WindowView

WindowView

Share

03/10/2021

ကလေးတို့ရေ..

ကမ္ဘာကြီးနဲ့ စကားပြောဖို့ ကမ္ဘာကြီးနဲ့ထိတွေ့ဖို့ အင်္ဂလိပ်စာက ဘယ်လောက်အရေးကြီးကြောင်း သိပြီးသားဖြစ်မှာပါနော်...

အိမ်မှာနေရင်း အချိန်တွေ အလကားမဖြစ်ရအောင် အင်္ဂလိပ်စာကို အခုကစပြီးအခြေခံကျကျလေ့လာကြရအောင်🤗

ကမ္ဘာကျော် သင်ရိုးများထွက်ရှိတဲ့ Cambridge series တွေထဲက အခြေခံ အကျဆုံးကနေ စတင်လေ့လာကြမယ်ဆို နှစ်အုပ်ပေါင်းမှ 14,000 MMK (တစ်သောင်းလေးထောင်ကျပ် တိတိ) သာကျသင့်မယ့် ဒီစာအုပ် အတွဲလေးက အကောင်းဆုံးပါနော်🤗

အလယ်တန်း နဲ့ အထက်တန်း ကျောင်းသား ကျောင်းသူများအတွက်ဆို ဆရာမလိုဘဲ self study လေ့လာနိုင်လို့
🍁self study ကိုလဲ လေ့ကျင့်ပြီးသားဖြစ်မယ်
🍁အချိန်ကို အကျိုးရှိရှိ အသုံးချတဲ့ အကျင့်လေးလည်းရမယ်

📒မှာယူမယ်ဆို တစ်ပါတ် အတွင်းရမှာပါနော်
🚛ရန်ကုန်မြို့တွင်းဆိုရင် delivery ခ ၂၀၀၀ကျပ် ကျသင့်မှာဖြစ်ပြီး နယ်မြို့ အနီးအဝေး အလိုက် သယ်ယူစရိတ်ကျခံရမှာ ဖြစ်ပါတယ်🥰

Photos from WindowView's post 29/08/2021

🍁I am more than my nightmares
5000 MMK
A5, Creamy

ဒီတစ်ခါမိတ်ဆက်ပေးမှာကတော့ ဖတ်နေရင်း ဖတ်နေရင်း လက်စွဲစာအုပ် ဖြစ်မှန်းမသိ ဖြစ်သွားမယ့်စာအုပ်လေးဖြစ်ပါတယ်🥰

ဒီစာအုပ်လေးကိုဖတ်နေရင်း
ကျမတို့ ကြုံတွေ့နေတဲ့၊ ကြုံတွေ့ခဲ့မယ့် အခက်အခဲတွေ အိပ်မက်ဆိုးတွေကို အံတုရင်ဆိုင်ဖို့ ခွန်အားတွေ သေချာပေါက်ရလာမှာပါ🤗

ဘာမဆိုရင်ဆိုင်ဖို့ ငါသည်သာ အရေးကြီးဆုံးပါလား ဆိုတာ သိမ်မွေ့စွာ ညွှန်ပြပေးမယ့် ကဗျာလေးတွေ တဝ ကြီး ဖတ်ရမှာပါ🥰🥰

အခုပဲ WindowView message button လေးနှိပ်ပြီး မှာလိုက်ပါနော်🤗

Photos from WindowView's post 13/07/2021

အိမ်မှာ နေရင်း စိတ်ဓာတ်တွေ မကျနေစေဖို့ ကိုယ့်ကိုယ်ကို တိုးတက်အောင်နေရင်းဖြင့်ရင်ဆိုင်ပါနော်💪💪💪💪

(၁)ကျန်းမာရေး တိုးတက်အောင် နေပါ။
အစားများများစားပါ။ အဝလွန်လို့ ဝိတ်လျှော့ နေတာ မဟုတ်ဘဲ အလှအပ အတွက် ဝိတ်လျှော့ နေတာဆိုရင်တော့ ပုံမှန် ကျန်းမာရေးနဲ့ညီညွတ်အောင် ပြန်စားပေးပါ။ လှုပ်ရှားနေရတဲ့သူတွေ အလုပ်လုပ်နေရသူတွေ အိပ်ရေးပျက်သူတွေ ပိုစားပေးပါ။ ဖြစ်နိုင်ရင် အိပ်ရေးဝဝ အိပ်ပါနော်။

(၂)လူမှုရေး တိုးတက်အောင် နေပါ။
တစ်ဦးနဲ့ တစ်ဦး အသက်ရှင်နေစဉ် ပိုချစ်ပေးပါ။ရိုင်းပင်းကူညီပါ။ မျှဝေပါ။ သူ့ကြောင့် ကိုယ်မစိတ်မညစ်အောင်နေပြီး ကိုယ့်ကြောင့် သူ စိတ်ချမ်းသာပါစေ။ 🥺ဘဝတွေက ကျမတို့ ထင်ထားတာထက် တို လွန်းတယ်မဟုတ်လား🥺

(၃)စိတ်ခွန်အား တိုးတက်အောင် နေပါ။
ပျော်ပျော်နေပါ။ အရင်တုန်းက ကြည့်ချိန်မရ ခဲ့တဲ့ movies တွေ series တွေ ကြည့်လို့ရတဲ့ အချိန်စိတ်ကြိုက်ကြည့်ပါ။ မျက်လုံးလေး မှိတ်ပြီး သီချင်းလေးတွေ နားထောင်ပါ။ ရသစာတွေ နဲ့ သက်ဆိုင်ရာ
ဘာသာရေး စာပေများဖတ်ပါ။ စိတ်တူကိုယ်တူချင်း စကားများများ ပြောပေးပါ။ "ငါလုပ်ရမယ်" ဆိုတဲ့ အရာတွေကို မေ့ထားပြီး "ငါလုပ်ချင်တယ်" ဆိုတဲ့ အရာတွေအတွက် အချိန်ပေးပါနော်။

(၄)ဗဟုသုတ နဲ့ ပညာရေး တိုးတက်ချင်စိတ်ရှိရင် တိုးတက်အောင်နေပါ။
(စိတ်ပါမှ လုပ်သင့်ပါတယ်။ စိတ်မပါရင် ခဏမေ့ထားပါနော်၊ သင့်အတွက် အပို ဖိစီးမှုတွေ မထားသင့်တဲ့ အချိန်ပါ)
Online class တွေ တက်ပါ။ Discount တွေရှိပါတယ်။ You tube ကနေ လဲ free လေ့လာလို့ရပါတယ်။ fashion design, language, make up, ချက်နည်းပြုတ်နည်း စတာတွေကို လေ့လာနေရင်း ကိုယ် မလုပ်ဖြစ်ခဲ့တဲ့၊ ကိုယ်စိတ်ပါဝင်စားတဲ့၊ ထက်သန်တဲ့ ၊ကိုယ့်ရဲ့ ဝါသနာကို ပုံဖော် အသက်သွင်းခွင့် ရမှာ ဖြစ်ပါတယ်🤗

ကောင်းတာလေးတွေ တွေးပြီး ကောင်းမယ်ထင်တာလေးတွေ လုပ်ရင်း အချိန်ကို အသုံးချကြရအောင်နော်🤗

👇👇👇👇😍😍😍
အောက်က စာအုပ်လေးတွေကတော့ English language ကို actively လေ့လာနေသူတွေအတွက် ရယ်၊ IELTS approach ကို စတင် လေ့လာမယ့်သူတွေ အတွက် အရမ်းကို အသုံးဝင် အကျိုးရှိမယ့် Official guide ၊ Grammar for IELTS နဲ့ Vocabulary for IELTS တို့ ဖြစ်ပါတယ်။
ဈေးနှုန်း လေးတွေကို ပုံတွေရဲ့ အောက်မှာရေးထားပါတယ်
🎧Audio file free ❗ ပါနော်

🙏ကပ်ကြီးသုံးပါး ကျော်လွှားနိုင်ကြပါစေရှင်🙏

💐💐💐💐💐💐💐💐💐💐💐💐💐💐💐💐
English novels နှင့် သုတ ရသ စာအုပ်များကို Page မိတ်ဆက် discount အနေနဲ့ 25%discount ကို July လကုန်အထိ လျှော့ပေးသွားမှာပါ

လက်ကား‌ဈေးလေးကတော့ ပုံမှန် 20% လျှော့ပေးမှာ ဖြစ်ပြီး discount ကာလမှာ 30% အထိ ရမှာပါနော်
(တစ်ကြိမ်တည်း အုပ် ၂၀ နဲ့ အထက် ဝယ်ယူသူကို လက်ကားဈေး ပေးမှာ ဖြစ်ပါတယ်)

😁Medical books လေးတွေ နဲ့ English learning စာအုပ်လေးတွေကတော့ discount မရှိသေးပါဘူးနော်😁

💸💸ဈေးနှုန်းလေးတွေကတော့
📒စာအုပ်အထူအပါး အလိုက်
📙Size အလိုက်
📚မူရင်း pdf ရဲ့ page အနည်းအများ အလိုက်
ကွာခြားသွားမှာ ဖြစ်သည့်အတွက်
📢msg box မှသော်လည်းကောင်း
📢 WindowView Telegram account 09966332007
မှသော်လည်းကောင်း မှာချင်သည့်ပုံစံနှင့် ဈေးနှုန်းကို မေးမြန်းနိုင်ပါတယ်ရှင်

🥰Medical books များက page အရေအတွက်များပြီး volume ခွဲထုတ်ပေးရခြင်းများရှိသည့်အတွက် အထူးService ပေးခြင်းဖြစ်ပါတယ်နော်🥰🥰

📚အခြားစာအုပ်များလည်း ‌
စာအုပ်အမည်ပြောပြီးသော်လည်းကောင်း
Pdf file ပို့ပြီးကသာ်လည်းကောင်းမှာယူနိုင်ပါတယ်
Pdf file ကို WindowView telegram Channel သို့လည်းကောင်း အောက်ပါ linkမှတဆင့်👇👇👇 https://t.me/joinchat/4_PXU0M1jKUxMzA1 ပေးပို့ မှာယူနိုင်ပါတယ်ရှင်
🚚 Delivery fees ကတော့ ရန်ကုန်မြို့တွင်းပျမ်းမျှ ၂၀၀၀ ကျပ်ပါ
သက်ဆိုင်ရာ ကဂိတ်များမှတဆင့် နယ်ကိုလည်း ပို့ပေးပါတယ်နော်🤗

Photos from WindowView's post 01/07/2021

🔹IQ Vs EQ

IQ တို့ EQ တို့ ပါးစပ်ဖျားမှာ မချတမ်းပြောကြရတဲ့ ခေတ်မှာ IQ နဲ့ EQ အကြောင်း ‌ ‌ဘာ‌တွေကွာခြားလဲ ဘာက ပိုအရေးကြီးသလဲ ဆိုတာပါ စေ့စေ့ငုငု နားလည်ဖို့ လိုအပ်လာပြီ ဖြစ်ပါတယ်

နှစ်ခုလုံးကတော့ လူတစ်ဦးရဲ့ ဉာဏ်ရည်ကို စွမ်းရည်အနေနဲ့ ခွဲခြားဖော်ပြကြခြင်းပဲ ဖြစ်ပါတယ်

🔹IQ ဆိုတဲ့ intelligence Quotient ဟာ လူတစ်ဦးရဲ့ သူ့အသက်အရွယ်မှာ ရှိတဲ့ မှတ်သားနိုင်စွမ်း၊ ဖြန့်ကျက်တွေးခေါ်နိုင်စွမ်း၊ အသေးစိတ်အာရုဏ်စိုက်သိမြင်နိုင်စွမ်း၊ ကျိုးကြောင်းပြနိုင်စွမ်း စတဲ့အရာတွေကို ဆိုလိုတာဖြစ်ပြီး IQ test ကို စစ်ဆေးတဲ့နေရာမှာလဲ ဖော်ပြပါအရာတွေကို အခြေခံ စံသက်မှတ်ပြီး ပုစ္စာတွေ ထုတ်တတ်ကြပါတယ် ( test တော်တော်များများ သင်္ချာအမြင်က လွှမ်းမိုး ပါတယ်)

🔹IQ ကို ဘယ်လိုတွက်ချက်လဲ ဆိုတော့ ရှိနေတဲ့ ဉာဏ်ရည်( mental age) ကို အသက် (chronological age) နဲ့ စားပြီး 100 နဲ့ မြှောက်ပါတယ်

🔹ပျမ်းမျှက 85 မှ 115 ထိဖြစ်ပြီး 145ထက်ကျော်သူကိုတော့ Genius ပါရမီရှင် ရယ် လို့ သက်မှတ်ပါတယ်

🔹IQ 70 အောက်ကို ရောက်ရင်တော့ ကိုယ့်ကိုကိုယ် ဂရုစိုက်ဖို့ ၊ထိန်းချုပ်ဖို့တောင် ခက်ခဲတဲ့ ဉာဏ်ရည်နိမ့်သူလို့ သက်မှတ်ပါတယ်

🔸EQ ခေါ် Emotional Quotient ကတော့ စိတ်ပိုင်းဆိုင်ရာ သန်မာမှု စွမ်းရည်ကို ဆိုလိုပါတယ်
EQ မှာ အပိုင်း ၅ပိုင်း ပါပါတယ်

၁) ကိုယ့်ကိုကို သိမှု ၊နားလည်မှု။
ကိုယ် ဘာဖြစ်နေတာလဲ ဝမ်းနည်းနေလား စိတ်တိုနေလား မကောင်းတဲ့စိတ်ဖြစ်နေတာလား ကောင်းတဲ့အကြံအစည် ကြံနေတာလား ဆိုတာ ကိုယ်ကိုယ်တိုင် အမြဲသတိထားမိနိုင်တဲ့ စွမ်းရည်။

၂) အထက်ပါ မိမိကိုယ်ကို သိမှုများကို ထိန်းချုပ်နိုင်တဲ့စွမ်းရည်။
ကိုယ်မပြောခင် မလုပ်ခင် မဆုံးဖြတ်ခင်မှာ အချိန်မီ ထိန်းသိမ်းပြီး ပိုကောင်းတဲ့ အပြုအမူကို ပြောင်းလဲ ပြုလုပ်နိုင်စွမ်းကို ဆိုလိုပါတယ်။

၃)စိတ်ပါလက်ပါ အားတက်သရော ရှိခြင်း။ ပညာရှာဖွေခြင်း ၊ဗဟုသုတ ရှာဖွေခြင်း၊ တာဝန်‌အရလုပ်ခြင်း စတဲ့ သက်မှတ်ထားတဲ့ အရာတွေအတွက်သာမဟုတ်ဘဲ ကိုယ်ဘာကိုပဲလုပ်လုပ် အမြဲတိုးတက်‌နေစေဖို့ ကောင်းမွန်စေဖို့ စိတ်အားထက်သန်နေခြင်း ကို ဆိုလိုပါတယ်။

၄)သူတပါးကို နားလည်နိုင်ခြင်း၊ခံစားနိုင်ခြင်း။ မျက်နှာရိပ် မျက်နှာကဲသိခြင်း။ ကိုယ်ပြောလိုက်တဲ့ အရာက သူတပါးအပေါ် ဘယ်လို သက်ရောက်သွားနိင်သလဲ တပါးသူ ဘယ်လိုခံစားသွားရသလဲ သိနိုင်စွမ်းကို ဆိုလိုပါတယ်။

၅)အများနဲ့ ဆက်ဆံတဲ့ နေရာမှာ အထက်ပါ သိမှု နားလည်မှုများကို လိုအပ်သလို ထိန်းချုပ်ပြုပြင်ပြီး အဆင်ပြေချောမွေ့တဲ့ ဆက်ဆံရေးများ တည်ဆောက်နိုင်စွမ်း တို့ ဖြစ်ပါတယ်။

🦉ဒီစာတွေကို ဖတ်ပြီးတဲ့နောက်မှာ IQ နဲ့ EQ ဘယ်အရာက အရေးကြီးတယ်လို့ ထင်ပါသလဲ??

🔹IQ မြင့်သူများဟာ အတန်းပညာမှာ သာမန်ထက် ထူးချွန်နိုင်ပြီး စာတော်သူ တီထွင်ကြံဆနိုင်သူများဖြစ်လာနိုင်ပြီး တစ်ဦးတစ်ယောက်တည်း ပြုလုပ်ရတဲ့ profession များ ဆရာဝန် ၊ အင်ဂျင်နီယာ ၊ သုတေသန ပြုသူ၊ သိပ္ပံပညာရှင် စတဲ့ အလုပ်တွေမှာ အောင်မြင်နိုင်တယ်လို့ ဆိုပါတယ်။

🔸EQ မြင့်သူများကတော့ အများနဲ့ပြုလုပ်ရတဲ့ ကုမ္ပဏီလုပ်ငန်းများ၊ လုပ်ငန်းရှင်၊ ဝန်ထမ်း၊ ထုတ်လုပ်သူ၊ ဝန်ဆောင်မှု စတဲ့အရာတွေမှာအောင်မြင်နိုင်မှာ ဖြစ်ပြီး ခေါင်းဆောင်ကောင်း၊ နောက်လိုက်ကောင်း အိမ်ထောင်ရှင်ကောင်း၊မိဘကောင်း ၊သားသမီးကောင်း စသည်ဖြင့် လူမှုရေးမှာလည်း အောင်မြင်မှာ ဖြစ်ပါတယ်။

❗IQ ကို သက်မှတ်ထားတဲ့ စံတန်ဖိုးများဟာ ကျဉ်းမြောင်းလွန်းပြီး လူတစ်ယောက်ဟာ IQ နဲ့ EQ မျှနေမှသာ ဘဝမှာ အောင်မြင်မှု အစစ်ကို ရရှိနိုင်မှာ ဖြစ်ပါတယ်
❗IQ မြင့်ပြီး EQ နိမ့်သူများဟာ လူ့ခွစာ၊ တကိုယ်ကောင်းဆန်သူ စသည်ဖြင့် ဖြစ်လာနိုင်ပြီး အများအကျိုးကို မကြည့်ခြင်း၊ လူအများနဲ့ အဆင်မပြေ ဖြစ်ခြင်း စတဲ့ဆိုးကျိုးများ ဖြစ်လာနိုင်ပါတယ်။

🤗EQ မြင့်သူများအတွက်တော့ ပျမ်းမျှ IQ ဖြစ်ရုံမျှနဲ့ အောင်မြင်မှု ပျော်ရွှင်မှု များတစ်ပါတည်း ရရှိမှာ ဖြစ်ပါတယ်။
🥳IQ ရော EQ ပါ မြင့်မားသူများအတွက်တော့ ဘဝရဲ့ ထိပ်တန်းနေရာများကို ရရှိကြမှာ အသေအချာပါပဲ

IQ နဲ့ EQ ဘယ်ဟာ အရေးကြီးလဲ ဆိုတာထက် IQ မြင့်ဖို့ထက်တော့ EQ မြင့်ဖို့က ဘဝ ရှင်သန်နေထိုင်ဖို့ အတွက် ပိုအရေးကြီးပါတယ်။

EQ ကို မြင့်မားချင်ရင်တော့ EQ ကို တိုးတက်အောင် လုပ်ယူလို့ ရပါတယ်။
EQ ဟာ သင်ယူလို့ ရတဲ့အရာ တစ်ခုဖြစ်ပါတယ်။
👉ဘဝသင်ခန်းစာကနေ..
👉ပတ်ဝန်းကျင်ကောင်းကနေ..
👉မိတ်ဆွေကောင်းဆီကနေ...
👉စာကောင်းပေမွန်များဖတ်ခြင်းကနေ ..
သင်ယူနိုင်ပါတယ်။

စာဖတ်ခြင်းဖြင့် မိမိ ရဲ့ EQ ကို တိုးမြှင့်ဖို ရသစာအုပ်ကောင်းများ မှာယူကြပါစို့နော်။
📝by Admin( သုတေသနပြုထားသော စာတမ်းများ မှ လေ့လာ ရေးသားထားခြင်းဖြစ်ပါတယ်)

🧠ကိုယ့်ရဲ့ IQ နဲ့ EQ ကို စစ်ကြည့်ချင်ရင်တော့ free IQ နဲ့ EQ test link လေးတွေ ချပေးထားပါတယ်နော်
EQ test👇 https://www.verywellmind.com/how-emotionally-intelligent-are-you-2796099
IQ test👇
https://www.free-iqtest.net/iq.asp

ဒီစာလေးကို နှစ်သက်ရင် page လေး ပါအောင် like and share လုပ်ပေးကြပါနော်
နောက်လည်း စာချစ်သူများအတွက် ဗဟုသုတရ‌စေ‌မယ့် အရာများကို ရှာဖွေလေ့လာပြီး ကြိုးစားတင်ဆက်သွားမှာပါ

🙏ဘေးရန်ကင်းလို့ စိတ်ချမ်းသာကြပါစေရှင်🙏

Want your business to be the top-listed Shop in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


Yangon
11181