TMEC Yangon

TMEC Yangon

Share

S*x Education (Age by Age) 19/04/2022

⭐သားပဲဖြစ်စေ သမီးပဲဖြစ်စေ သူ့အရွယ်အလိုက် သိသင့်သိထိုက်တဲ့ s*x educationကိုမိဘကပေးပေးရမယ်။
⭐ကိုယ့်သားသမီးကို ကိုယ်ကလွဲ၍မည်သူနှင့်မျှ မည်သည့်နေရာကိုမှလက်လွတ်စပယ်မလွှတ်ပါနှင့်။
⭐မိဘကိုယ်တိုင်လည်း ကိုယ်ကိုယ်တိုင်၏နေထိုင်ပြောဆိုမှူနှင့်ပတ်ဝန်းကျင်ကိုကြည့်ရှူထိန်းသိမ်းပါ။
⭐ကိုယ့်သားသမီးမျာကိုကိုယ့်ပေါ့လျော့မှူကြောင့်သားကောင်ဘဝမရောက်ပါ​စေနှင့်။

https://www.facebook.com/media/set/?set=a.738806806300235&type=3&sfnsn=mo

S*x Education ဆိုတာနဲ့ မသိနားမလည်တဲ့သူတွေက မကောင်းတာသင်တယ်လို့ထင်ကြတယ်။ S*x Education ဆိုတာ ဖိုမဆက်ဆံနည်းသင်တာမဟုတ်ပါဘူး။ "S*x Education ဆိုတာဘာလဲ" ဆိုရင် ...

- ကလေးလေးတွေငယ်စဉ်မှာ သူတို့ကိုယ်သူတို့ကာကွယ်စောင့်ရှောက်တတ်ဖို့

- သူတို့ကိုသူများက မသင့်တော်တဲ့နေရာကို ထိတယ်ကိုင်တယ်ဆိုရင် ပြန်ပြောတတ်ဖို့

- မိဘများအနေနဲ့ မိမိကလေးကို ဘယ်လိုကာကွယ်စောင့်ရှောက်ရမယ်ဆိုတာသိရှိစေဖို့

- ဆယ်ကျော်သက်အရွယ်မှာတော့ လူတွေဟာ ဘယ်လိုနည်းနဲ့မျိုးပွားသလဲ

- အန္တရာယ်ကင်းတဲ့ လိင်ဆက်ဆံခြင်းဆိုတာ ဘယ်လိုမျိုးလဲ

- သားသမီးရဲ့အပျို/လူပျိုဘဝကို အိမ်ထောင်မကျခင်အထိ ထိန်းသိမ်းစေချင်ရင် ဘယ်လိုနေ ဘယ်လိုထိုင်ဆိုတာမျိုးအပါအဝင်

အသက်အရွယ်အလိုက် သူတို့သိသင့်တာလေးတွေကို သင်ပေးတာကိုပြောတာဖြစ်ပါတယ်။

ကျွန်မတို့ မြန်မာနိုင်ငံမှာ ကိုယ့်ကလေးတွေကို S*x Education လုံးဝမလုပ်သလောက်ပဲ။ ကလေးတွေနဲ့မိဘအကြား S*x အကြောင်း၊ ကိုယ်ဝန်အကြောင်းပြောရမှာကို ရှက်စရာလို့ သတ်မှတ်ထားကြတယ်။ အဲဒီအကျိုးဆက်ကနေ မိဘတွေကလဲမသိနားမလည်၊ ကလေးကိုကာကွယ်ရမှန်းမသိ၊ သင်ပေးရမှန်းမသိ၊ ဆယ်ကျော်သက်ကလေးတွေကလဲ မသိနားမလည်နဲ့ တခါတလေလေး အထိအတွေ့ဖြစ်ခဲ့ရင်တောင်မှ ကယ်ရာကူရာမဲ့ဖြစ်ကြတယ်။ ရောဂါပိုးကူးရင်ကူး၊ မကူးရင် ကိုယ်ဝန်ရှိ၊ ယူဖို့အစီအစဉ်ကမရှိသေး၊ ဒုက္ခတွေရောက်၊ မိဘအရှက်ကွဲ၊ ကလေးဖျက်ချ၊ တခြားပြဿနာတွေတက်။ အိုး .. ဖြစ်လိုက်တဲ့ပြဿနာတွေမှ အများကြီးပဲ။ အကယ်၍မိဘကသာ S*x Education လေးနည်းနည်းပေးခဲ့မယ်ဆို မဖြစ်မယ့်ဟာတွေပေါ့။

🍀 တကယ်တမ်းမှာ S*x Education အကြောင်းနားလည်ထားတဲ့ကလေးဟာ သူ့အတွက်ဒီဟာတွေက ကြားဖူးနားဝဖြစ်ပြီး နားလည်နေတာမို့လို့ မကြားဖူးထားတဲ့ကလေးတွေထက်တောင်မှ လိင်ကိစ္စထိတွေ့ရာမှာပိုနောက်ကျပြီး ပိုထိန်းသိမ်းနိုင်ကြပါတယ်။ 🍀

ကလေးတွေကို S*x Education ပေးတယ်ဆိုတာ တစ်ခါထဲ တစ်ထိုင်ထဲပြောရုံနဲ့ပြီးတဲ့ကိစ္စမဟုတ်ပါဘူး။ ကြုံရင်ကြုံသလို၊ မကြာခဏဆိုသလို ထပ်ခါထပ်ခါပြောပေးရမယ့်ကိစ္စဖြစ်ပါတယ်။ S*x Education လို့ပြောတဲ့အခါမှာ မိဘတွေအနေနဲ့ ဘယ်လိုပြောရမလဲ၊ ဘာတွေပြောရမလဲ၊ ဘယ်အချိန်မှာပြောရမလဲစသဖြင့်မေးခွန်းတွေ အများကြီးရှိကြပါတယ်။

S*x Education ဆိုတာမှာ ကိုယ့်ကလေးအသက်အရွယ်အလိုက် သူနားလည်လောက်မယ့်စကားလုံးအသုံးအနှုန်းမျိုးတော့ ရွေးချယ်တတ်ဖို့လိုတယ်။ ၅ နှစ်သားအရွယ်မှာ ၅နှစ်သားနားလည်မယ့်စကားလုံးမျိုးနဲ့ပြောပြီး၊ ဆယ်ကျော်သက်မှာ ဆယ်ကျော်သက်နားလည်လောက်မယ့်စကားလုံးမျိုးရွေးချယ်ရမှာပါ။ မိဘက ရှက်ကိုးရှက်ကန်း၊ အမ်းတမ်းတမ်းနဲ့ပြောနေရတာမျိုးလဲ မဖြစ်သင့်ဘူး။ အဲဒီလိုနေရခက်တဲ့အချိန်တွေမရှိဘူးပြောတာမဟုတ်ဘူး၊ ရှိမှာပါ။ ဒါပေမယ့် ကိုယ်က လေသံအေးအေးနဲ့ပြောနိုင်ဖို့ ကြိုးစားရမှာပါ။

ကိုယ်ကမသင်ထားရင် သူအပြင်ကကြားမယ်။ အပြင်မှာလေ့လာမှာပဲ။ အခုခေတ်လို ဘာသိချင်လဲ၊ ဘာကြည့်ချင်လဲ သိပ်လွယ်တဲ့ခေတ်ကြီးမှာ ကျွန်မတို့သားသမီးတွေ တခြားနေရာက အမှားတွေမလေ့လာခင် ကျွန်မတို့က အရင်ဦးဆုံး သူသိသင့်သိထိုက်တာတွေ သင်ထားပေးရမယ်။

ဘယ်အရွယ်မှာ ဘာတွေသင်ထားရမယ်ဆိုတာကို အသက်အရွယ်အလိုက်ရေးထားပါတယ်။ တခုချင်းစီသေချာဖတ်ပေးပါ။

Jessica Mozart (အေးအေးမျိုးဆက်)

Reference: www.heysigmund.com

Share ချင်ရင် Share နိုင်ပါတယ်။

Want your school to be the top-listed School/college in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


Ground Floor, Shwe Laung Street
Yangon
11111