Your Style Solution

Your Style Solution

Share

Photos from Your Style Solution's post 25/01/2021

hello, အားလုံးပဲမင်္ဂလာပါ 💕
ဆံပင်ဆိုတာ ဒုတိယမျက်နှာပါတဲ့ရှင်
ချစ်သော YSser လေးတွေထဲမှာ ဆံပင်ကာလာဆိုးရတာ အရမ်းရူးသွပ်တဲ့သူတွေများရှိမလား 🧐
မရူးသွပ်လည်း အခု‌ပြောပြပေးမယ့် ဆံပင်အရောင်လေးတွေကိုကြည့်ပြီးတာနဲ့ ဆံပင်ဆိုးချင်စိတ် ဖြစ်သွားကြမယ်လို့ထင်ပါတယ်

ဟုတ်ပါတယ် ဒီpostလေးကတော့ 2021အတွက် Trendဖြစ်နေတဲ့hair colourလေး‌တွေအကြောင်းပါ
Trendy colourလေးတွေအကုန်လုံးက အရမ်းလှနေတာမို့ ကိုယ်နဲ့ လိုက်ဖက်မယ့် အရောင်လေးတွေကို စိတ်‌ကြိုက်လေ့လာပြီး စိတ်ကြိုက်ဆိုးပစ်လိုက်လို့ရပြီပေါ့ 😍

ဒါနဲ့ Ysser လေးတို့ တစ်ခုသတိထားမိကြရဲ့လား
ဒီ2021မှာ ဒီလှိုင်းကောက်လေးတွေက
အဖြောင့်တွေထက်စာရင် ပိုလူကြိုက်များပြီး trendဖြစ်နေတာပါတဲ့နော်
အဲ့ဒါဆို ဆံပင်ကာလာ လှလှလေးတွေဆိုးပြီး လန်းလို့ရအောင် ပုံတစ်ပုံချင်းစီမှာ သေချာရှင်းပြပေးထားတာမို့ အခုပဲ ကြည့်လိုက်ကြရအောင်........

ချစ်ခြင်းအားဖြင့်
Your Style Solution

23/01/2021

Hello, အားလုံးပဲမင်္ဂလာပါ ❤️
အခုရက်ပိုင်း ရာသီဥတုကတော်တော်လေးအေးလာတယ်နော် 🥶
ချစ်သော YSser လေးတွေရော ကိုယ့်ကိုကိုယ် နွေးနွေးထွေးထွေးနေဖို့ ဂရုစိုက်ဖြစ်ရဲ့လား...

ဒီဆောင်းရာသီတွေမှာ အလန်းဆုံးနဲ့နွေးထွေးစေဖို့ဆိုရင် Winter Fashionလေးတွေကလည်းလိုအပ်လာပြီပေါ့..ချမ်းနေလည်း လန်းနေရမယ်လေနော်😉

ဆောင်းရာသီမှာ အထာကျကျနဲ့ လန်းချင်တဲ့
ယောင်္ကျားလေးတွေအတွက် ဒီVlogလေးက အထောက်အကူဖြစ်စေမယ်လို့ ယုံကြည်ပါတယ်
ဘယ်လိုအလန်းစားoutfitမျိုးလေးတွေဝတ်ပြသွားမလဲဆိုတာ Your Style Solution Teamနဲ့အတူတူ အခုပဲကြည့်လိုက်ကြရအောင် ❄️❤️

Special Thanks to Khant C Thu

ချစ်ခြင်းအားဖြင့်
Your Style Solution

25/12/2020

Merry Christmas To You All 🎄☃️
ချစ်တဲ့ ချစ်သောလေးတို့
ပျော်ရွှင်ပါစေ၊ နွေးထွေးပါစေ
အမြဲတမ်းလင်းလက်တောက်ပနိုင်ပါစေလို့
Your Style Solutionမှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်🎄❤️

ချစ်ခြင်းအားဖြင့်
Your Style Solution

Photos from Your Style Solution's post 24/12/2020

Hello, Your Style Solution page မှ ချစ်သောလေးတို့ကိုကြိုဆိုလိုက်ပါတယ်
တို့နိုင်ငံမှာရာသီဥတု ၃ မျိုးရှိတာလူတိုင်းသိကြပေမယ့် အဲ့လိုရာသီအလိုက်ဝတ်ဆင်ကြရမယ့်အရောင်လေးတွေရှိတာကိုရောသိကြပါသလား?
YSSရဲ့ချစ်သောလေးတို့ကို အခုပြောပြပေးမှာက New York Fashion Week ကနေထုတ်ပြန်လိုက်တဲ့ 2020/2021 ဆောင်းရာသီမှာ Trend ဖြစ်နေတဲ့, Trend ဖြစ်လာမယ့် Color လေးတွေပဲဖြစ်ပါတယ်။
ဒီနှစ်ဆောင်းအတွက် Colorလေးတွေက ၁၄ ရောင်တောင်ရှိတယ်တဲ့ ။ ဘာအရောင်လေးတွေဖြစ်မလဲ ကြည့်လိုက်ကြရအောင်. . .

ချစ်ခြင်းအားဖြင့်
Your Style Solution

Let's make
your perfect fashion with us❤️

Want your business to be the top-listed Clothing Store in Yangon?
Click here to claim your Sponsored Listing.

Category

Website

Address


851/A, Thayaykhittayar 23 Street, 5 Quarter, South Okkalapa Township
Yangon