ်တဲ့ ကျောင်းသားထုအခွင့်ရေးကာကွယ်ရေး ဆိုတဲ့အချက်နဲ့ငြိစွန်းနေပါတယ်။
ဒီအဖြစ်အပျက်ကို အခုလိုတုန့်ပြန်လိုက်တဲ့ JUအုပ်ချပ်ရေးအဖွဲ့ရဲ့ ရွံရှာစက်ဆုပ်ဖွယ်ရာ လုပ်ရပ်ကို ဗကသအနေနဲ့ အပြင်းအထန်ရှုတ်ချပါတယ်။ဗကသအနေနဲ့ BSUရဲဘော်တွေဘက်က ထောက်ခံရပ်တည်တဲ့အပြင် အဓ္ဓမပြုကျင့်တဲ့အဖြစ်အပျက်အား တရားမျှတတဲ့အဖြေတခုကိုရှာပြီး ကျောင်းသားခေါင်းဆောင်တွေကို စာသင်နှစ်တနှစ်ကြာ ကျောင်းထုတ်ခြင်းကို ချက်ချင်းရုပ်သိမ်းပေးဖို့အတွက် JU အုပ်ချုပ်ရေးအဖွဲ့ကိုတိုက်တွန်းလိုပါတယ်။
03/03/2024
ထိုင်းလွှတ်တော်မှာ ပြုလုပ်တဲ့ မြန်မာ့အရေး ဆွေးနွေးပွဲမှာ ဗကသ အဖွဲ့ဝင် ကိုအောင်ဖုန်းမော် တက်ရောက်ဟောပြော
မတ် ၃၊ SRW
ထိုင်းနိုင်ငံ လွှတ်တော်မှာ မတ်လ ၂ ရက်နေ့က ပြုလုပ်ခဲ့တဲ့ မြန်မာ့အရေး ဆွေးနွေးပွဲမှာ ရန်ကုန်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) အလုပ်အမှုဆောင် အဖွဲ့ဝင် ကိုအောင်ဖုန်းမော် တက်ရောက် ဟောပြောခဲ့တယ်လို့ ရတကသ က သတင်းထုတ်ပြန်ပါတယ်။
“အာဏာသိမ်းပြီး သုံးနှစ်အကြာ” လို့ ခေါင်းစဉ်ပေးထားတဲ့ ဒီဆွေးနွေးပွဲကို ထိုင်းအတိုက်ခံပါတီဖြစ်တဲ့ Move Forward ပါတီက ဦးဆောင်ကျင်းပခဲ့တာပါ။
"တခြားကမ္ဘာ့နေရာ တော်တော်များများက လူငယ်တွေ လွယ်လွယ်ကူကူ ရနေကြတဲ့အခွင့်အရေးတွေကို မြန်မာပြည်က လူငယ်တွေက ခက်ခက်ခဲခဲကြီး တိုက်ယူနေကြရတယ်။ ဒီအကြောင်းတွေကို ဆွေးနွေးပွဲ တက်ရောက်သူတွေ သိအောင် အဓိကထား ပြောခဲ့ပါတယ်။" လို့ ထုတ်ပြန်ချက်ထဲမှာဖော် ပြထားပါတယ်။
"ဂုဏ်သိက္ခာမရှိ အနာဂတ်မရှိတဲ့ ဘဝနဲ့ နေမယ့်အစား လူငယ်တွေဟာ အမှန်တရားအတွက်
ဂုဏ်သိက္ခာအတွက် သူတို့ရဲ့ အသက်တွေနဲ့ အလဲအထပ်လုပ်နေရတယ်။"
ဒါ့အပြင် ၂၀၀၈ ဖွဲ့စည်းပုံ အပါအဝင် ၊ ဗဟိုပြည်မအုပ်ချုပ်ရေးစနစ်၊ ဗမာ/ဗုဒ္ဓ လူမျိုးကြီးအတွေးအခေါ်တွေနဲ့ တိုင်းပြည်ကို စုစည်းလို့မရနိုင်တော့ကြောင်းကိုလည်း အဓိကထား ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း သုံးနှစ်အတွင်း လက်ရှိအခြေအနေများ နဲ့ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းများ ဖြေရှင်းရာမှာ ဒီမိုကရေစီကို ပံ့ပိုးကူညီနိုင်မယ့် နည်းလမ်း များကို ရှာဖွေဆွေးနွေးဖို့ ထိုင်းနိုင်ငံ လွှတ်တော်ထဲမှာ နှစ်ရက်တာကြာမြင့်တဲ့ ဆွေးနွေးပွဲကို မတ်လ ၂ ရက်နေ့နဲ့ ၃ ရက်နေ့မှာ ကျင်းပပြုလုပ်ခဲ့တာပါ။
လူ့အခွင့်အရေးချိုးဖောက်မှုတွေကို နေ့စဉ်ကျူးလွန်နေတဲ့ စစ်ကောင်စီနဲ့ပေါင်းပြီးတော့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေပံ့ပိုးပေးမယ့် အစီအစဉ်ဟာ အလုပ်မဖြစ်နိုင်ဘူးလို့လည်း ကိုအောင်ဖုန်းမော်က သုံးသပ်ပါတယ်။
"စစ်မှုထမ်းဥပဒေကြေညာပြီး လူသားချင်းစာနာထောက်ထားမှု အကျပ်အတည်းကို ပိုဆိုးအောင်လုပ်နေတဲ့ စစ်တပ်နဲ့ပေါင်းပြီးတော့ လူသားချင်း စာနာထောက်ထားမှု အကူအညီပေးကြမယ်ဆိုတဲ့ဟာက အလုပ်မဖြစ်နိုင်ဘူး။"
မြန်မာ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အခြေအနေများနဲ့ ထိုင်းနိုင်ငံအနေနဲ့ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ လှုပ်ရှားမှုများကို ပံ့ပိုးနိုင်တဲ့ ဗျူဟာများ ချမှတ်ဖို့ အဲဒီဆွေးနွေးပွဲက ရည်ရွယ်တယ်လို့ သိရပါတယ်။
ဆွေးနွေးပွဲနဲ့အတူ မြန်မာပြည်သူတွေ ကြုံတွေ့နေရတဲ့ အခက်ခဲအမျိုးမျိုးကို ထင်ဟပ်စေနိုင်မယ့် အနုပညာပြခန်း တခုကိုလည်း ထည့်သွင်းပြသခဲ့ပါတယ်။
နှစ်ရက်တာ ကြာမြင့်တဲ့ ဆွေးနွေးပွဲကို ထိုင်းနိုင်ငံလွှတ်တော်ရဲ့ အမျိုးသားလုံခြုံရေး၊ နယ်စပ်ရေးရာ၊ အမျိုးသားမဟာဗျုဟာ နဲ့ ပြုပြင်ပြောင်းလဲရေး ကော်မတီနဲ့အတူ အမျိုးသားညီညွတ်ရေးအစိုးရ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်၊ ကုလသမဂ္ဂမြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်း၊ ကရင်အမျိုးသားအစည်းအရုံး KNU၊ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ NUCC နဲ့ နိုင်ငံတကာ အဖွဲ့အစည်းများ တက်ရောက် ဆွေးနွေးခဲ့ကြပါတယ်။
29/02/2024
ကြို့ပင်ကောက်မြို့နယ်မှာ ဗကသများအဖွဲ့ချုပ်က စစ်အာဏာရှင် စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်
ဖေဖေါ်ဝါရီလ ၂၉ ၊ SRW
ကြို့ပင်ကောက်မြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) က ဖေဖော်ဝါရီလ ၂၇ ရက်နေ့မှာ ကြို့ပင်ကောက်မြို့နယ်အတွင်း “တော်လှန်ရေးသမားကိုသတ်ရုံနဲ့ တော်လှန်ရေးကသေဒဏ်မကျဘူး” စာသားပါဘန်နာကို ချိတ်ဆွဲပြီး စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်ခဲ့တယ်လို့ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသမဂ္ဂများအဖွဲ့ချုပ် (ဗကသများအဖွဲ့ချုပ်)က ထုတ်ပြန်ထားပါတယ်။
06/02/2024
တနင်္သာရီမြို့နယ်မှာ ဗကသများအဖွဲ့ချုပ်က လေကြောင်းတိုက်ခိုက်မှုဆိုင်ရာ အသိပညာပေး စာစောင်များ ဖြန့်ဝေ
…….
၂၀၂၄ ဖေဖော်ဝါရီ ၆၊ SRW
ဖေဖော်ဝါရီလ ၅ ရက်နေ့မှာ တနင်္သာရီမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) က “လေကြောင်းတိုက်ခိုက်မှုဘေးအန္တရာယ်မှ ကာကွယ်နေထိုင်ခြင်းနည်းလမ်းများ” စာစောင်တွေ ကို ဒေသတွင်းလူထုအား ဖြန့်ဝေပြီး လေကြောင်းတိုက်ခိုက်မှုအန္တရယ် အသိပညာပေး လှုပ်ရှားမှုတရပ် ပြုလုပ်ခဲ့တဲ့တယ်လို့ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသ များအဖွဲ့ချုပ် ) က ထုတ်ပြန်ထားပါတယ်။
Click here to claim your Sponsored Listing.
Category
Website
Address
Yangon