Akary Hostel

Akary Hostel

Share

17/12/2025

💕💕ဧကရီလေးများအားလုံး မင်္ဂလာပါရှင် 💛

✍️အခုလိုမျိုးအစစအရာရာ တိုးတက်မြင့်မားနေတဲ့ခေတ်ကာလကြီးမှာ ...

✍️ဧကရီလေးတို့အနေနဲ့ အောင်မြင်စွာ လျှောက်လှမ်းနိုင်ဖို့၊ သူများနည်းတူ ရင်ဘောင်တန်း​ဆောင်ရွက်နိုင်ဖို့ ဆိုတာတစ်ကယ်ကို အရေးပါပါတယ်။

✍️ဒါကြောင့် အဲဒီအတွက် လိုအပ်မယ့်အချက်လေးတွေကို ဒီနေ့ပို့(စ်)လေးမှာ မင်မင်တို့မျှဝေပေးချင်ပါတယ်။

✍️ဟိုးအရင်တည်းက လူငယ်တွေအများစုဟာ မဖြစ်မနေအတန်းထဲမှာ အမှတ်များရမယ်၊ စာကြိုးစားရမယ် ဒါမှဘဝအောင်မြင်မယ်ဆိုပြီး ယုံကြည်ထားကြပါတယ်။

✍️တစ်ဖက်မှာစဉ်းစားကြည့်ရင်တော့ … Academic Skills တွေ အရေးပါတယ်ဆိုတာ ငြင်းပယ်လို့ မရသလို ပညာရေးသာမကဘဲ ကိုယ့်ရဲ့ဘဝတစ်လျှောက်လုံး အသုံးပြုရမယ့် “Life Skills” ဆိုတာလည်း ထပ်တူထပ်မျှ အရေးကြီးတယ်ဆိုတာကို လုံးဝမေ့ထားလို့ မရပါဘူးနော်။

🍀အောက်မှာဖော်ပြထားတာကတော့ ၂၁ ရာစုမှာ ဧကရီလေးတို့လိုအပ်မယ့် အဓိကကျတဲ့ Life Skills (Soft+Hard Skills) အချို့ဘဲ ဖြစ်ပါတယ်။

✔️Communication Skills
ပေါင်းသင်းဆက်ဆံရေးကောင်းမွန်ခြင်းဟာလည်း လုံခြုံနွေးထွေးတဲ့ပတ်ဝန်းကျင်ကောင်းကိုဖန်တီးနိုင်ပြီးနိုင်တဲ့အပြင် ကိုယ်လုပ်ကိုင်နေတဲ့ ဘယ်လိုနယ်ပယ်မျိုးမှာမဆို လိုအပ်သလိုအထောက်အပံ့​များပေးစွမ်းနိုင်မယ့် Network ကောင်း တွေကိုရရှိနိုင်ပါတယ်။

✔️ Teamwork Skill
လုပ်ငန်းခွင်ဘဲဖြစ်ဖြစ် ကျောင်းမှာဘဲဖြစ်ဖြစ် နေရာတိုင်းမှာ တက်ညီလက်ညီပူးပေါင်းဆောင်ရွက်နိုင်တဲ့အရည်အချင်းရှိတာဟာလည်း ကိုယ့်အတွက်အားသာချက်တစ်မျိုးဘဲဖြစ်ပါတယ်။

✔️ Critical Thinking and Problem-Solving Skillအရာရာကြောင်းကျိုးဆက်စပ်တွေးခေါ် ဝေဖန်ပိုင်းခြားနိုင်စွမ်းရှိခြင်း၊ ပြဿာနာတွေကို ချက်ကျလက်ကျဖှေင်းနိုင်ခြင်းဟာ နေ့စဉ်ဘဝမှာ ကိုယ်လုပ်လိုက်တဲ့ အလုပ်မှန်သမျှကို အမှားကင်းစင်ပြီး တိကျမှန်ကန်စေတဲ့အတွက် ကိုယ့်ရဲ့နေထိုင်မှု lifestyle ဟာလည်း အဘက်ဘက်ကနေ စေ့စပ်ပြီးပြည့်စုံလာပါလိမ့်မယ်။ ကိုယ်ရှိနေတဲ့ ပတ်ဝန်းကျင်မှာလည်း ခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်လာနိုင်ပါတယ်။

✔️Time Management Skill ရည်မှန်းချက်ပန်းတိုင်ရောက်ဖို့အတွက် မနှောင့်နှေးစေဖို့ အချိန်ကိုတတ်နိုင်သလောက်အကျိုးရှိအောင်စီမံခန့်ခွဲနိုင်ရန်လိုပါတယ်။

✔️ Emotional Intelligence ကိုယ်စိတ်ခံစားမှုကိုနားလည်ပြီးထိန်းချုပ်နိုင်ရုံသာမက တခြားတွေရဲ့စိတ်ခံစားချက်ကိုနားလည်ပြီးလူတွေနဲ့ပြေပြစ်စွာဆက်ဆံနိုင်ခြင်းဟာလည်း အောင်မြင်မှုရဲ့ သော့ချက်တစ်ခုဘဲ ဖြစ်ပါတယ်။

✔️Digital & Technology Skill
• Computer Basic (MS Word, Excel, PowerPoint)
• Internet & Digital Literacy
• Coding / Programming (Scratch, Python, etc.)
• Graphic Design / Video Editing အခြေခံ
• AI နဲ့ Technology အသိပညာအခြေခံ တွေရှိသင့်ပါတယ်

✔️Business Skills
• Accounting အခြေခံ
• Excel for Business
• Digital Marketing
• Online Business Management တို့ကို နားလည်ထားခြင်းဖြင့် ကိုယ်ကိုတိုင်အလုပ်လုပ်တဲ့အခါမှာသာမက တစ်ခြားသူတွေကို Management လုပ်တဲ့အခါမှာလည်း များစွာကောင်းကျိုးပြုနိုင်ပါတယ်။

✔️Language Skill
🇬🇧အင်္ဂလိပ်စာ အတွက် 4 Skills, IELTS / TOEFL တွေလေ့လာနိုင်သလို အခြားသော🇨🇳 တရုတ်စာ၊ 🇯🇵 ဂျပန်စာ အစရှိတဲ့ အနာဂတ်အလုပ်အကိုင်အတွက် အခွင့်အလမ်းတိုးစေမယ့် language တွေကိုလေ့လာထားမယ် ဆိုရင်တော့ ကိုယ်ဟာ International Level အထိပါပါဝင်လုပ်ကိုင်ဆောင်ရွက်နိုင်ဖို့ အခွင့်အရေးတွေ ရရှိနိုင်ပါတယ်။

🍀အခုမင်မင်တို့ Sharing လုပ်သွားတဲ့ Life Skills လေးတွေ ဖတ်ပြီး …ဧကရီလေးတို့အနေနဲ့ဘယ်လို Life Skill လေးတွေကို ဦးစားပေးလေ့လာရမလဲဆိုရင်တော့ …

🍀ကိုယ်သဘောကျနှစ်သက်ပြီး ဝါသနာပါရဲ့လား?
🍀ကိုယ်ကိုယ်တိုင် ကျွမ်းကျင်တတ်မြောက်မှုရှိရဲ့လား?
🍀ကိုယ့်အတွက် Income Source တစ်ခုဖြစ်နိုင်ရဲ့လား?
🍀အများကိုအကျိုးရှိစေမလား?
ဆိုတဲ့ မေးခွန်းလေးတွေနဲ့ စဉ်းစားချင့်ချိန်ကြည့်လို့ရပါတယ်ရှင်။

🍀ကိုယ့်အတွက် အသုံးဝင်တဲ့ Life Skills တွေကို သိပြီဆိုရင် Course/Diploma သင်တန်းတွေ၊ Extracurrcular activities/projects တွေ၊ Challenge ပြိင်ပွဲတွေ အစရှိသည်တို့မှတစ်ဆင့် လေ့လာတတ်မြောက်သင်ယူနိုင်ပါတယ်။

🍀အဆုံးသတ်အနေနဲ့ ပြောရမယ်ဆိုရင်တော့ ဧကရီလေးတို့ဟာ Academic skill အပြင် ကိုယ်နဲ့ကိုက်ညီတဲ့ Life skillတွေကို ရွေးချယ်တတ်ကျွမ်းအသုံးချနိုင်ပြီး တောက်ပတဲ့ အနာဂတ်လေးတွေကို ဖန်တီးနိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်ရှင့်။



ျိုသမီးသီးသန့်အဆောင်

01/11/2025

Mediaကြောင့် စိတ်ဖိစီးမှုများမဖြစ်အောင် နေထိုင်နည်း

💕💕ဧကရီလေးများအားလုံးဘဲ...မင်္ဂလာပါရှင့်

✍️ဒီနေ့မျှဝေပေးမှာကတော့ social media ကြောင့်စိတ်ပင်ပန်းမှုတွေ မဖြစ်အောင် ဆောင်ရွက်ရမည့် နည်းလမ်းလေးတွေကိုမျှဝေပေးသွားမှာဖြစ်ပါတယ်

✍️ယနေ့ခေတ်မှာ အသက်အရွယ်မရွေး Social media ကို အသုံးပြုကြပါတယ်...

🍀Social Media ဆိုတာ
✔️မိသားစု၊မိတ်ဆွေသူငယ်ချင်း၊လုပ်ဖော်ကိုင်ဖက်များနဲ့ အချိန်မရွေး၊နေရာဒေသမရွေးလွယ်ကူလျှင်မြန်စွာဆက်သွယ်နိုင်ခြင်း

✔️သတင်းအချက်အလက်နဲ့ပညာရပ်ပိုင်းဆိုင်ရာအကြောင်းအရာများ၊ဗဟုသုတရရှိစေမည့်အကြောင်းအရာများ ကို လွယ်လွယ်ကူကူရှာဖွေရရှိနိုင်ခြင်း

✔️ပညာသင်ကြားရေးရာတွင်လည်းOnline course၊Tutorials၊Study groupsများဖြင့် မိမိအိမ်မှသင်ကြားနိုင်ခြင်းစသော လူမှုရေး၊စီးပွားရေး၊ပညာရေး၊ကျန်းမာရေး နယ်ပယ်အစုံတွင်အကျိုးရှိသကဲ့သို့

🍀Social Media အသုံးပြုခြင်းကြောင့်

✔️အချိန်ကို မထိန်းချုပ်နိုင်ခြင်း
✔️အနာဂတ်ရည်မှန်းချက်အပေါ်အာရုံစူးစိုက်မှုလျော့နည်းခြင်း
✔️လူမှုဆက်ဆံရေးအားနည်းလာခြင်း
✔️စိတ်ကျရောဂါဝင်လာခြင်း
✔️ကိုယ်ရေးကိုယ်တာအချက်အလက်တွေမျှဝေမိမှန်းမသိမျှဝေမိရင်းကမိမိအတွက်အန္တရာယ်ရှိလာခြင်း စသောဆိုးကျိုးများစွာရှိလာပါတယ်...

✍️Social Media အသုံးပြုသူတိုင်းကြုံတွေရတဲ့
Social media ပေါ်က အဆိပ်အတောက်
ဖြစ်စေတဲ့စကားတွေ၊ စိတ်မသက်မသာဖြစ်စေတဲ့အကြောင်းအရာတွေကြောင့် စိတ်ပင်ပန်းလာ ရတတ်ပါတယ်။

✍️ဒါပေမဲ့ စိတ်ပင်ပန်းမှုတွေ ကိုဖယ်ရှားပြီး စိတ်အေးအေးနဲ့ နေထိုင်တတ်ဖို့ကလဲအရေးကြီးပါတယ်

✔️စိတ်ပင်ပန်းမှုတွေကိုဖယ်ရှားပြီး စိတ်အေးချမ်းမှုကိုပြန်ရှာတွေ့ဖို့အတွက် နည်းလမ်းလေးတွေကိုမျှဝေပေးလိုက်ပါတယ်...

✍️စိတ်ပင်ပန်းမှု ကိုဖယ်ရှားဖို့ နည်းလမ်း (8) ချက်

❇️အာရုံမစိုက်ပါနဲ့။

✍️စိတ်ညစ်စရာ post တွေကိုဖတ်လိုက်ရင် “ဒီအရာက ကိုယ်ဘဝ နဲ့ ပတ်သက်လား?” လို့ ကိုယ်ကိုကိုယ်မေးကြည့်ပါ။ မသက်ဆိုင်ရင် scroll လုပ်လိုက်ပါ။

❇️Negativity ကိုတုံ့ပြန်ခြင်းမလုပ်ပါနဲ့။
✍️တစ်စုံတစ်ယောက်ရဲ့ မကောင်းပြောတဲ့ comment တွေကို မတုံ့ ပြန်လိုက်ခြင်းက
စိတ်သက်သာမှုကိုရစေပြီး နောက်ဆက်တွဲ ပြဿာနာတွေကို‌ ဖြေရှင်းပြီးသားဖြစ်သွားပါတယ်။

❇️အေးချမ်းမှုကိုရွေးချယ်ပါ။
✍️Social media ရဲ့ သဘောတရားအရ အကြောင်းအရာတစ်ခု ကို စိတ်ဝင်တစားဖတ်မိ ၊ ကြည့်မိခဲ့ရင်ကိုယ့်ဆီကို အဲဒီအကြောင်းနဲ့တူတဲ့ အကြောင်းအရာတွေကိုပဲ News Feed မှာ ပြသပေးတဲ့အတွက် စိတ်ညစ်စရာအရာတွေမှာ မျောပါမသွားဘဲ စိတ်သက်သာစရာအရာတစ်ခုလုပ်ပါ။
ဥပမာ – တရားထိုင်ခြင်း၊ သီချင်းနားထောင်ခြင်း၊ စာဖတ်ခြင်း၊ လမ်းလျှောက်ခြင်း၊ လေ့ကျင့်ခန်းလုပ်ခြင်း။

❇️အနားယူပါ။
✍️တစ်ခါတစ်လေ social media အသုံးပြုတာ ခဏရပ်လိုက်ပါ။
✍️တစ်နေ့တစ်နာရီပဲဖြစ်ဖြစ် စိတ်ထဲမှာအေးချမ်းမှု ပြန်ရောက်လာပါလိမ့်မယ်။

❇️Feed ကိုပြန်လည်သတ်မှတ်ပါ။
✍️Facebook “Feed Preferences” ထဲကနေ သင်ကြည့်ချင်တဲ့အကြောင်းအရာ အမျိုးအစားတွေကို
ရွေးနိုင်ပါတယ်။
(ဥပမာ – motivation, art, mindfulness စတဲ့အကြောင်းအရာတွေ)

❇️Comment Control သုံးပါ။
✍️မလိုအပ်တဲ့စကားလုံးတွေကို “Filter” ထဲထည့်လိုက်ခြင်းက ကိုယ့်စိတ်ကိုအေးချမ်းအောင်နေထိုင်ခြင်းပါ။

❇️Positive pages & creators ကို Follow လုပ်ပါ။
Positive vibe ရစေသောစကား၊ မျှော်လင့်ချက်တွေဖြစ်တဲ့ content တွေကိုပဲကြည့်ပါ။

❇️Digital boundary တစ်ခုပြုလုပ်ပါ။
✍️နေ့တစ်နေ့ Social media အချိန်ကို သတ်မှတ်လိုက်တာက စိတ်ကိုပိုအေးချမ်းစေပြီး အချိန်ကိုအကျိုးရှိစွာအသုံးပြုလိုက်ခြင်းဖြစ်ပါတယ်

💕💕ဧကရီလေးတို့လဲ Social Media ကို အကျိုးရှိစွာအသုံးပြု ပြီး စိတ်ဖိစီးမှုများမှ ကင်းဝေးပါစေနော်...


#အမျိုးသမီးသီးသန့်အဆောင်

11/09/2025

💕💕ဧကရီလေးများအားလုံးဘဲ မင်္ဂလာပါရှင် …

✨️မကြာခင်မှာဘဲ မင်မင်တို့ မြန်မာလူမျိုးတွေအားလုံး အထွဋ်အမြတ်ထားရတဲ့ “ဝါလကင်းလွတ် သီတင်းကျွတ် အခါသမယ” ကို ရောက်ရှိလာတော့မှာ ဖြစ်ပါတယ်ရှင်။

🎉သီတင်းကျွတ်ဆိုတာဟာ ကိုယ့်ရဲ့ မိသားစုဝင်တွေ၊ မိတ်ဆွေသူငယ်ချင်းတွေ၊ ချစ်ရသူတွေနဲ့ ပျော်ပျော်ရွှင်ရွင် အမှတ်တရအချိန်တွေဖန်တီးပြီး မေတ္တာမျှဝေရမယ့် အချိန်လေးဘဲ ဖြစ်ပါတယ်နော်။

✴️ဒါကြောင့်လည်း မင်မင်တို့ Akary Hostel ကနေ ဧကရီလေးတွေအတွက် အကောင်းဆုံးသောလက်ဆောင်မွန် ဖြစ်နိုင်မယ့် “Thadingyut Special Promotion” လေးကို စီစဉ်ထားပါတယ်။

✨️အခုလာမယ့် သီတင်းကျွတ်ကနေစပြီး

✔️ တက္ကသိုလ်ကျောင်းနှင့်အသက်မွေးဝမ်းကျောင်းသင်တန်း တက်ရောက်နေသူများအတွက်
✔️ကျောင်းသူ၊ သင်တန်းသူဖြစ်ကြောင်းအထောက်အထားတစ်ခုခု (ဥပမာ - IDကဒ်) ပြရုံဖြင့်

✴️Akary Hostel က အဆောင်လခကို 7% - 10% ထိတောင် လျော့ချပေးသွားမှာဘဲ ဖြစ်ပါတယ်နော်။

💢မင်မင်တို့ ပြောပြပေးသွားတဲ့ Thadingyut Promotion လက်ဆောင်လေးဟာ သီတင်းကျွတ်ကာလတစ်ခုတည်းမှာတင် မဟုတ်ဘဲ ...

✨️ဘဝမှာရပ်တည်ဖို့ ပညာရှာဖွေနေကြတဲ့ ဧကရီလေးတွေရဲ့ ပညာသင်ယူစဉ်ကာလတစ်လျှောက်လုံးမှာ Akary Hostel ကနေ

🍀မေတ္တာစေတနာထားပြီး ကူညီထောက်ပံ့သွား မှာပဲဖြစ်ပါတယ်ရှင်။

🍀ဒါကြောင့်ဘဲ ဧကရီလေးတို့အနေနဲ့ အခုလိုမျိုး အချိန်အခါသမယကောင်းမှာ ရရှိလာတဲ့ ကောင်းမွန်တဲ့ အခွင့်အရေးကို လက်လွှတ်မခံလိုက်ဘဲ အမြန်ဆုံးလှမ်းယူဆုပ်ကိုင်နိုင်ဖို့အတွက် Akary Hostel ကနေ ဖိတ်ခေါ်လိုက်ပါတယ်။

🍀ဧကရီလေးတို့အားလုံး ဘဝအောင်မြင်မှုတွေကိုဆွတ်ခူးနိုင်ပြီး ပျော်ရွှင်ဖွယ်သီတင်းကျွတ်ကာလလေးဖြစ်ပါစေလို့ ဆုမွန်ကောင်း တောင်းအပ်ပါတယ်ရှင်။
အသေးစိတ်သိရှိလိုလျှင်
📞09400077792,09400077793 ကိုဆက်သွယ်မေးမြန်းလို့ရပါတယ်ရှင့်💕💕

Photos from Akary Hostel's post 27/07/2025

💕💕ဧကရီလေးများအားလုံး မင်္ဂလာပါရှင် 💛

🍀ဒီအပတ်မှာ မင်မင်တို့အနေနဲ့ ...ဧကရီလေးတို့ရဲ့

#အနာဂတ်ရည်မှန်းချက်တွေအတွက်

အကျိုးရှိအောင်မြင်စေမယ်လို့ ယုံကြည်မိတဲ့ ပို့(စ်)လေးတစ်ခုကိုထပ်ပြီးမျှဝေပေးချင်ပါတယ်။
————————————
“From Betrayal To Breakthrough”

ဒီနေ့ မျှဝေချင်ပေးချင်တဲ့ အကြောင်းလေးကတော့
အချစ်ကြောင့် နာကျင်ခဲ့ရပေမယ့်…

မခံချင်စိတ်တစ်ခုကြောင့် အရမ်းကိုချမ်းသာတဲ့ စီးပွါးရေးလုပ်ငန်းပိုင်ရှင်သူဌေးမကြီး ဖြစ်လာတဲ့

-Corcoran ရဲ့အကြောင်းဘဲ ဖြစ်ပါတယ်။

✍ မောင်နှမ ဆယ်ယောက်နဲ့အတူ ကြီးပြင်းလာခဲ့ရတဲ့ Barbara ဟာ ငယ်စဉ်ကတည်းက ဘဝစိန်ခေါ်မှုတွေကို ကြုံတွေ့ခဲ့ရပါတယ်။

✍ ဖခင်ဖြစ်သူက အလုပ်နားလိုက်ရတဲ့အတွက် စီပွါးရေးအခြေအနေလည်း အဆင်မပြေခဲ့ပါဘူး။

✍ဒါကြောင့် အစားအသောက်၊ နေရာထိုင်ခင်းအိပ်ရာကအစ အရာရာတိုင်းကို အမြဲတမ်းမျှဝေသုံးစွဲပြီး ခြစ်ခြစ်ကုတ်ကုတ် နေထိုင်ခဲ့ရပါတယ်။

✍သူမမှာ စာရေးစာဖတ်ရာမှာ အခက်အခဲဖြစ်တဲ့ Dyslexia ရောဂါရှိတဲ့အတွက် ကျောင်းမှာအမြဲနောက်ကောက်ကျနေပြီး စာညံ့တဲ့ ကလေးတစ်ယောက်လို့ဘဲ သတ်မှတ်ခံခဲ့ရတာပေါ့။

✍ဒီလိုနဲ့ Barbara တစ်ယောက်ကျောင်းပြီးသွားပြီး Education ပညာရပ်နဲ့ဘွဲ့ရခဲ့ပါပြီ။

✍ နောက်ပိုင်းမှာတော့ ဆရာမ၊ စားပွဲထိုး၊ အိမ်ခြံမြေအကျိုးဆောင် အစရှိတဲ့ အလုပ်ပေါင်း (၂၀) ကျော်ကို လုပ်ကိုင်ရင်းနဲ့ဘဲဘဝကို ရုန်းကန်ခဲ့ရပါတယ်။

❤️ အချစ်နဲ့ စီးပွားရေးကို တစ်ပြိုင်နက်တည်း စတင်ခဲ့ခြင်း

✍၂၃ နှစ်အရွယ်မှာတော့ Barbara ဟာ သူမရဲ့ဘဝကိုအကြီးမားဆုံးပြောင်းလဲစေမယ့် ချစ်သူ Ray Simone ဆုံတွေ့ခဲ့တယ်။

✍Barbara ကချစ်သူဆီက $1,000 ချေးငွေရခဲ့ပြီး နှစ်ယောက်ပေါင်းပိုင်တဲ့ Corcoran-Simone အိမ်ခြံမြေစီးပွါးရေးလုပ်ငန်းတစ်ခုကို ထူထောင်ဖန်တီးနိုင်ခဲ့ပါတယ်။

✍စီးပွါးရေးလည်းကောင်းလာသလို သူမရဲ့ချစ်သူနဲ့လည်း Apartment တစ်ခုဝယ်ပြီး ဘဝတစ်ခုကို အတူတူစတင်နိုင်ခဲ့တဲ့အတွက် တကယ်ကိုပျော်ရွှင်စရာအကောင်းဆုံးအချိန်တစ်ခု ဖြစ်ခဲ့တာပေါ့။

✍ဒါပေမယ့် သူမရဲ့ချစ်သူဟာ ထင်မှတ်စရာမရှိလောက်အောင် သူမရဲ့ Secretary နဲ့ဖောက်ပြန်ခဲ့ပါတယ်။

✍ဒါကိုသိသွားခဲ့တဲ့ သူမအနေနဲ့တော့ နောက်ကျောကို ဓားချွန်ချွန်နဲ့ အထိုးခံလိုက်ရသလိုပါဘဲ …

✍အဲ့ဒီနောက်ပိုင်းမှာတော့ တစ်ချိန်တုန်းအဆုံးမရှိချစ်ခဲ့ကြတဲ့၊ အတူတူဘဝကိုရင်ဆိုင်ကျော်လွှားခဲ့ကြတဲ့ ချစ်သူနှစ်ဦးဟာ...

✍ နှစ်ယောက်ပိုင်ဆိုင်ခဲ့တဲ့ စီးပွါးရေးလုပ်ငန်းကို တစ်ယောက်တစ်ဝက်ခွဲပြီး ...

✍ဘာမှမသက်ဆိုင်တော့တဲ့ သူစိမ်းတွေလိုဘဲ လမ်းခွဲခဲ့ရပါတော့တယ်။

✍Barbara လည်း စိတ်မကောင်းကြီးစွာနဲ့ဘဲ အိမ်ပေါ်ကနေဆင်းခဲ့ရပါတယ်။

💔 ရင်နာဖွယ် Betrayal တစ်ခုက သူမကို ဘယ်လိုမျိုး Millionaire တစ်ယောက်အဖြစ်ပြောင်းလဲပေးခဲ့လဲ❓

✍ရင်နာစရာအကောင်းဆုံးကတော့ သူမယုံကြည်ချစ်မြတ်နိုးခဲ့ရတဲ့ ယောက်ျားတစ်ယောက်ဟာ နောက်ဆုံးမှာတော့ သူမကို သစ္စာဖောက်လည်းဖောက်သေး၊ “မင်းကငါမရှိရင် ဘယ်တော့မှ အောင်မြင်နိုင်မှာမဟုတ်ဘူး” ဆိုတဲ့စကားကိုလည်း ပြောဆိုခဲ့တာပါဘဲ။

✍ဆုံးရှုံးမှုသာရရှိခဲ့ပေမယ့် မခံချင်စိတ်တစ်ခုနဲ့ သုညကနေစပြီး သူနေဖို့အတွက် Apartment အသစ်တစ်ခုကိုရှာခဲ့တယ်။ သူမမှာ တစ်ဝက်ကျန်ခဲ့တဲ့ ဝန်ထမ်း ၇ ယောက်နဲ့ အတူ Cocoran Group ဆိုတဲ့ အိမ်ခြံမြေလုပ်ငန်းလေးကို စတင်တည်ထောင်လိုက်ပြီး ရုန်းကန်ခဲ့ရတော့တာပါဘဲ။

✍သူမအနေနဲ့ဝန်ထမ်းအားလုံးကို မိသားစုလိုဘဲ နွေးနွေးထွေးထွေး ဆက်ဆံခဲ့တယ်။

✍ငွေလည်းမရှိ၊ ကျောထောက်နောက်ခံလည်းမရှိခဲ့တာကြောင့် လုပ်ငန်းပိုင်ရှင်ဆိုပေမယ့်လည်း တစ်အိမ်တက်တစ်အိမ်ဆင်း Strategy အမျိုးမျိုးနဲ့ Marketing တွေလုပ်ခဲ့ရတယ်။

✍ကြော်ညာစာရွက်တွေလည်းကိုယ်တိုင် Designဆွဲခဲ့သလို၊ လက်ကမ်းစာစောင်ဝေတာတွေကစပြီး Customer Service ထိ ဝန်ထမ်းတွေနှင့်အတူ ကိုယ်တိုင်ဆောင်ရွက်ခဲ့ပါတယ်။

✍ သူမဟာ သူမအမေရဲ့ ဆုံးမစကားလေးကို မမေ့ခဲ့ပါဘူး။
“If You Don’t Have Big Breasts, Put Ribbons on Your Pigtails”

✍ဒါကတော့ Barbara တစ်ယောက် စားပွဲထိုးလုပ်ခဲ့ရတုန်းက ရင်သားကြီးတဲ့ စားပွဲထိုးမိန်းကလေးတွေကို Customer တွေရဲ့ Attention နဲ့ Tip Money တွေပိုရနေခဲ့တဲ့အချိန်မှာ…

✍ရင်သားပြားကပ်ကပ်ဖြစ်နေတဲ့ Barbara ကတော့ Customer တွေရဲ့အမြင်မှာ မပေါ်လွင်နိုင်ဘူး ဖြစ်နေခဲ့တာပေါ့။

✍ဒီကိစ္စနဲ့ပက်သက်ပြီး သူမရဲ့အမေက ဘာပြောခဲ့လဲဆိုရင်တော့ …
“သမီးရေ၊ ကိုယ့်မှာ ရင်သားကြီးကြီးမရှိဘူးဆိုရင်လည်း ကိစ္စမရှိပါဘူး။ သမီးမှာ ဆံပင်ကောင်းကောင်းရှိနေတာဘဲ၊ ဆံပင်လေးကို နှစ်ဖက်ခွဲစီးပြီး ဖဲပြားလေးတွေချည်လိုက်ပေါ့” တဲ့။

✍သူမအမေပေးလိုက်တဲ့ အကြံဟာ တစ်ကယ်ကိုဘဲ အလုပ်ဖြစ်ခဲ့ပြီး သူမလည်း အဲ့ဒိအချိန်ကစပြီး Tip Money တွေပိုပြီးရလာတော့တာပါဘဲ။

✍ဒီတော့ သူမဟာ စီးပွါးရေးလုပ်တဲ့အချိန်မှာလည်း သူမရဲ့ Company ဟာ အခြားပြိုင်ဘက်တွေကြားမှာ ဘာကြောင့်လူတွေအသိအမှတ်အပြုခံရမှာလဲ? ဘယ်လိုမျိုး Customer တွေရဲ့ယုံကြည်မှုကို တည်ဆောက်ရမလဲ? ဆိုပြီးမေးခွန်းထုတ်ဖြစ်ခဲ့ပါတယ်။

✍သိပ်မကြာပါဘူး။ ဒီမေးခွန်းတွေအတွက် အကောင်းဆုံးအဖြေကို သူမတွေ့ရှိသွားခဲ့ပါတယ်။

✍1973-1974 မှာ “The Corcoran Report” ဆိုတဲ့ …New York တစ်မြို့လုံးရဲ့ ပျမ်းမျှအိမ်ခြံမြေဈေးကွက်ပေါက်စျေးတွေ၊ စျေးအတက်အကျတွေ၊ အရောင်းအဝယ်ဖြစ်မြောက်မှု အစရှိတဲ့ အချက်အလက်တွေ နဲ့ သူမရဲ့အတွေ့အကြုံတွေကို One Sheet Summary နဲ့ တိတိကျကျစုစည်းထားတဲ့ စာတမ်းကို သတင်းစာဂျာနယ်အားလုံးမှာ ထုတ်ဝေလိုက်တဲ့အချိန်မှာတော့

✍အဲ့ဒီခေတ်အခါ... မှာ
New York မြို့တစ်မြို့လုံးဟာ ဒီလိုမျိုး Report မျိုးကို တစ်ခါမှကို မတွေ့ခဲ့ဖူးပါဘူးသလို တစ်ခါမှလည်းမရှိခဲ့ပါဘူး။ ဒါဟာအားလုံးအတွက်တစ်ကယ်ကိုလည်း လိုအပ်ပြီး အသုံးဝင်တဲ့ Report တစ်ခုဖြစ်တဲ့အတွက် …

✍သူမဟာနေ့ချင်းညချင်းကိုဘဲ လူအများယုံကြည်ရတဲ့
"Real Estate Queen and Expert" တစ်ယောက်အနေနဲ့ နာမည်ကျော်ကြားသွားခဲ့တော့တာပါဘဲ။

✍သူမဟာ ပေါင်းသင်းဆက်ဆံရေးကောင်းမွန်ပြီး ဖြတ်ထိုးဉာဏ်ကောင်းသူတစ်ယောက်လည်း ဖြစ်တာကြောင့်နှစ်ပေါင်း ၂၅ နှစ်အတွင်းမှာ သူမ Corcoran Group ဟာလည်း New York မြို့မှာ ဝန်ထမ်းပေါင်း ၈၀၀ ကျော်နဲ့ အရမ်းကိုအောင်မြင်တဲ့ Company ကြီးတစ်ခုအဖြစ်ပြောင်းလဲသွားခဲ့ပါတယ်။

👑 အောင်မြင်ပြီးနောက် သူမရဲ့လုပ်ဆောင်ချက်များ

✍၂၀၀၁ ခုနှစ်မှာ သူမရဲ့ Corcoran Group ကို $66 Million နဲ့ ရောင်းချနိုင်ခဲ့ပါတယ်။

✍နောက်ပိုင်းမှာ သူမရဲ့ ဘဝအတွေ့အကြုံတွေ၊ စီးပွါးရေး အသိအမြင်တွေကို ရသစုံလင်စွာ ပေါင်းဆက်ပြီး “If You Don’t Have Big Breasts, Put Ribbons on Your Pigtails” (2003)၊ “Shark Tales: How I Turned $1,000 into a Billion-Dollar Business” (2011) … အစရှိတဲ့ ရောင်းအားအကောင်းဆုံးစာအုပ်တွေကိုလည်း ထုတ်ဝေရောင်းချနိုင်ခဲ့တာဘဲဖြစ်ပါတယ်။

✍လက်ရှိအချိန်မှာတော့ Shark Tank အစီအစဉ်ထဲက Investor တစ်ဦးအဖြစ် လူသိများလာခဲ့ပြီး အမျိုးသမီးစီးပွါးရေးသမားပေါင်း မြောက်များစွာအတွက် စံနမူနာယူစရာ ပုဂ္ဂိုလ်တစ်ယောက် ဖြစ်လာခဲ့ပါတော့တယ်။

✍သူမဟာ ဘယ်သူမှမပါဘဲနဲ့ သူမကိုယ်တိုင်တစ်ယောက်တည်းနဲ့ အောင်မြင်နိုင်တယ် ဆိုတာကို အကောင်းဆုံးသက်သေပြလိုက်နိုင်တာပါဘဲရှင်။

🌼 Barbara Corcoran ရဲ့ ဘဝကနေ ဘာသင်ခန်းစာတွေရနိုင်လဲ?

“ချစ်သူဖြစ်သူက ပစ်ခဲ့ရင်လည်း ကိုယ့်အိပ်မက်တွေကိုတော့ မပစ်လိုက်ပါနဲ့။”

✍အချစ်ဆိုတာ ဘဝရဲ့အရေးပါတဲ့ အစိတ်အပိုင်းတစ်ခုဖြစ်တဲ့အတွက် ချစ်ခြင်းမေတ္တာတွေကို မိန်းကလေးတွေအနေနဲ့ လိုလားကြပါတယ်။

✍သို့သော်လည်း “စိတ်ခံစားချက်တွေထဲမှာဘဲ အဆုံးမရှိ စိတ်ကိုမျောလိုက်မနေဘဲ ကိုယ့်ရဲ့ဘဝရည်မှန်းချက်တွေကိုလည်း အဓိပ္ပာယ်ဖော်ထားရှိသင့်ပါတယ်။”

✍ဒီလို ဘဝရည်မှန်းချက်တွေကို အကောင်အထည်ဖော်နေတုန်းမှာလည်း “သူတစ်ပါးရဲ့ Support မရှိဘဲနဲ့ ကိုယ်တစ်ယောက်တည်းဖြစ်ရမှာကိုတော့ မကြောက်ကြပါနဲ့။” ဘယ်လို Challengesတွေမျိုးဘဲဖြစ်ပါစေ၊ သတ္တိရှိရှိရင်ဆိုင်ဖြေရှင်းနိုင်မှဘဲ အောင်မြင်မှုဆိုတာလည်းရရှိမှာဘဲဖြစ်ပါတယ်။

✍ပြီးရင်တော့ “ကိုယ့်ရဲ့အားနည်းချက်တွေထက်စာရင် အားသာချက်တွေအပေါ် အဓိကအာရုံစိုက်ပြီး ဘယ်လိုတိုးတက်အောင်လုပ်မလဲ ဆိုတာကို စဉ်းစားသင့်ပါတယ်။”

✍နောက်ဆုံးအချက်ကလေးကတော့ “ကိုယ်ဖြတ်သန်းလာခဲ့ရတဲ့ အတွေ့အကြုံတွေကိုတိတိကျကျ မှတ်တမ်းတင်နိုင်မယ်ဆိုရင် နောင်တစ်ချိန်ချိန်မှာ ကိုယ့်အတွက်ဘဲဖြစ်ဖြစ်၊ ဘယ်သူ့အတွက်ဘဲဖြစ်ဖြစ် ကောင်းကျိုးပြုနိုင်မှာဘဲ ဖြစ်ပါတယ်နော်။”

✍ဒါကြောင့် အဆုံးသတ်အနေနဲ့ပြောရရင် မိန်းကလေးတွေအားလုံးအနေနဲ့ ကိုယ့်ရဲ့ဘဝမှာ ဘယ်လိုစိန်ခေါ်မှုမျိုးတွေဘဲရှိနေပါစေ လက်မလျော့လိုက်ဘဲ ကိုယ့်ကိုကိုယ်ယုံကြည်မှုအပြည့်နဲ့ ကြိုးစားဆောင်ရွက်ကြပြီး အောင်မြင်မှုတွေ ဆွတ်ခူးနိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ရှင်။

✍Barbara Corcoranနဲ့ပတ်သက်ပြီးပိုမိုလေ့လာချင်တယ်ဆိုရင်တော့ဒီlinkလေးတွေမှာဝင်ရောက်ကြည့်ရှုလို့ရပါတယ်နော်

Instagram: https://www.instagram.com/barbaracorcoran

Twitter: https://x.com/barbaracorcoran?lang=en

TikTok: https://www.tiktok.com/.corcoran?_t=ZS-8yLRKpGbg1o&_r=1

YouTube: https://www.youtube.com/

Website: https://www.barbaracorcoran.com

Credit to
Writing and Sharing by Thiri

22/06/2025

ဧကရီလေးများ အားလုံးဘဲ … မင်္ဂလာပါရှင်။

ဒီနေ့ မင်မင်တို့အနေနဲ့ ...ဧကရီလေးတို့ရဲ့
#အနာဂတ်ရည်မှန်းချက်တွေအတွက်

အကျိုးရှိအောင်မြင် စေမယ်လို့ ယုံကြည်မိတဲ့ ပို့(စ်)လေးတစ်ခုကိုမျှဝေပေးချင်ပါတယ်။
--------- * ------- * --------

to Opportunity

Sara Blakely ဆိုတဲ့အမျိုးသမီးတစ်ဦးဟာ
လေးတစ်ခုနဲ့ အရင်းအနှီး $5,000 ကနေစပြီး

Spanx Shapewear Company ကြီးကို တည်ထောင်နိုင်ခဲ့တဲ့

Self-Made Billionaireအဖြစ်ဘယ်လိုပြောင်းလဲသွားခဲ့တာလဲ ... ?

✍ ဘ၀ရည်မှန်းချက်တွေကိုလက်တွေ့အ‌ကောင်အထည်မ‌ဖော်နိုင်ဘဲ အိပ်မက်တွေပဲ မက်နေတဲ့ အမျိုးသမီးတွေရှိသလို

ဘယ်ကစရမှန်း မသိရင်တောင် တစ်ခုခုကို အမြဲ
တမ်းကြိုးစားလုပ်ဆောင်တဲ့ အမျိုးသမီးတွေလည်း ရှိနေ ပါတယ်။

✍Sara Blakely ဟာ ကျောထောက်နောက်ခံ အသိုင်းအဝိုင်းနဲ့ ငွေကြေးဥစ္စာအရင်းအနှီး ကြီးကြီးမားမား မရှိခဲ့ပါဘဲနဲ့

အလုပ်ထဲမှာကြိုးစားရုန်းကန်ခဲ့ရတဲ့ အမျိုးသမီးတစ်ယောက်ဖြစ်ခဲ့ပါတယ်။

✍ဥပဒေဘွဲ့အတွက်ကြိုးစားရင်း နှစ်ကြိမ်တိုင်တိုင် ကျရှုံးခဲ့ပြီးနောက်မှာတော့ Florida State University ကနေ Communications ဘာသာရပ်နဲ့ဘဲ ဘွဲ့ယူခဲ့တယ်။

✍ Disney World မှာစတင်အလုပ်လုပ်ခဲ့တယ်။

✍ နောက်ပိုင်း အရောင်းဝန်ထမ်းအနေနဲ့ အလုပ်ဝင်ခဲ့တဲ့အခါမှာလည်း ... Fax machine တွေကို တစ်အိမ်တက်ဆင်း လိုက်ရောင်းခဲ့ရပြီး အကြိမ် ၁၀၀ မှာ ၉၉ ကြိမ်အထိတောင် ငြင်းပယ်ခံခဲ့ရပါတယ်။

✍တစ်နေ့မှာတော့ အလုပ်ပါတီပွဲအတွက် အဝတ်
အစားပြင်ဆင်ရင်းနဲ့ သူမရဲ့ဘဝတစ်ခုလုံး ကို ပြောင်းလဲသွားစေမယ့် Idea တစ်ခု စတင်ပေါ်ပေါက်လာခဲ့ပါတယ်။

✍Saraဟာ အဖြူရောင်ဘောင်းဘီကို ဝတ်ချင်ခဲ့တယ်။ ဒါကြောင့် အောက်ခံအရာတွေ မပေါ်ဘဲ ခန္ဓာကိုယ်ကောက်ကြောင်းပေါ်စေတဲ့ အသားကပ်
ဘောင်းဘီရှည်ကိုဝတ်ကြည့်လိုက်တော့လဲ ပူပြင်းမွန်းကြပ်လှတဲ့ အတွက် သံချပ်ကာဝတ်ထားရသလို ခံစားနေခဲ့ရတာပေါ့။

✍ဒါကြောင့် Saraဟာစိတ်ပေါက်ပေါက်နဲ့ဘဲ အသားကပ်ဘောင်းဘီအရှည်ကို ပေါင်လယ်က
စပြီး ခြေထောက်အောက်ပိုင်းအထိ ကတ်ကြေးနဲ့ ညှပ်ထုတ်လိုက်ပြီး ဘောင်းဘီအောက်မှာ ဝတ်ဆင်လိုက်ပါတယ်။

✍အခုလိုပြုပြင်ပြီးမှဘဲ Sara တစ်ယောက် သက်တောင့်သက်သာ ရှိသွားခဲ့ပါတယ်။ ဘယ်အစင်းရာမှလည်းမပေါ်တော့သလို ခန္ဓာကိုယ် အချိုးအစားလေးလည်းလှပသွားတာကြောင့် ဘယ်မှာမှမရနိုင်သေးတဲ့ ဒီလိုမျိုး Shapewear မျိုးတွေဟာ အမျိုးသမီးအားလုံးအတွက် လိုအပ်တယ်လို့တွေးမိတဲ့အခါမှာတော့ စတင်ရောင်းချဖို့အတွက် ဆုံးဖြတ်ခဲ့ပါတယ်။

✍တကယ်တော့ Sara ဟာ အဝတ်အစားဒီဇိုင်းတွေ ဘယ်လို ထုတ်လုပ်ရောင်းချရမှာလဲ ဆိုတာနဲ့ပက်သက်ပြီး ဘာတစ်ခုမှ မသိခဲ့ပါဘူး။

✍ဒါပေမယ့် သူမရဲ့ သူငယ်ချင်းတွေက အလုပ်ကောင်းတွေကို ရသွားတဲ့အချိန်မှာ Fax machine တွေကို အိမ်တကာ လိုက်ရောင်းနေခဲ့ရတာဖြစ်တဲ့သူမအတွက်တော့ ဒီအခွင့်အရေးဟာ အကောင်းဆုံးဘဲလို့ယူဆခဲ့ပါတယ်။

✍ဒါကြောင့် စုထားမိတဲ့ ဒေါ်လာ ၅,၀၀၀ နဲ့ စီးပွါးရေးအတွေ့အကြုံမရှိတဲ့ Sara တစ်ယောက်ဟာ သူ့ရဲ့တိုက်ခန်းလေးမှာဘဲ Spanx ကို စတင်တည်
ထောင်ခဲ့ပါတယ်။

✍ဒီတော့ အကုန်အကျသက်သာအောင် ဘယ်ကိစ္စကိုမဆို သူမကိုယ်တိုင်အောက်ခြေသိမ်းကအစ အသေးစိတ်ပင်ပင်ပန်းပန်း ကြိုးစားခဲ့ရတယ်။

✍လှပပြီးသက်သာစေမယ့် ဒီဇိုင်းတွေရနိုင်ဖို့ Design တွေအမျိုမျိုး တီထွင်စမ်းသပ်ခဲ့တယ်။

✍အသုံးပြုရမယ့် အစတွေကိုလည်းရှာခဲ့ရသလို မူပိုင်ခွင့်တွေ၊ Logo တွေကိုလည်းကိုယ်တိုင်ရေးဆွဲခဲ့ရတယ်။

✍ ကုမ္ပဏီနဲ့ စက်ရုံပိုင်ရှင်ပေါင်းမြောက်မြားစွာကို Spanx မှာ Investment လုပ်ဖို့အတွက် တွေ့ဆုံညှိနှိုင်းဆက်သွယ်ခဲ့တယ်။

✍ ဒါပေမယ့်လည်း အများစုဟာ အမျိုးသမီးတွေရဲ့ ဝတ်စားဆင်ယဉ်မှု အခက်အခဲတွေကို ကိုယ်တိုင်ကြုံတွေ့နေရတာမဟုတ်တဲ့ ယောက်ျားတွေဖြစ်နေတဲ့အတွက် Sara ရဲ့ အိပ်မက်ဟာ ၅ လတိုင်တိုင် အကြိမ်ကြိမ် ညင်းပယ်ခံခဲ့ရပါတယ်။

✍ဒီလိုမျိုး အခက်အခဲတွေကြုံတွေ့ရပေမယ့် Sara ဟာလက်မလျော့ခဲ့ပါဘူး။

✍နောက်ဆုံးမှာတော့ သူ့ရဲ့ကြိုးစားမှုတွေဟာ အရာထင်လာခဲ့ပါတယ်။

✍သူ့ကို reject လုပ်သွားတဲ့ စက်ရုံပိုင်ရှင်တစ်ယောက်ရဲ့ သမီးတွေက Saraရဲ့ Idea ကို အခွင့်အရေးပေးဖို့ ဖခင်ကို တိုက်တွန်းခဲ့တဲ့အတွက် Spanx Shapewear တွေကို စတင်ထုတ်လုပ်နိုင်ခဲ့ပါတယ်။

✍ဒါဟာ သူမရဲ့ပထမဦးဆုံးအောင်မြင်မှုဘဲဖြစ်ပါတယ်။

✍ဒုတိယအောင်မြင်မှုအနေနဲ့ Sara ဟာနာမည်ကြီး Fashion Brands တွေကိုရောင်းတဲ့ဆိုင်မှာ သူ့ရဲ့ Spanx Shapewear တွေရောင်းချနိုင်ဖို့အတွက် စျေးဝယ်တဲ့ အမျိုးသမီးတွေကို ရေချိုးခန်းထဲ ခေါ်သွားပြီး အဖြူရောင်ဘောင်းဘီကို ဝတ်ပြခဲ့ပြီး Spanx ရဲ့အားသာချက်တွေကို ပေါ်လွင်အောင်ပြသနိုင်တဲ့အထိ အားထုတ်ကြိုးပမ်းခဲ့ပါတယ်။

✍ ဒါကြောင့်ဘဲ Spanx ကို ဆိုင်ကြီးတွေမှာ တင်ရောင်းခွင့်ရခဲ့ပါတယ်။

✍ဒါပေမဲ့ သူမက ဒီမှာတင် မရပ်တန့်ခဲ့ပါဘူး။

✍စျေးကွက်ရှာဖို့ ရန်ပုံငွေမရှိသေးတဲ့အတွက် Sara ဟာ နည်းလမ်းပေါင်းစုံ အသုံးပြုခဲ့ပါတယ်။

✍ဥပမာအားဖြင့် သူ့ရဲ့သူငယ်ချင်းတွေကို စတိုးဆိုင်တွေမှာ Customer တွေလို ဟန်ဆောင်ခိုင်းခဲ့ပြီး မေးမြန်းဝယ်ယူတာတွေလုပ်ခိုင်းရင်း...

Spanx ကိုလူတွေသိလာအောင် အောင်နေ့ရောညပါ နည်းလမ်းအမျိုးမျိုးနဲ့ အားသွန်ခွန်စိုက်ကြိုးစားခဲ့ပါတယ်။

✍နောက်ထပ်အောင်မြင်မှုတစ်ခုကတော့ နာမည်ကြီး Host ဖြစ်တဲ့ Oprah Winfrey ဆီကဖုန်းဝင်လာခဲ့ပြီး Spanx ကိုနှစ်သက်ကြောင်း ပြောဆိုလာခဲ့တဲ့အချိန်ကနေစပြီးတော့ Spanx ရဲ့အရောင်းတွေလည်း တဟုန်ထိုး မြင့်တက်သွားခဲ့တာပါဘဲ။

✍အမျိုးသမီးတိုင်းဟာ ကိုယ့်ကိုကိုယ် ယုံကြည်မှုအပြည့်နဲ့ လှပစေနိုင်တဲ့ Spanx shapewear တွေကို လိုချင်လာကြပါတယ်။

✍အဲဒီကနေစပြီး ဒီကနေ့အထိတိုင်အောင် Spanx ဟာ Billion-Dollar International Business တစ်ခုဘဲ ဖြစ်လာခဲ့ပါတော့တယ်။

✍Sara Blakely ဟာ ဘယ်လိုအချက်တွေကြောင့် အောင်မြင်ခဲ့တာလဲဆိုတာကို ကြည့်ကြရအောင်နော်။

☑သူမဟာ ပုံမှန်အတွေးအခေါ်လုပ်ဆောင်မှုတွေကနေ ခွဲထွက်နိုင်ခဲ့ပြီး သူမမှာရှိတဲ့ Creativity ကိုအသုံးချနိုင်ခဲ့တယ်။ ပြောရရင် ဆန္ဒရှိရုံနဲ့ ရပ်တန့်သွားတာ မဟုတ်ဘဲ လက်တွေ့မှာလည်း ဆက်ပြီး အကောင်အထည်ဖော်နိုင်ခဲ့တယ်။

☑သူမအနေနဲ့ ဒီ Business နဲ့ပက်သက်ပြီး Knowledge နည်းတယ်ဆိုပြီး Procrastination လုပ်ခဲ့တာလည်းမရှိဘဲ အပတ်တကုတ်ကြိုးပမ်းခဲ့ပါတယ်။

☑သူမဟာ အားမလျော့ဘဲ မစုတ်မနစ်ကြံ့ကြံ့ခံနိုင်တဲ့ Resilience နဲ့ ဘာကိုမဆိုမရရအောင် ဆောင်ရွက်နိုင်တဲ့ Can-Do-Approach တွေလည်းရှိနေခဲ့ပါတယ်။

☑နောက်ဆုံး အရေးအကြီးဆုံးအချက်ကတော့
အမျိုးသမီးအားလုံး လှပပြီးအဆင်ပြေစေချင်တဲ့
"စစ်မှန်တဲ့ စေတနာ"ရှိခဲ့တာပါပဲ။

☑ဒါကြောင့်ဘဲ သူမဟာ Customer တွေကို ကောင်းတာတွေရစေချင်တဲ့ Intention တွေ၊ Goals တွေသေချာတိကျစွာ ထားရှိနိုင်ခဲ့ပြီး တစ်စိုက်မတ်မတ်ဆောင်ရွက်နိုင်ခဲ့တာဘဲဖြစ်ပါတယ်။
-------*-------*-------

👉ဒီပို့(စ်)လေးကို ဖတ်ပြီးသွားပြီဆိုရင်တော့ ဧကရီလေးတို့ အာလုံးအနေနဲ့

ကိုယ်စီထားရှိကြတဲ့ ဘဝရည်မှန်းချက်တွေအတွက်
အတွေးသစ်အမြင်သစ်တွေ ပိုပြီးရနိုင်လိမ့်မယ်လို့ မင်မင်အ‌နေနဲ့ ယုံကြည်မိပါတယ်ရှင်။

☑အခုလက်ရှိခေတ်ကာလမှာဆိုရင်တော့ Sara Blakey တို့တုန်းကထက်ကိုအများကြီးပိုပြီးတိုးတက်လာပြီး Competitive လည်းဖြစ်လာတဲ့အတွက်ကြောင့် ကိုယ့်ရဲ့အိပ်မက်တွေကိုအကောင်အထည်
ဖော်နိုင်ပြီး အောင်မြင်ချင်တယ်ဆိုရင်..

ဘယ်လိုကိုယ်ပိုင်အရည်အချင်းတွေ၊ Trait တွေနဲ့ Requirements တွေ လိုအပ်ချက်တယ်လို့ ထင်မြင်မိကြပါသလဲရှင်❓❓

🆗 ဒီအကြောင်းအရာလေးကို နောက်အပတ်ပို့(စ်)လေးမှာ ဆက်လက်ဆွေးနွေးမျှဝေပေးသွားမှာ ဖြစ်တဲ့အတွက်

🔽အောက်က Comment Section လေးမှာ ကိုယ့်ရဲ့အမြင်လေးတွေကို Sharing လုပ်ပေးသွားကြပါဦးနော်💛💛

Credit to
and Sharing By Thiri

Want your hotel to be the top-listed Hotel in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


No 952+953 Thumatetar (25)st North Oakkalar Tsp
Yangon
11071