SIAM THAI

SIAM THAI

Share

21/05/2024

မြန်မာနိုင်ငံ ရဲ့ အိမ်နီးချင်းနိုင်ငံတွေထဲမှာ တစ်ခုအပါအဝင်ဖြစ်တဲ့ ထိုင်းနိုင်ငံဟာလည်း စိတ်ဝင်စားစရာ အကြောင်းအရာတွေ အများကြီး ရှိလို့နေပါတယ် ။ ဘယ်လိုအရာတွေက စိတ်ဝင်စားစရာကောင်းနေလဲဆိုတာကို SIAM THAI မှ ဖော်ပြပေးလိုက်ပါတယ် ♥️

✅ ထိုင်းနိုင်ငံရဲ့ ဘုရင်စနစ်

ထိုင်းနိုင်ငံဟာ ဥရောပလက်အောက်ခံ ကိုလိုနီမဖြစ်ခဲ့တဲ့ တစ်ခုတည်းသော အရှေ့တောင်အာရှနိုင်ငံ ဖြစ်ပါတယ် ။ အခုချိန်ထိ ဘုရင်စနစ်လည်း ရှိနေသေးပြီး နှစ်ပေါင်း ၇၀ ကျော်ကြာ စိုးစံခဲ့တဲ့ ထိုင်းဘုရင် ဘူမိဘောဟာ ကမ္ဘာ့နန်းသက်အရှည်ဆုံး ဘုရင်ဖြစ်ပါတယ် ။ ထိုင်းနိုင်ငံသူ / သား တွေဟာ ထိုင်းတော်ဝင်မိသားကို အလွန်အလေးထားကြပြီး တော်ဝင်မိသားစုဝင်တစ်ယောက်ကို စော်ကားခြင်းက နိုင်ငံတော်ပုန်ကန်မှု မြောက်တယ်လို့ ယူဆထားကြပါတယ် ။

✅ ထိုင်းနိုင်ငံမှာ ရှိတဲ့ တိရစ္ဆာန်များ

ကမ္ဘာ့တိရစ္ဆာန်မျိုးစိတ်ရဲ့ ဆယ်ပုံတစ်ပုံက ထိုင်းနိုင်ငံမှာ တည်ရှိပါတယ် ။ အမွှေးတိုတို/နားရွက်မည်းမည်း/မျက်လုံးပြာပြာနဲ့ ယိုးဒယားကြောင်တွေ ၊ တန်ဖိုးကြီးအန်ဖတ်ကို ထုတ်ပေးနေတဲ့ ဇီဝဇိုးငှက်လေးတွေ ၊ ကုန်းပေါ်မှာ လမ်းလျှောက်နိုင်တဲ့ ငါးမျိုးစိတ်တွေ ၊ နှစ်ဂရမ်သာရှိတဲ့ ကမ္ဘာ့အသေးဆုံးဝက်နှာခေါင်းလင်းနို့ ၊ ၇ ပေရှည်တဲ့ ပုတ်သင်မျိုးတို့ဟာ ထိုင်းနိုင်ငံမှာရှိပါတယ် ။ ထိုင်းနိုင်ငံရဲ့ရေပိုင်နက် ပင်လယ်ပြင်မှာလည်း ကမ္ဘာ့အကြီးဆုံး ဝေလငါးမျိုးစိတ်တွေ ကျက်စားလျက်ရှိပါတယ် ။

✅ ထိုင်းနိုင်ငံရဲ့ မျောက်အစာကျွေးပွဲတော်

ထိုင်းနိုင်ငံ ၊ လော့ဘူရီဒေသမှာ မျောက်အစာကျွေးပွဲတော်ကို နှစ်စဉ်ကျင်းပကြပါတယ် ။ မျောက်တွေကို ထမင်း ၊ ရာသီပေါ်သီးနှံတွေ ၊ အသုပ်မျိုးစုံ ၊ အသားချောင်းအမျိုးမျိုး ၊ ရေခဲမုန့် စတဲ့ အစာတွေကျွေးမွေး‌လေ့ကြပါတယ် ။

✅ ထိုင်းနိုင်ငံရဲ့ ရိုးရာဓလေ့

ထိုင်းနိုင်ငံက ဗုဒ္ဓဘာသာ အမျိုးသားတိုင်းဟာ တစ်သက်မှာ တစ်ခါတော့ သာသနာ့ဘောင်ကို ဝင်ရောက်လေ့ရှိပါတယ် ။ အာရှနိုင်ငံအများစုက ခေါင်းကို အထွတ်အမြတ်ထားပြီး ခြေထောက်ကို နိမ့်ကျတယ်လို့ ယူဆထားကြပါတယ် ။ ထိုင်းနိုင်ငံမှာလည်း လူတစ်ယောက်ရဲ့ ဦးခေါင်းကို ထိတွေ့ကိုင်တွယ်တာကို ရိုင်းစိုင်းတဲ့အပြုအမှုလို့ ယူဆထားကြပါတယ် ။ လူအများကြားနဲ့ ဘာသာရေးဆိုင်ရာ နေရာတွေမှာ ထိုင်တဲ့အခါ ခြေထောက်ကို ပုဆစ်တုပ်ထားလေ့ရှိတာကလည်း ထိုင်းရဲ့ ရိုးရာဓလေ့ တစ်ခုဖြစ်ပါတယ် ။

✅ ထိုင်းနိုင်ငံရဲ့ ပထမဆုံးဆိုတဲ့စံချိန်များ

ထိုင်းနိုင်ငံဟာ ကမ္ဘာ့ပထမဆုံး ကိုယ်ချင်းဆက်အမွှာရဲ့ ဇာတိဖြစ်ပါတယ် ။ အဲ့ဒီအမွှာကို ၁၈၁၁ ခုနှစ်မှာမွေးဖွားခဲ့တာ ဖြစ်ပါတယ် ။ ကမ္ဘာမှာ သစ်ခွအများဆုံးတင်ပို့တဲ့ နိုင်ငံဟာလည်း ထိုင်းနိုင်ငံ ဖြစ်သလို Red Bull အချိုရည်ကိုလည်း ထိုင်းနိုင်ငံမှာပဲ ပထမဆုံးအကြိမ် ထုတ်လုပ်ခဲ့ပါတယ် ။

ဒါတွေကတော့ ထိုင်းနိုင်ငံရဲ့ စိတ်ဝင်စားစရာ အကြောင်းအရာလေးတွေ ဖြစ်တာကြောင့် SIAM THAI မှ မျှဝေဖော်ပြပေးလိုက်တာ ဖြစ်ပါတယ် ။

18/05/2024

အရှေ့တောင်အာရှ နိုင်ငံတစ်ခုဖြစ်တဲ့ ထိုင်းနိုင်ငံဟာ
ခရီးသွား လည်ပတ်စရာ နေရာများစွာရှိတဲ့ နိုင်ငံတစ်ခုပါ 🥰

လူကြီးမင်းတို့အနေနဲ့ ထိုင်းနိုင်ငံကို ရောက်ဖြစ်မယ်ဆိုရင် ဘယ်လိုနေရာတွေကို သွားလည်ချင်လဲ 🤔

( ၁ ) ပင်လယ်ကမ်းခြေတွေ

( ၂ ) တောင်တန်းတွေ

( ၃ ) သမိုင်းဝင် ဘုရားကျောင်းတွေ

( ၄ ) အစားအသောက် ဈေးတန်းတွေ

ဘယ်လိုနေရာတွေကို သွားပြီး လည်ပတ်ချင်လဲဆိုတာကို Comment မှာ ‌ဖြေခဲ့လို့ရပါတယ် 🤩

30/04/2024

"ထိုင်းနိုင်ငံကိုရောက်တဲ့အခါ မဖြစ်မနေစမ်းစားကြည့်သင့်တဲ့ ထိုင်းရိုးရာအစားအစာ ( ၄ ) မျိုး"

ထိုင်းရိုးရာအစားအစာတွေဟာ ထူးခြားတဲ့ ပါဝင်ပစ္စည်း‌တွေ၊ ဟင်းချက်နည်းတွေနဲ့ စိတ်ဝင်စားဖို့ကောင်းပြီး မြန်မာခံတွင်းနဲ့လည်း အတော်လေးပနံသင့်တာကြောင့် ထိုင်းရောက်ဖြစ်ရင် Try ကြည့်သင့်တဲ့ Thai Traditional Food တွေအကြောင်းကို Siam Thai က Recommend ပေးသွားပါမယ် 💙

ဖက်ကဖောင်း ❤️

ထိုင်းရိုးရာအစားအစာတွေထဲ နာမည်အကြီးဆုံးဖြစ်တဲ့ Pad Kra Pao ဟာဆိုရင် နုပ်နုပ်စင်းထားတဲ့ဝက်သားကို ကြက်သွန်ဖြူ/နီ၊ ငရုတ်သီး၊ ပဲသီးစိမ်းနဲ့ ထိုင်းပင်စိမ်းတို့ လှိုင်လှိုင်ထည့်ကြော်ထားပြီး ထမင်းပူပူနဲ့တွဲစားရတဲ့ နာမည်ကျော်ထိုင်းအစားအစာဖြစ်ပြီး ကမ္ဘာလှည့်ခရီးသွားတွေကြားမှာလည်း ရေပန်းစားပါတယ် 🍛

ကြက်အုန်းနို့ချဉ်စပ်ချက် 🤍

Tom Kha G*i လို့ အမည်ရတဲ့ ဒီဟင်းပွဲကတော့ ကြက်ရင်ပုံသားကို အုန်းနို့များများနဲ့ နှပ်ပြီး အာရှမှို၊ ဂျင်း၊ စပါးလင်၊ ရှောက်ရွက်၊ ငရုတ်သီး၊ နံနံမြစ်စတဲ့ ဟင်းခတ်အမွှေးအကြိုင်‌တွေ ထည့်ချက်ထားတဲ့ ထိုင်းရိုးရာဟင်းပွဲတစ်မျိုးဖြစ်ပါတယ်။ လတ်ဆတ်တဲ့မွှေးရနံ့တွေနဲ့ ချဉ်ချဉ်စပ်စပ်၊ ချိုချိုမွှေးမွှေးအရသာကြောင့် လူကြိုက်များပါတယ်။

ထိုင်းထမင်းကြော် 🧡

Khao Pad လို့ခေါ်တဲ့ ထိုင်းရိုးရာထမင်းကြော်ဟာဆိုရင် ထမင်းကို ပုစွန်၊ ကြက်သား၊ အမဲသား၊ ဝက်သား စတဲ့ နှစ်သက်ရာအသားတစ်မျိုးမျိုး (သို့) အသီးအရွက်တွေနဲ့ သက်သက်လွတ်ကြော်ထားတဲ့ ထိုင်းစတိုင်ထမင်းကြော်ဖြစ်ပါတယ်။ ဈေးချိုသလို အရသာလည်းရှိတာကြောင့် ထိုင်းနိုင်ငံအနှံ့အပြားမှာ အလွယ်တကူရရှိနိုင်ပါတယ်။

ငါးဆားအုံးကင် 💛

ထိုင်းငါးဆားအုံးကင်ဆိုတာက ကက္ကတစ်ငါး (သို့) တီလားဗီးယားငါး တစ်မျိုးမျိုးကို သန့်စင်ပြီး ပါးစပ်ကနေတစ်ဆင့် စပါးလင်၊ ဆွမ်းမွှေးရွက် စတဲ့ အ‌မွှေးအကြိုင်အရွက်တွေကို ငါးဗိုက်ထဲ ထိုးသိပ်ထည့်ပြီး ငါးတစ်ကောင်လုံးကို ဆားများများနဲ့အုံးပြီး ကင်ပြီးတဲ့အခါ အပေါ်ယံအရေခွံကို ခွာချပြီး မုန့်ဖတ်၊ ဆလပ်ရွက်၊ ဂေါ်ဖီ၊ မုန်ညှင်းဖြူ၊ နံနံပင် စတဲ့ အရွက်တွေရယ် ချဉ်၊ ငံ၊ စပ်ဆော့စ်ရယ်နဲ့ တွဲဖက်စားသုံးရတဲ့ အစားအစာတစ်မျိုးပါ။

ထိုင်းနိုင်ငံကို ရောက်ဖြစ်တဲ့အခါ ဒီအစားအစာ ( ၄ ) မျိုးကို မဖြစ်မနေ Try ကြည့်သင့်ပါတယ်။ Tourists တွေကြား ရေပန်းစားပြီး နာမည်ကျော်ကြားတဲ့ဟင်းပွဲတွေဖြစ်တာကြောင့် ထူးခြားတဲ့အရသာတွေကို မလွတ်တမ်းခံစားပြီး အတွေ့အကြုံကောင်းတွေ ဖန်တီးကြည့်ဖို့ Siam Thai က Recommend ပေးလိုက်ပါတယ် 💁🏻💙

27/04/2024

ပူပြင်းတဲ့ ရာသီဥတု​မှာ လူကိုယ်တိုင်အပြင်ထွက်ပြီး ငွေလွှဲငွေထုတ် လုပ်ဖို့ဆိုတာက အချိန်ကုန်လူပင်ပန်းပြီး ထင်ထားသလောက် မလွယ်ကူပါဘူး 🙅🏻‍♀️

ဒီလိုအချိန်မှာ အိမ်မှာနေရင်း သက်တောင့်သက်သာ ငွေလွှဲနိုင်ဖို့က လူကြီးမင်းတို့ရဲ့အိပ်မက်ဆိုရင် ဒီအတွက် Siam Thai က အသင့်ရှိနေပါပြီ 🥳

သက်တမ်း (၂)နှစ်ကျော် ကြာမြင့်ပြီဖြစ်တဲ့ Siam Thai ဟာဆိုရင် ငွေလွှဲငွေထုတ် ဝန်ဆောင်မှုများကို အမြန်ဆန်ဆုံးနဲ့ အမှန်ကန်ဆုံး ဝန်ဆောင်မှုပေးနေတဲ့ Money Exchange Service တစ်ခုပဲ ဖြစ်ပါတယ် 🏦💸

ထိုင်းကနေမြန်မာ၊ မြန်မာကနေထိုင်း ငွေလွှဲငွေထုတ်ဝန်ဆောင်မှု မှန်သမျှကို ရာခိုင်နှုန်း (လုံးဝ)မယူဘဲ ဆောင်ရွက်ပေးနေတာကြောင့် Siam Thai နဲ့သာဆို ပမာဏ ဘယ်လောက်များများ စိတ်တိုင်းကျ လွှဲနိုင်ထုတ်နိုင်မှာ ဖြစ်ပါတယ် 💯

ဒါ့အပြင် မြန်မာနိုင်ငံမှာရှိတဲ့ Mobile Banking များ၊ ထိုင်းနိုင်ငံမှာရှိတဲ့ Bank များအားလုံးနဲ့လည်း ချိတ်ဆက်ပေးထားတာဖြစ်လို့ အိမ်မှာနေရင်း ငွေလွှဲငွေထုတ် အလွယ်တကူလုပ်နိုင်ဖို့အတွက်ဆို Siam Thai ကိုသာ ယုံကြည်စိတ်ချလိုက်ပါ 💁🏻‍♀️🖤

💬 Exchange Rate အပြောင်းလဲရှိတဲ့အတွက်ကြောင့် Up To Date ဖြစ်နေတဲ့ဈေးနှုန်းများကို Page Messenger မှာ လာရောက်စုံစမ်းမေးမြန်းနိုင်ပါတယ်။

Want your business to be the top-listed Finance Company in Yangon?
Click here to claim your Sponsored Listing.

Website

Address


ShweBoneThar Street, Panbedan Township
Yangon