Your Legal Partner - YLP

Your Legal Partner - YLP

Share

21/10/2025

လင်ခိုးမှု (OR) စနိုက်ကြော်များကြောင့် စိတ်ညစ်နေကြတဲ့ သူများအတွက် ဗဟုသုတအနေနဲ့ မျှဝေပေးလိုက်ပါတယ်... 😉😉

**တလင်တမယားပုဒ်မ(၁၀) ဥပဒေတရပ်အရ ဖြစ်စေ ကိုးကွယ်ရာဘာသာတရားအရဖြစ်စေ ဓလေ့ထုံးတမ်းအရဖြစ်စေလင်နှင့်မယားတဦး သို့မဟုတ် တဦးထက်ပို၍ ထိမ်းမြားပြီးသည့် ယောကျာင်္း သို့မဟုတ် မိန်းမသည် အဆိုပါလက်ထပ်မှု အတည်ဖြစ်နေစဉ် အတွင်း တလင်တမယားဥပဒေ အာဏာတည်သည့်နေ့မှစပြီး အခြားသူတဦး နှင့်ထပ်မံထိမ်းမြားခြင်းမပြုရ သို့မဟုတ် လင်မယားအဖြစ်တရားမဝင်နေထိုင်ခြင်းမပြုရ...

**တလင်တမယားပုဒ်မ(၁၂) ဥပဒေတရပ်အရဖြစ်စေ ကိုးကွယ်ရာဘာသာအရဖြစ်စေ ဓလေ့ထုံးတမ်းအရဖြစ်စေ ထိမ်းမြားမှုအတည်ဖြစ်နေစဉ်ထပ်မံထိမ်းမြားခြင်းမပြုရ သို့မဟုတ်လင်မယားအဖြစ်တရားမဝင်ပေါင်းသင်းနေထိုင်ခြင်းမပြုရ...

မည်သူမဆိုပုဒ်မ (၁၀) (၁၂)ကိုဖောက်ဖျက် ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားရင် ထောင်ဒဏ် ခုနှစ်နှစ်ထက်မပိုသော ထောင်ဒဏ်ကို ချမှတ်ရပြီး ငွေဒဏ်ပါကျခံရပါမယ်...

(၄၉၇)အရ လင်ရှိမယား ကိုလူပျိုလူလွတ်က ခိုးယူပေါင်းသင်ရင်ရာဇသတ်ကြီးပုဒ်မ အရ စွဲဆိုခြင်းခံရပါမယ်...

လင်ရှိမယားကလဲတလင်တမယားဥပဒေအရအရေးယူခံရပါမယ်...

မယားရှိလင်ကို အပျိုမိန်းကလေး ဘီယာ ဆိုင်ကမိန်းကလေး စနိုက်ကြော်က ခိုးယူပေါင်းသင်းရင် မယားရှိလင်က တလင်တမယားဥပဒေအရအရေးယူခံရပြီး စနိုက်ကြော်က ကခုန်နေပါလိမ့်မယ် မမျှတသေးတဲ့ဥပဒေပေါ့...

မယားခိုးမှုရှိပြီး လင်ခိုးမှုမရှိဘူးလားဆိုတော့ သတ်သတ်မှတ်မှတ်ပြဌာန်းထားတာမရှိသေးလို့ပါ...

ဥပဒေအရတော့ရှိပါတယ်...

ရာဇသတ်ကြီးပုဒ်မ(၁၁၄) ပြုလုပ်မှုသို့မဟုတ် ပြစ်မှုကျူးလွန်ရာတွင်မိမိကိုယ်တိုင်မရှိခဲ့လျှင်အားပေးကူညီသုအဖြစ်ဖြင့်သာပြစ်ဒဏ်ချမှတ်ခြင်းခံရမည်သူသည်အားပေးကူညီမှုကြောင့်မိမိပြစ်ဒဏ်ချမှတ်ခြင်းခံရမည့်ပြုလုပ်မှုကို သို့မဟုတ် ပြစ်မှုတခုကိုတဦးတယောက်သောသူကကျူးလွန်သောအခါ မိမိကိုယ်တိုင်ရှိနေခဲ့လျှင်ထိုသူသည်ထိုပြုလုပ်မှု သို့မဟုတ် ထိုပြစ်မှုကိုကိုယ်တိုင်ကျူးလွန်သကဲ့သို့ကျူးလွန်သည်ဟုယူဆခြင်းခံရမည် ...

ရာဇသတ်ကြီးပုဒ်မ(၃၆)အရ ပြုလုပ်မှုဖြစ်စေ ပျက်ကွက်မှုဖြစ်စေအကျိုးသက်ရောက်စေခြင်းသို့မဟုတ် ထိုသို့သက်ရောက်ရန်အားထုတ်ခြင်းသည် ပြစ်မှုမြောက်လျှင် ပြုလုပ်မှုတစိတ်တဒေသ နှင့်ပျက်ကွက်မှုတစိတ်တဒေသတို့ ပေါင်းခြင်းဖြင့်အကျိုးသက်ရောက်စေခြင်းသည် ထိုပြစ်မှုမြောက်သည်ဟုမှတ်ယူရမည်ထိုပြုလုပ်သည့် ....

ရာဇသတ်ကြီးပုဒ်မ(၄၀)အရ ပုဒ်မ ၁၁၄သည် ဟမည်သည့်ရာဇသတ်ကြီးဥပဒေ အထူးဥပဒေ ဒေသန္တာရဥပဒေအရဖြစ်စေ တွဲဖက်တရားစီရင်ထိုက်သည်ဟုအတိအလင်း ပြဌာန်းထားသည်...

ဒါဆို တလင်တမယားဥပဒေပုဒ်မ(၁၃)က အထူးဥပဒေဖြစ်နေပါတယ် မယားရှိလင်ကို အပျိုမိန်းကလေးက သဘောတူခိုးယူပေါင်းသင်ရင် တလင်တမယားဥပဒေ(၁၃)ကို အပျိုမိန်းကလေးကပြစ်မှုမြောက်အောင် အားပေးကူညီနေသလို ပြစ်မှုကျူးလွန်သောသူက ကျူးလွန်သောအခါ မိမိကိုယ်တိုင်ရှိနေခဲ့လျှင်ပင် အားပေးကူညီသလိုဖြစ်နေပြီးဖြစ်လို့ တလင်တမယားဥပဒေ (၁၃/၁၁၄)အရ အရေးယူနိုင်ပါမယ်...

တလင်တမယားဥပဒေအရ ထောင်ဒဏ် ခုနှစ် နှစ်ဆို စနိုက်ကြော်လဲ ခုနှစ်နှစ်ကျပြီပေါ့... 😎

သာယာပျော်ရွင်တဲ့ မိသားစုဘဝများကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုမွန်ကောင်း တောင်းပေးပါတယ်ရှင် ...


#ဗဟုသုတ

ဥပဒေရေးရာကိစ္စရပ်များဆွေးနွေးလိုပါက

☎️09-755850375

🏠 Thingangyun

Want your practice to be the top-listed Law Practice in Yangon?
Click here to claim your Sponsored Listing.

Category

Website

Address


Yangon