YUMTO
24/02/2025
ကုန်းဘောင်ကြီးကြော် ၁ ပွဲစာ ဆိုင်ကြော်နည်း
ပါဝင်ပစ္စည်းများ
အသား က/ဝ ၈ ကျပ်သား အနေတော်အတုံးလေးလှီးထားပါ
မုန်လာဥနီ ၂ ကျပ်သား
ကြက်သွန်နီ ၂ ကျပ်သား
ဂေါ်ဖီပန်း၂ ကျပ်သား
ဘိုစားပဲ ၂ ကျပ်သား
ပန်းငရုတ်ပွအစိမ်း ၂ ကျပ်သား
ပြောင်းဖူးအေ သး ၂ ခုပါဝင်ပစ္စည်းများကို ပုံထဲကအတိုင်းလှီးထားပါ
အရသာ
ခရုဆီထမင်းစားဇွန်း ၁ ဇွန်း
ပဲငံပြာရည်အပျစ် ၁ တီးဇွန်း
ပဲငံပြာရည်အကျဲ ၁ ထမင်းစားဇွန်း
သကြား ၁ အချိုမှုန့် ၁ ဆီမွှေးအနည်းငယ်
ကြက်သွန်မြိတ် အနည်းငယ် ငရုတ်သီးအခြောက်တောင့် ၅ တောင့်
ကြော်နည်း
အရင်ဆုံး အသားကို ကြက်သားမှုန့်အနည်းငယ် ဆီမွှေးငရုတ်ကောင်း ပဲငံပြာရည်အပျစ်အနည်းငယ်ထည့်နယ်ပြီး ကော်မှုန့်အနည်းငယ်ထည့်နယ်ပြီး ဆီပူပူ ဆီများများမှာထည့်ကြော်ပါ
အသားကျက်လောက်ပြီဆိုမှ ငရုတ်သီးခြောက်အတောင့်နှင့်အသီးရွက်တွေကို ၃မိနစ်လောက် ထည့်ကြော်ပြီး ဇကာနဲ့ဆီပြန်ဆစ်ထားပါ
အရသာစပ်မယ်အိုးထဲမှာ ဆီအနည်းငယ်ထည့်ပါ
နုတ်နုတ်စင်းထားတဲ့ ကြက်သွန်ဖြူနဲ့ အမျှင်လှီးထားတဲ့ဂျင်းအနည်းငယ်ထည့်ပါ အနည်းငယ်နွမ်းအောင်ကြော်ပါ
အရသာတွေအကုန်ထည့်ပြီး မွှေပါ ဆီပူထိုးထားတဲ့အသီးရွက်တွေထည့်ပါ ရေအနည်းငယ်ထည့်ပြီး သမအောင်မွှေပါ
ဆီမွှေးထည့်မယ် ကြက်သွန်မြိတ်ထည့်မယ် မီးပျင်းပျင်းလေးနဲ့ အနည်းငယ်ကြော်ပေးလိုက်ရင်တော့ အနံ့အရမ်းမွှေးပြီး
စားလို့အရမ်းတဲ့ ကုန်းဘောင်ကြီးကြော်ရပါပြီခင်ဗျာ
#ကိုချက်
18/02/2025
အိမ်ကကော်ခွက်တွေကို ဖင်လှန်ကြည့်ပါ
ပလပ်စတစ်အသုံးအဆောင်တွေကို ရည်ရှည်သုံးမယ်၊ အကြိမ်ကြိမ် ထည့်မယ်၊ သုံးမယ်လို့ ရည်ရွယ်ထားရင် ဖင်ကိုသာ လှန်ကြည့်လိုက်ပါ။
အောက်ခြေတနေရာမှာ အထူးသဖြင့်ဖင်မှာ
တြိဂံလေးထဲမှာ 1 ကနေ 7 အထိဂဏန်းတလုံးနဲ စာ ၂လုံး၊ ၃လုံး ပါတာကို တွေ့ရပါမယ်။ အဓိပ္ပါယ်တွေကတော့...
1 ဆိုရင်...
(PET or PETE ) သုံးတဲ့ပလတ်စတစ်အမျိုးအစားပါ သူကတခါပဲ သုံးလို့ရပါတယ်။ ထပ်ခါသုံးရင် အောက်စီဂျင်နဲပေါင်းမယ်။ နေရောင်ခြည် အပူရှိန်နဲ့တွေ့ရင် အဆိပ်ပစ္စည်းတွေ ရေထဲကိုပျော်ဝင်စေပါတော့တယ်။
ရေသန့်ဘူးနဲ့အချိုရည် တော်တော်များးများ ကိုဒီလိုဗူး နဲ့ထည့်ပါတယ်။ ပြန်လည်း အသုံးများပါတယ်။ မသုံးစေချင်ပါ။ အန္တရာယ် အရမ်းများပါတယ်။
3 / 7 ဆိုရင်...
(PVC or PC) အဆိပ်ဓာတုတွေထွက်ပြီး စားစရာ ရေတို့အတွင်းသို့ ဝင်နိုင်လို့ တခါပဲ သုံးသင့်ပါတယ်။
2 / 4 ဆိုရင်... (HDPE or LDPE ) POLYETHELENE နဲ့လုပ်ထားလို့အကြိမ်ကြိမ်သုံးနိင်ပါတယ်။
5 ဆိုရင်... ( PP )
-----------
POLYPROPYLENE နဲ့လုပ်ထာလို့တကြိမ်မကသုံးနိုင်ပါတယ်။
သိထားရင် အသုံးဝင်ပါတယ်။ မသိရင် အန္တရာယ်အရမ်းရှိပါတယ်။ အများသိအောင် ဖြန့်ဝေပေးပါ။
Via Winn Aung
Via Tint Naing
Click here to claim your Sponsored Listing.
Category
Address
Yangon
11006