Popcorn English

Popcorn English

Share

24/01/2022

တစ်ခါတစ်လေကျ ကျနော်တို့ အားလုံးမှာ ဘာကိုမှ မလုပ်ချင်တဲ့အချိန်တွေ ရှိကြတယ်မလား။
“Today I don’t feel like doing anything…..” ဒီလိုနေ့ရက်တွေပေါ့။
ဒီလိုမျိုး ပျင်းရမှာတောင် ပျင်းတယ်ဆိုတာမျိုးကို ပြောချင်ရင်

🔺Bored stiff
🔺Bored to death or Bored to tears လို့ ပြောလို့ရပါတယ်။

Informal idioms တွေ ဖြစ်ပါတယ်။
“အရည်ထွက်အောင်ပျင်းတယ်” လို့အဓိပ္ပာယ်ရပါတယ်။

ဒါတွေကို ဘယ်လိုသုံးထားလဲ တစ်ချက်ကြည့်ရအောင်။

🥕You talked for so long that all your audience were bored stiff.
မင်းလေကြောရှည်နေတာနဲ့ ပရိသတ်က ပျင်းသွားပြီကွ။
🥕Yesterday’s philosophy lecture bored me stiff.
မနေ့က ဖီလောဆိုဖီ လက်ချာရိုက်တာလေ ငါတော့ ရေလည်အီသွားတာပဲ။
🥕The movie bored me to death so I fell asleep in the cinema.
အဲ့ကားကြီး ပျင်းစရာကောင်းလိုက်တာမှ ရုပ်ရှင်ရုံထဲမှာတင် အိပ်ပျော်သွားကောပဲ။
🥕She's been doing the same job day after day after day. She's bored to tears with work.
သူက တစ်ရက်ပြီး တစ်ရက် ဒီအလုပ်ကြီးကိုပဲ ထပ်ခါ ထပ်ခါ လုပ်နေရတော့ အလုပ်လုပ်ဖို့ဆို အရည်ထွက်မတတ် ပျင်းနေပြီလေ။

🔺So tell us, what bore you to tears?

Want your school to be the top-listed School/college in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


Yangon