Shwe Online Store

Shwe Online Store

Share

09/01/2024

ကိုယ့်ဘဝထဲမှာ
ကောင်းတဲ့အရာတွေဟာ
တစ်ခုတည်း..တစ်ကြိမ်တည်းမဟုတ်ဘဲ
အများကြီးရှိခဲ့တယ်။
အကြိမ်ကြိမ်အခါခါရှိခဲ့တယ်။
နောက်လည်းထပ်ပြီးရှိနေလိမ့်ဦးမယ်။




#မနက်စာအာဟာရ

Photo
FreeStock

16/12/2023

ရန်ဖြစ်တတ်အောင် သင်ပေးလိုက်ဖို့ က မိဘတာဝန်လား
——————————————-

မခံလာနဲ့ ပြန် ချ
ကိုယ်ကဦးအောင် ပြောပစ်ခဲ့ ၊အနိုင်နဲ့ ပိုင်းခဲ့ ၊ နင့်ကို အနိုင်ကျင့်တာခံလားရအောင် ငကြောက်လား ဒီလိုပြောဆိုဆုံးမတာတွေခံခဲ့ ဖူးကြလား

ဒါမျိုး အတွေးတွေ နဲ့ အသိုင်းအဝိုင်းကြားမှာ ကျွန်မတို့ အနာဂတ်မျိုးဆက်သစ်တွေကို မကျင်လည်စေချင်တော့ဘူး။ တိုင်းပြည်မကောင်းလို့ လုယူ ခိုးဝှက် ၊သူများအတင်းအဖျင်းပြော ၊အပုတ်ချတတ်မှ ကိုယ့်ရဲ့ တန်ဖိုး နဲ့ ပိုင်ဆိုင်မှုလေး နည်းနည်း ပိုတက်မယ်ထင်ရတာ ဆင်းရဲတဲ့တိုင်းပြည်မှာ ကြီးလာတဲ့ ကျွန်မတို့ရဲ့ scarcity mindset ကြောင့်ပါ။
လူယဉ်ကျေး society ကိုတည်ဆောက်ချင်ရင် ကိုယ့်အိမ်က စပါ။ လူ့ဘဝက ကြမ်းတမ်းတယ်ဆိုပြီး ကလေးတွေကို မာကျောခတ်ထန် ရန်ဖြစ်တတ် defensive ဖြစ်တတ်အောင် သင်ပေးလိုက်သင့်တယ်လို့တော့ ကျွန်မ မမြင်ဘူး။ ကျွန်မ parenting philosophy ကတော့ ကြင်နာမှု မေတ္တာကို အခြေခံတဲ့ ဆက်ဆံမှုကို promote လုပ်ရင်း ၊ လူသားခြင်းစာနာတတ်တဲ့ စိတ်နဲ့အပြုအမူကိုပျိုးထောင်ပေးဖို့ ၊
ခက်ခဲတဲ့ လောကဓံ challenge တွေကြုံလာတဲ့ အခါ သူများကို တိုက်ခိုက်ဖို့ထက် ကိုယ့်ကိုယ်ကိုယ် နားလည်ဖို့ coping tools တွေသင်ပေးဖို့နဲ့ self concept ကောင်းဖို့ စိတ်ထားနည်းတွေပြောပြလိုက်ဖို့၊
ဘယ်လိုလူတွေကိုတော့ ဝေးဝေးရှောင် boundary ထားဖို့၊ အကြွင်းမဲ့ မေတ္တာပေးပြီး resilience and adaptability ခံန်ိုင်ရည်ရှိမှုနဲ့ လိုက်လျောညီထွေရှိမှုကို ပျိုးထောင်ပေးလိုက်ဖို့ပါ။ ကျွန်မတို့ သွားမယ့်လမ်းက မလွယ်ကူပါဘူး ဒါပေမယ့် ထိုက်တန်ပါတယ်။
“It is not our job to toughen our children up to face a cruel and heartless world. It is our job to raise children who will make the world a little, less cruel and heartless.” - L.R. Knost

Burmese American Home

Want your business to be the top-listed Shop in Yangon?
Click here to claim your Sponsored Listing.

Website

Address


Yangon

Opening Hours

Monday 09:00 - 21:00
Tuesday 09:00 - 21:00
Wednesday 09:00 - 21:00
Thursday 09:00 - 21:00
Friday 09:00 - 21:00
Saturday 09:00 - 21:00
Sunday 09:00 - 21:00