DSS - Real Estate Service

DSS - Real Estate Service

Share

Photos from DSS - Real Estate Service's post 03/12/2024

အခု ကိုးရီးယားမှာ ရုတ်တရက်ထုတ်လိုက်တဲ့ မာရှယ်လောကြောင့် အခု လွှတ်တော်ထဲမှာ ပြည်သူတွေက လွှတ်တော်ထဲ စစ်သားတွေ မဝင်နိုင်အောင် ပိတ်ထားပေးလို့ အခြေအနေတွေတင်းမာနေပါတယ်
စစ်သားတွေက လွှတ်တော်ထဲဝင်ဖို့ ပြတင်းပေါက်မှန်တွေခွဲပြီး ဝင်ဖို့လုပ်နေပါတယ် ….

24/03/2024

ဂရန်မြေကို ဝယ်ယူလျှင်

➢ အဆင့်(၁၀)ဆင့်လုပ်ဆောင်မှသာ ပြီးပြည့်စုံပါသည်။

➢ ဤ(၁၀)အဆင့်ကို(၁)ဆင့်မ ျှ ဈေးမဆစ်ပါနှင့် အခက်အခဲတွေပေါ် လာလိမ့်မည်။
(အတွေ.အကြုံကိုရေးတာပါ။)

➢ အရောင်းအဝယ်စရန်ကြီး(စရန်ငွေ)မပေးမီ(၃)ဆင့် လုပ်ဆောင်ရပါမည်။

1. ဘယ်လောက်ပင်ရင်းနှီးကြပါစေ၊ ဂရန်မိတ္တူကိုယူ၍ စည်ပင်မှာစစ်ဆေးပါ။

2. စရန်ကြီးပေးခါနီး မူရင်ဂရန်ကိုမြင်တွေ.ရမှသာလ ျှင် စရန်ချပါ။

3. စရန်ချပြီးသည်နှင့်တပြိုင်နက်နိုင်ငံပိုင်သတင်းစာတွင် ကန်.ကွက်ရန်ရှိ/မရှိ ကြော်ငြာထည့်ပါ။

➢ ၄-မျိုး ရမှငွေပြေချေပါ။

1. အရောင်းအဝယ်ပြုလုပ်ရန်အတွက်ထုတ်ယူထားသော မြေပုံမြေရာဇဝင်။

2. မူရင်းဂရန် အမည်ပေါက်ထံမှ SP။

3. မူရင်းဂရန်နှင့် ဆက်စပ်စာချုပ်များ။

4. မြေကွက်နှင့် တိုက် လက်ရောက်ရယူပါ။

➢ ဝယ်ယူပြီးနောက် ၃-ဆင့်။

1. တန်ဘိုးလျော့ချုပ်သည့်စာချုပ်တစ်ဆောင်နှင့် မြေပုံမြေရာဇဝင်ကို “ရာဖြတ်” တင်ပါ။

2. “ရာဖြတ်” ၏၊ သတ်မှတ်တန်ဖိုးအရ “အခွန်တော်ခေါင်း” နှင့် “မှတ်ပုံတင်ကြေး” တို.ဖြင့်မှတ်ပုံတင်စာချုပ်ချုပ်ဆိုပါ။

3. အားလုံးပြီးမှ မြို.တော်စည်ပင်တွင် “ဂရန်” နှင့် “မြေကွက်” အမည်ပြောင်းပါ။

Credit :🙏🙏🙏ဆရာ ကြည်စိုးIC

09/01/2024

ဂရန်မြေဝယ်မယ်ဆိုရင်ရောင်းသူ/ ဝယ်သူ သိထားသင့်သော အခွန်ကိစ္စ
စာချုပ်သွားချုပ်ရင် ရောင်းသူကို ရောင်းခွန်ဆောင်ဖို့ ၊ အရောင်းမြေပုံကူးပေးဖို့ အမြဲပြောရတယ် ။
စာချုပ် ချုပ်တိုင်း ရှင်းရတဲ့ ကိစ္စ
ရောင်းခွန် / ဝယ်ခွန်ဆောင်ပြီး အိမ်ခြံမြေတွေ ပိုင်ဆိူင်နိုင်ကြပါစေ

အိမ်ခြံမြေတစ်ခု ဝယ်တဲ့အခါ.. အထူးသဖြင့် ဂရန်မြေတွေကို ဝယ်ယူတဲ့အခါ.. မဖြစ်မနေ ဆောင်ရမဲ့ အခွန် ၂ မျိုးရှိပါတယ်။ ပထမ တစ်ခုက ရောင်းသူက ဆောင်ရမဲ့ ရောင်းခွန် ဖြစ်ပြီး၊ ဒုတိယ တစ်ခုက ဝယ်သူက ဆောင်ရမဲ့ ဝယ်ခွန် ဖြစ်ပါတယ်။

👉 ရောင်းခွန်ကတော့ အိမ်ခြံမြေရောင်းချတဲ့ အခါ ရရှိလာတဲ့ အမြတ်အစွန်းရဲ့ ၁၀ ရာခိုင်နှုန်းကို အခွန်ပေးရပါတယ်။ ဥပမာ - ဦးဖြူက မြေကွက်တစ်ကွက်ကို ၂၀၂၀ မှာ သိန်း ၁၀၀၀ နဲ့ ဝယ်ခဲ့တဲ့ မြေကွက်ကို ၂၀၂၄ မှာ သိန်း ၅၀၀၀ နဲ့ ပြန်လည်ရောင်းချခဲ့တယ်ဆိုရင် သူရရှိတဲ့ အမြတ်အစွန်းက သိန်း ၄၀၀၀ ဖြစ်ပါတယ်။ ဒါကြောင့် ဒီအမြတ်အစွန်း သိန်း ၄၀၀၀ ရဲ့ ၁၀ ရာခိုင်နှုန်း သိန်း ၄၀၀ ကို အခွန်ဆောင်ရမှာ ဖြစ်ပါတယ်။

👉 ဝယ်ခွန်ကတော့ ဝယ်သူဘက်က ဆောင်ရမှာ ဖြစ်ပြီး ပေးဆောင်ရမဲ့ နှုန်းထားတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။
• ငွေကျပ်သိန်းတစ်ထောင်အထိ ၃ ရာခိုင် နှုန်း။
• ငွေကျပ်သိန်းတစ်ထောင် မှ ငွေကျပ်သိန်း ငါးထောင်အထိ ၅ ရာခိုင်နှုန်း။
• ငွေကျပ်သိန်း ငါးထောင်မှ၊ ငွေကျပ်သိန်း တစ်သောင်းအထိ ၁ဝ ရာခိုင်နှုန်း။
• ငွေကျပ်သိန်းတစ်သောင်း မှ ငွေကျပ်သိန်းတစ်သောင်း ငါးထောင်အထိ ၂ဝ ရာခိုင်နှုန်း
• ငွေကျပ်သိန်းတစ်သောင်း ငါးထောင်တစ်ကျပ်နှင့် အထက် ၃ဝ ရာခိုင်နှုန်း ထမ်းဆောင်ရမည် ဟု သတ်မှတ်ထားပါတယ်။
ဝယ်ခွန်ဆောင်တဲ့အခါမှာ အခွန်သက်သာစေတဲ့ နည်းလမ်းကတော့ ဝင်ငွေရလမ်းကို ဖေါ်ပြနိုင်ပြီး အခွန်ဆောင်ထားတယ်ဆိုရင် တော့ အိမ်ခြံမြေဝယ်တဲ့အခါ ဆောင်ရတဲ့အခွန်က သက်သာပါတယ်။

👉 ဒီအခွန်ကိစ္စတွေကို ရောင်းသူ ဝယ်သူကြား ရှင်းရှင်းလင်းလင်း ဖြစ်အောင် စရန်စာချုပ် ချုပ်ဆိုကတည်းက ရောင်းသူက ရောင်းခွန်ဆောင် ဝယ်သူက ဝယ်ခွန်ဆောင်ရပါမယ်လို့ အတိအလင်း ရေးသားပြီး စာချုပ်ချုပ်ဖို့ လိုပါတယ်နော်

Want your practice to be the top-listed Law Practice in Yangon?
Click here to claim your Sponsored Listing.

Telephone

Website

Address


North Dagon
Yangon