Depayy

Depayy

Share

11/07/2026

စကားများတဲ့သူဟာ စကားနည်းသွားမယ်
ပျော်ပျော်နေတတ်တဲ့သူဟာ လုံးဝတိတ်ဆိတ်သွားမယ်
တခုခုဆိုရင်ကြောက်တတ်တဲ့သူဟာ
ဘာမှမကြောက်တော့ဘူးဆိုရင်
ဒါဟာ သူ့အတွက်
စိုးရိမ်စရာအမြင့်ဆုံးအခြေနေကိုရောက်ရှိသွားပြီ။

09/07/2026

လူမှန်နေရာမှန်ကိုတွေ့ရှိခဲ့တာမလို့
မင်းကိုလဲတန်ဖိုးထားတယ်
မင်းနဲ့တွေ့ခဲ့တဲ့အချိန်ကိုလည်းတန်ဖိုးထားတယ်
ကိုယ့်မှတ်ဉာဏ်တွေပျောက်ဆုံးသွားရင်တောင်
ဒီအမှတ်တရတွေကိုမမေ့သွားအောင်
သေချာသိမ်းဆည်းထားပါ့မယ်။

09/07/2026

အလွမ်းဟာ
လက်ဆုပ်လက်ကိုင်ပြလို့မရပေမယ့်
ခံစားကြည့်တာနဲ့သိနိုင်တယ်
ထုပ်ဖော်ပြသလို့မရပေမယ့်
ခန့်မှန်းပြီးသိနိုင်တယ်
မင်းကိုမမြင်ရတဲ့နေ့တွေဟာ
ရပ်တည်နေရင်းနဲ့တောင်လဲကျမလိုပါပဲ
ခက်လဲလွန်းတယ် ပင်ပင်းလွန်းတယ်
အလွမ်းတွေထန်လာရင်
ခံရတဲ့သူဟာ အရူးအမူးပဲအချစ်ရဲ့။

09/07/2026

ဘဝအတွက်အဖိုးတန်တဲ့သူတွေတွေ့ရင်
ဆက်ဆံရေးပျက်ဆီးစေမဲ့အရာတွေ မလုပ်မိပါစေနဲ့
ဆက်ဆံရေးခိုင်မြဲအောင်ပဲလုပ်ပါ။

လူကောင်းဆိုတာ ရွှေထက်ရှားတာမို့
ဒီလိုလူမျိုးကိုယ့်ဘဝထဲကနေ
မပျောက်ပျက်အောင်သာထိန်းသိမ်းပါ
ကိုယ့်ဘဝထဲမှာ မနေချင်လာအောင်မလုပ်ပါနဲ့။

အပေါ်ယံတွေများထဲခေတ်မှာ
ရုပ်ပိုင်ဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာပါ
လေးစားဖို့ကောင်းတဲ့သူဆိုတာ မြင်ရခဲတာမို့
မဆုံးရှုံးရအောင် တန်ဖိုးထားပေးကြပါ။

Want your public figure to be the top-listed Public Figure in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


Yangon