Myanmar Financial News

Myanmar Financial News

Share

Encouraging Private Sector and Public Sector to form joint venture companies in form of Private partnership (PP) or Public Private Partnership in Myanmar

08/03/2026

Big shout out to my newest top fans! 💎 Myo Naing

Drop a comment to welcome them to our community, fans

16/07/2024

ငွေစက္ကူရိုက်ထုတ်မှုအရေအတွက်နဲ့
ကျပ်တန်ဖိုးကိုသိချင်ရင်
ခန့်မှန်းတွက်ချက်ရလွယ်ပါတယ်။.
ပုံမှန် ငွေစက္ကူတွေမှာ
ဂဏန်း ၇ လုံးနဲ့ အက္ခရာ ၂ ထပ်ရှိပါတယ်။
အက္ခရာတစ်ခုကို Series တွဲတစ်ခုသတ်မှတ်ရင်
AA ကနေ ZZ အထိ အက္ခရာတွဲ Series ပေါင်းဟာ
(A-Z=26) x (A-Z = 26) = (26x26) =
စုစုပေါင်း Series 676 ခုရှိပါတယ်။
နောက်အက္ခရာကို စီးရီး (၁) ခုသတ်မှတ်တာမို့
စီးရီး ၂၆ ခုကုန်ရင် ရှေ့အက္ခရာ (၁) လုံးပြောင်းပါတယ်။..
Serie စီးရီးတစ်ခုမှာ.. ဂဏန်း ၇ လုံးပါလို့
နံပါတ် ၀၀၀၀၀၀၀ ကနေ ၉၉၉၉၉၉၉ အထိ
နံပါတ် ပေါင်း တစ်ကုဋေ(ဆယ်သန်း)ရှိတယ်။
-
ဥပမာ
AA ဆိုတဲ့ Serie တစ္ခုကို
ငွေစက္ကူရွက်ရေ ဆယ်သန်းရိုက်ထုတ်တာပါ။
AA ကနေ AB ပြောင်းရင် စက္ကူအရေအတွက်
၁၀ သန်း ကုန်ပြီး သန်း ၂၀ အတွင်းရိုက်နေပါပြီ။
-
အဲဒီတော့
ငွေစက္ကူ ကျပ်တစ်သောင်းတန်မှာ
အက္ခရာ Serie တစ်ခုကို
ရွက်ရေပေါင်း ဆယ်သန်း(တစ်ကုဋေ)
ရိုက်ထုတ်ထားတယ်ဆိုရင် ...
ကျပ်ငွေတန်ဖိုးတွက်ရင် Serie တစ်ခုကို
ကျပ်ငွေတန်ဖိုး ကုဋေ တစ်သောင်းရိုက်ထားပါပြီ။
ကုဋေတစ်သောင်းဆိုတာ ကျပ်ငွေ ဘီလီယံ ၁၀၀ ပါ။.
ရှေ့အက္ခရာပါ ပြောင်းသွားပြီဆိုရင်တော့
စီးရီး ၂၆ ခု ရိုက်ထုတ်ပြီးတာဖြစ်လို့..
ဘီလီယံ ၁၀၀x ၂၆ = ကျပ် ဘီလီယံ ၂၆၀၀ ပါ။
-
စကစ အနေနဲ့
ဘဏ်ကြီးတစ်ခုကို
ရှေ့အက္ခရာပြောင်း စီးရီး ၂၆ ခု
တစ်တွဲစီ ရိုက်ထုတ်ပေးထားခဲ့ရင်
ဘဏ်ဆယ်ခုဆိုရင် ကျပ်ငွေ ဘီလီယံ ၂၆၀၀၀ ဖိုး
ရိုက်ထုတ်ထားတယ်လို့ တွက်လို့ရပါတယ်။
-

#မင်းသူရ


လွတ်လပ်စွာကူးယူနိုင်ပါသည်။
Freedom Fighter

Photos from Myanmar Financial News's post 07/07/2024

#ဘဏ်လုပ်ငန်းအ‌ခြအနေ
ဗဟိုဘဏ်က နေ့စဥ်ထုတ်ပြန်တဲ့ စာရင်းတချို့ကိုတင်ပြချင်တယ်။ တခုက ပြည်တွင်းဘဏ်တွေနဲ့ ပုဂ္ဂလိက လုပ်ငန်းရှင်တဦးချင်း၊ ကုမဏီတခုချင်းငွေအသွင်းအထုတ်စာရင်းဖြစ်ပြီး နောက်တခုက ပြည်တွင်းမှာ လည်ပတ်နေတဲ့ဘဏ်တွေ (နိုင်ငံခြားဘဏ်တခုအပါအဝင်) တို့အကြားက ငွေအဝင်အထွက် စာရင်းတွေ ဖြစ်တယ်။ ဘဏ်နဲ့လုပ်ငန်းရှင်ကြားကတော့ ရှင်းတယ်။ ပြည်သူတွေ ဘဏ်မှာ ငွေအပ်လိုက် လိုရင်ပြန်ထုတ်လိုက် လုပ်သလိုလုပ်ကြတာကို စာရင်းလုပ်ထားတာ။ ဘဏ်အချင်းချင်းကြားမှာလုပ်တဲ့ ငွေအရောင်းအဝယ်ကျတော့ ဘဏ်စည်းမျဥ်းနဲ့ညီတဲ့ ငွေပမာဏပြည့်မှီအောင် ဘဏ်တွေမှာ နေ့စဥ်ပြန်ဖြည့်ထားရတာ။ အမေရိကန်မှာ ၂၀၁၉က ပြဿနာတက်ခဲ့တဲ့ ရီပိုစျေးကွက်သဘောပါပဲ။ မြန်မာမှာ ၂၀၁၇မှာ စတင်ကျင့်သုံးတယ်။ ငွေစာရင်းတွေကြည့်တော့

ဖေဖော်ဝါရီ ၅ရက်

ဘဏ်နဲ့လုပ်ငန်းရှင်ကြား ဒေါ်လာ ၅၃သန်း အထုတ်အသွင်းဖြစ်၊ ဘဏ်အချင်းချင်းကြား ဒေါ်လာ၈သန်း အရောင်းအဝယ်ရှိ။ အမေရိကန် တဒေါ်လာစျေး ၁၄၁၁ကျပ် (ဗဟိုဘဏ်ထုတ်ပြန်ထားတဲ့စာရင်းကိုပုံမှာကြည့်ပါ)

ဖေဖော်ဝါရီ ၈ရက်

ဘဏ်နဲ့လုပ်ငန်းရှင်ကြား ဒေါ်လာ ၉သန်း အထုတ်အသွင်းဖြစ်၊ ဘဏ်အချင်းချင်းကြား ဒေါ်လာ၅သိန်း အရောင်းအဝယ်ရှိ။ အမေရိကန် တဒေါ်လာစျေး ၁၄၁၀ကျပ်

ဖေဖော်ဝါရီ ၉ရက်

ဘဏ်နဲ့လုပ်ငန်းရှင်ကြား ဒေါ်လာ ၁သန်းခွဲ အထုတ်အသွင်းဖြစ်၊ ဘဏ်အချင်းချင်းကြား အရောင်းအဝယ်မရှိ။ အမေရိကန် တဒေါ်လာစျေး ၁၄၀၀ကျပ်

ဖေဖော်ဝါရီ ၁၀ရက်

ဘဏ်နဲ့လုပ်ငန်းရှင်ကြား ဒေါ်လာ ၂သန်းခွဲ အထုတ်အသွင်းဖြစ်၊ ဘဏ်အချင်းချင်းကြား အရောင်းအဝယ်မရှိ။ အမေရိကန် တဒေါ်လာစျေး ၁၃၉၆ကျပ်
ဖေဖော်ဝါရီ ၁၁ရက်

ဘဏ်နဲ့လုပ်ငန်းရှင်ကြား ဒေါ်လာ ၉သိန်း၈သောင်း အထုတ်အသွင်းဖြစ်၊ ဘဏ်အချင်းချင်းကြား အရောင်းအဝယ်မရှိ။ အမေရိကန် တဒေါ်လာစျေး ၁၃၉၆ကျပ် (ဗဟိုဘဏ်ထုတ်ပြန်ထားတဲ့စာရင်းကို ပုံမှာကြည့်ပါ)

ကောက်ချက်ချရရင် ဘဏ်အချင်းချင်းအရောင်းအဝယ်မရှိဆိုတာဟာ စီးပွားရေးလုပ်ငန်းတွေနဲ့ ဘဏ်တွေလုပ်ငန်းရပ်တန့်လာတဲ့ သဘောဖြစ်တယ်။ တနေ့ကစပြီးဘဏ်တွေရဲ့ အဓိက လည်ပတ်မှု ရပ်သွားပြီလို့ပြောနိုင်တယ်။ ကျန်တဲ့ အသေးစားလုပ်ငန်းတွေကြောင့်မို့ ဘဏ်နဲ့ လုပ်ငန်းရှင်ကြား အထုတ်အသွင်းဟာလည်း ရက်အနည်းငယ်အတွင်းရပ်တန့်တော့မှာဖြစ်တယ်။ ပိတ်ရက်၃ရက်ရှိနေတာကြောင့် ကနေ့ကစပြီး ရပ်တန့်သွားပြီလို့တောင်ပြောလို့ရတယ်။

Targeted Sanction ကလည်းလာပြီဆိုတော့

​နာတာရှည်ရောဂါပျောက်ခါစလူနာ ရောဂါဟောင်းပြန် ထလာသလိုဖြစ်ပြီ။

နေကောင်းပါစေမြန်မာပြည်။ 🙏🙏🙏

Crd.

07/09/2022

ဗဟိုဘဏ်၏မူဝါဒနှင့် အမိန့်ညွှန်ကြားချက်များကြောင့် ပုဂ္ဂလိကဘဏ်များရှိ Visa Card အကောင့်များ ယာယီပိတ်

၀၀၉
ရန်ကုန်(မဇ္ဈိမ )။ ။ နိုင်ငံတော်ဗဟိုဘဏ်က နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာလျှင် ၂,၁၀၀ကျပ် ဈေးသတ်မှတ်ပြီးနောက်ပိုင်း ပြည်တွင်းပုဂ္ဂလိက ဘဏ်အချို့တွင် နိုင်ငံခြားငွေ ထည့်သွင်းအသုံးပြုရသည့် Visa ကတ်၊ Master ကတ် လျောက်ထားမှုများ ယာယီပိတ်ထားကြောင်း သိရသည်။

စစ်ကောင်စီက နိုင်ငံခြားငွေတစ်ဒေါ်လာလျှင် ၂,၁၀၀ကျပ် ဈေးသတ်မှတ်ထားသော်လည်း ပြင်ပတွင်ပေါက်ဈေး ၄,၀၀၀ကျပ် ဝန်းကျင်ဖြင့်သာအရောင်းအဝယ် ဖြစ်နေကြောင်းလည်း သိရသည်။

''ကျွန်တော်တို့က စာမေးပွဲကြေးသွင်းဖို့အတွက် နိုင်ငံခြားဘဏ်(FE)ဘဏ်ကို သွားပြီးတော့ ဝယ်တယ်။ အဲဒီမှာ ကောင်တာကဘာပြောလဲဆိုရင် ရောင်းဖို့မရှိဘူးတဲ့ ။ကျွန်တော်တို့ကို ညွှန်ကြားထားတာက ဒေါ်လာလာရောင်းရင်လည်း ဒီ ၂၁၀၀ ဈေးနဲ့ဝယ်ပြီး ဝယ်ထားတာပဲ ရောင်းပေးရမယ်လို့ပြောတယ်။ ဒီတော့ ဒီကာလကြီး အပြင်မှာ ၄,၀၀၀နီးပါး ပေါက်ဈေးဖြစ်နေတာကို ဘယ်သူက ၂,၁၀၀နဲ့လာရောင်းမလဲ။ ရောင်းတဲ့သူမရှိရင် ဘဏ်ကလည်း ပြန်မရောင်းနိုင်ဘူးတဲ့''ဟု အစိုးရဘဏ်(FE) ဘဏ်တွင် ငွေသွားဝယ်သည့်သူတစ်ဦးက ပြောသည်။

သည့်အပြင် စစ်ကောင်စီမှလည်း နိုင်ငံခြားငွေများ တရားမဝင် ရောင်းဝယ်နေသည့်သူများကို နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုဥပဒေနှင့် စည်းမျဉ်းများအရ ထိရောက်စွာ အရေးယူမည်ဟု သြဂုတ်လ ၂၇ ရက်နေ့က မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ထုတ်ပြန်ထားသည်။

''အခုကကျွန်မတို့တွေက Online Shop ရောင်းတဲ့အခါကျတော့ ကိုယ့်ပစ္စည်းကိုလူတိုင်းသိအောင်ကြော်ငြာရတယ် ။ဖေ့ဘုတ်မှာ Boots လုပ်ရတယ်။ အဲဒီအခါကျရင် Visa ကတ်တွေ လိုတာပေါ့။သုံးနေကျကတ်ထဲကို ငွေသွားထည့်တော့ CB Bank က ကတ်တွေအားလုံး ယာယီပိတ်ထားတယ်တဲ့။ ပြီးတော့ ငွေထည့်ရင်လည်း အရင်ကဆို ဘဏ်က လက်ရှိပေါက်ဈေးနဲ့ဖြတ်ပြီး ဒေါ်လာအစား မြန်မာငွေပေးလို့ရတယ်။အခုကျတော့ မြန်မာငွေနဲ့Visa ကတ်ထဲကို ငွေထည့်လို့မရဘူး။ ထည့်ချင်ရင် ဒေါ်လာ အသစ်ချွတ်ချွတ်မှ ထည့်လို့ရမယ်။ဒါတောင် ဒေါ်လာ ၁၀၀တန်ပဲ လက်ခံတယ်ဆိုပြီးပြောလာတယ်''ဟု Online Shoping လုပ်နေသည့်သူတစ်ဦးက ပြောသည်။

လက်ရှိအပြင်ဘဏ်များသည် နိုင်ငံခြားငွေများ ထည့်သွင်းအသုံးပြုရသည့်Visa ကတ်၊ Master ကတ်များ လျှောက်ထားရာတွင် အခက်ခဲများရှိနေပြီး နေ့စဉ်ဗဟိုဘဏ်၏ မူဝါဒများ ပြောင်းလဲနေခြင်းကြောင့် ဘဏ်ရှိဝန်ထမ်းများသည်ပင် လုပ်ကိုင်ရာတွင် ခက်ခဲမှုများရှိနေသည်ဟုလည်းသိရသည်။

စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ် ။ ။ အောင်ကျော်ဖြိုး

#ဗဟိုဘဏ်


#ငွေလဲနှုန်း

06/04/2022

အမိန့်​ကြော်ငြာစာ ၁၂/၂၀၂၂ နှင့် ဆက်စပ်​ဆောင်ရွက်ရမည့် လုပ်ငန်းစဥ် ညွန်ကြားချက် ၆/၂၀၂၂ ထုတ်ပြန်

ထူးခြားချက်
၁။ Exchange rate ကို ဗဟိုဘဏ်က သတ်မှတ်တဲ့​စျေး အတိုင်း​ရောင်းရ​တော့မယ်။ (Trading band +/- ၀.၅% သတ်မှတ်ချက် ပျက်သွားပြီ)

၂။ Fixed rate (trading band) အစား တစ်​ဒေါ်လာလျှင် ၃ ကျပ် ဝန်​ဆောင်စရိတ်​ကောက်ခံရန်ဖြစ်သည်။

၃။ ပြည်ပကို နိုင်ငံခြား​ငွေလွဲမယ်ဆို လွဲသမျှအားလုံး နိုင်ငံခြားသုံး​ငွေကြီးကြပ်မှု ​ကော်မတီကို တင်ပြရမယ်။ ခွင့်ပြုချက်ရမှ လွဲခွင့်ရ​တော့မယ်။ (Digital Marketing/Online Shopping/ facebook boost/ Zoom ​တွေအတွက်​တော့ Payment တွေ​တော့နားကားပြီ Visa/Master အကုန်ဂန့်)

၄။ ပြည်ပကို​ငွေလွဲဖို့ ​ကော်မတီ ခွင့်ပြုချက်ရရှိပါက ​လိုတဲ့ဒေါ်လာကို ဘဏ်​တွေဆီက ဝယ်ရမယ်။ (လိုသ​လောက်​ရောင်းမယ်မ​ရောင်းဘူး မ​သေချာ)

၅။ ကုန်သွယ်မှု ၀န်​ဆောင်မှု ဝင်တာအားလုံးက​တော့ အကုန် ​ရောင်း​ကို​ရောင်းပေးရမယ် ​ငွေလုံး​ငွေရင်းဝင်​ရောက်မှုမှာ MICနဲ့ ညှိပြီး ​Level တစ်ခု​ပေးကိုင်မယ် ကျန်တာ အကုန်ရောင်းရမယ်။ (MIC ကို Promote လုပ်​ပေးတာ​ပေါ့။ စီမံကိန်းကြီး​တွေ MIC ခွင့်ပြုချက်​တွေ ယူကိုယူထားသင့်တယ်)

၅။ စည်းမျဥ်း ၅၄၊ ၅၅ အရ လက်​ဆောင်၊ အလှူဒါနများ၊ ပြုပြင်ထိန်းသိမ်းစရိတ်၊ အ​မွေများ၊ ​​မြေယာအိမ်ရာလွဲ​ပြောင်းရရှိ​ငွေ၊ အစိုးရ​ထောက်ပံ့​ငွေ​တွေဆိုရင် ​ဒေါ်လာ ၁၀၀၀၀ ​အောက်​တောင် ကျပ်​ငွေ​​ပြောင်း​ပေးရမယ်ဆို​တော့ ​ဒေါ်လာကို Treshold ကို Zero Level အထိ လုံး၀ကိုင်ခွင့်မပြု​တော့တဲ့သ​ဘောပဲ။
Crd

Want your business to be the top-listed Finance Company in Yangon?
Click here to claim your Sponsored Listing.

Telephone

Address


No. 80, 48 Street, Botahtaung Tws
Yangon
11161