WZHt

WZHt

Share

11/06/2025

#ဆိုင်သူမသိတဲ့အလွမ်းများနဲ့

31/05/2025

I'm the man you've rejected,
And I'll take pleasure for the rest of my life in knowing you don't love me.

26/12/2022

Mutual Respect - အပြန်အလှန် ကိုချင်းစာလေးစားမှုပေါ့....

mutual respect (အပြန်အလှန် ကိုယ်ချင်းစာလေးစားမှု) ဟာ
မိဘနဲ့ သားသမီး
ချစ်သူ သမီးရည်းစား
မိတ်ဆွေ သူငယ်ချင်း
လုပ်ငန်းခွင်ထဲက လုပ်ဖော်ကိုင်ဖက် တွေကြားမှာ
တကယ်ကို လိုပါတယ်။

Mutual Respect အပြန်လှန် ကိုယ်ချင်းစာလေးစာမှုသာ မရှိရင် ဘယ်လိုမျိုး ဆက်ဆံရေးမှ အဆင်မပြေမှာ မဟုတ်ပါဘူး။
အဆင်ပြေလည်း ခဏပါပဲ။

ဥပမာ- ကိုယ့်ကိုယ် လူတစ်ယောက်က

အဲ့ဒီလူဟာ အဖေ၊ အမေ၊ အကို အမ၊ ဒါမှမဟုတ်ရင် မိတ်ဆွေ သူငယ်ချင်း ဒါမှမဟုတ် ချစ်သူရည်းစား၊ လုပ်ဖော်ကိုင်ဖက် တစ်ဦးဦးက ကိုယ့်ကို ဖုန်းခေါ်လိုက်တယ် မအားသေးလို့ မသိလိုက်လို့ မကိုင်တာဟာ ပြဿနာမရှိပါဘူး။ ကိုယ်အားတဲ့အချိန် အဆင်ပြေတဲ့အချိန်မှာ ပြန်ခေါ်ပြီး ကိုယ်ဖုန်းမကိုင်လိုက်တာဟာ မသိလိုက်လို့ မအားလပ်လို့ ရှင်းပြလို့အဆင်ပြေပါတယ် ။ တစ်ဖက်လူကလည်း နားလည်ပေးပါလိမ့်မယ်။ နားလည်ပေးမယ်ဆိုတာကလည်း ၉၉%သေချာပါတယ်။ အဲ့လိုမဟုတ်ဘဲ ဝင်လာတဲ့ ဖုန်းခေါ်ဆိုမှုကို ချလိုက်တာဆိုရင် ခင်ဗျားဟာ mutual respect (အပြန်အလှန်ကိုယ်ချင်းစာ လေးစာမှု)မရှိတဲ့သူ ဖြစ်နေနိုင်ပါတယ်။ ဖုန်းကို ချလိုက်မိတာဟာ တစ်ခါတစ်ရံမှားယွင်းပြီး လုပ်မိတာလည်း ဖြစ်နိုင်ပါတယ်။ ဖြစ်တတ်ပါတယ်။ တကယ်လို့ ခင်ဗျားမှားယွင်းပြီး ဖုန်းကို မကိုင်ပဲ ချခဲ့မိရင်တောင် ခင်ဗျားဟာ ပြန်လည်ခေါ်ဆိုပြီး မှားတဲ့အကြောင်း အကျိုးသင့် အကြောင်းသင့် တစ်ဖက်လူကို ရှင်းပြလို့ရနိုင်ပါတယ်။ အဲ့လိုမှမဟုတ် ဖုန်းကို ချလိုက်ပြီး နေလိုက်တယ်ဆိုရင် ခင်ဗျားဟာ
Mutual Respect (အပြန်အလှန်ကိုယ်ချင်းစာ လေးစားမှု)မရှိတဲ့ လူဖြစ်သွားပါလိမ့်မယ်။

Mutual Respect (အပြန်အလှန်ကိုယ်ချင်းစာမှု) မရှိတဲ့သူဆိုရင် လူတွေဟာ အများအားဖြင့်ရှောင်ကြပါတယ်။ အဲ့တော့ ကျနော်ကတော့ ၁၀၀% Mutual Respect (အပြန်အလှန်ကိုယ်ချင်းစာ လေးစားမှု) ရှိခဲ့တဲ့သူမဟုတ်ပါဘူး။ ၇၅%ထိတော့ လူတိုင်းအပေါ် လေးစားသမှုရှိခဲ့ပါတယ်။ နောက်ဆို ၁၀၀% mutual respect ရှိဖို့ ကြိုးစားသွားပါမယ်။

MUTUAL RESPECT (အပြန်အလှန် ကိုယ်ချင်းစာ လေးစားမှု) ရှိလိုက်လို့ ပြုလိုက်လို့ ကျနော်တို့ ခင်ဗျားတို့အတွက် အကျိုးယုတ်လျော့သွားစရာ အကြောင်းမရှိပါဘူး။
အကျိုးရှိစရာတွေသာ ဖြစ်လာပါလိမ့်မယ်။ Mutual Respect (အပြန်လှန်ကိုယ်ချင်းစာ လေးစာမှုကို ) ကိုယ့်စိတ်မှာ အတတ်နိုင်ဆုံး မွေးမြူပြီး လေ့ကျင့်ပြီး
ဘဝမှာ အောင်မြင်သော ဆက်ဆံရေးပိုင်ဆိုင်နိုင်ကြပါစေ။

26/12/2022

Want your business to be the top-listed Realtor/realty Service in Yangon?
Click here to claim your Sponsored Listing.

Website

Address


Yangon